Chapter(15)

473 63 9
                                    

Unicode

Chapter(15)
 
ဒီရက်သတ္တပတ်ပြီးနောက်မှာတော့ ကျီရန်က ကျောင်းထပ်ပျက်ပြန်တယ်။

သူ့အတွက် အတန်းလစ်တာက လုပ်နေကြပဲ။ ဆရာကလည်း မထိန်းနိုင်ဘူး။ ဒါကို ဆရာ ကျင့်သားရနေပြီလေ။ အသိပေးဆုံးမခဲ့တဲ့အပြင် ကျောင်းနှစ်အစပိုင်းက သူပေးထားခဲ့သော မိဘနံပါတ်ကိုလည်း ခေါ်မိခဲ့လိမ့်မယ်။

ဒါပေမယ့် ဘယ်သူကမှ ဖုန်းမကိုင်ခဲ့ကြဘူး။

စာသင်သက်တစ်လျှောက်မှာ ဒီလိုမျိုး  ကိုယ့်ကိုကိုယ်ဆွဲချနေတဲ့ ကျောင်းသားတွေနှင့် အမြဲတမ်းကြုံဖူးခဲ့ပါတယ်၊ သူတို့ကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို သူမသိတော့ဘူး။ အတန်း ၉ မှ ဆရာလျို့ယောင်က အတန်းအနောက်ဘက်က ဆူညံနေတဲ့ ကျောင်းသားတွေကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းကာ သက်ပြင်းချ၍ သင်ခန်းစာအစီအစဉ်ကို ဖယ်ထားလိုက်တော့တယ်။
    
သောကြာနေ့ ကျောင်းဆင်းသွားတဲ့နောက်မှာ ချွီတာ့ကျွမ်းနှင့် အခြားသူများက ပျော်ကြပါးကြရအောင် အင်တာနက်ဆိုင်သွားဖို့ ချိန်းခဲ့ကြတယ်။

လောပင်းက ဘေးအခန်းကနေ ပြေးဝင်လာပြီး မေးလေတယ်၊ "ရန်ကောကို ဘယ်ချိန် သွားရှာကြလဲ?"    

ချွီတာ့ကျွမ်းက သူ့ကို ဟောက်လိုက်တယ်: “မင်းက ဘာကိုရှာမှာလဲ? ငါ့အစ်ကိုက အနားယူနေတဲ့အချိန်မှာ နှောက်ယှက်ခံရတာကို မုန်းတယ်နော်။ မင်းက သွားအရိုက်ခံမလို့လား”

လော့ပင်းက ပြောတယ်: အစ်ကိုကျောင်းလာတာ တစ်ပတ်လောက်ရှိပြီလေငါစိတ်ပူလို့ပါဟ”

ချွီတာ့ကျွမ်းက အာရုံထဲ သိပ်ထားမနေဘူး: ဒါက ပထမဆုံးအကြိမ်လည်း မဟုတ်ဘူးဘာလို့ စကားတွေအရမ်းများနေတာလဲ?။ ငါ မင်းကို အဖွဲ့ဆီခေါ်သွားတော့ဘူး!”

​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း(Myanmar Translation)Where stories live. Discover now