Chapter(3.1)

1.2K 224 15
                                    

Unicode

Chapter(3.1) သူတို့ကို ဘယ်လိုဖြေရှင်းမှာလဲ?သူတို့ကို အသေသာရိုက်ပစ်

ချီရင်ရောက်လာခြင်းက လုံးထွေးသတ်ပုတ်မှုကို ကြားဖြတ်လိုက်သလိုပဲ။

ဒီဆယ်ကျော်သက်လူဆိုးလေးတွေက သူတို့ရဲ့ပါးစပ်ဖျားမှာ "မိန်းကလေးတွေကို မရိုက်ဘူး"ဆိုတဲ့ မူဝါဒက အမြဲတမ်းရှိနေတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက် မတော်တဆ ထိခိုက်သွားတာကို မြင်တဲ့အခါ သူတို့က ကြောင်တောင်တောင်နှင့် ရပ်လိုက်ကြတယ်။

ယန်ရှင်းယွမ်က ဒီနေရာကို ဒီအချိန်မှ ရောက်လာတယ်။ သူက ဘာတွေဖြစ်မှန်း မသိဘူး။ သူက သူတို့အကုန်လုံးကို ကျီရန်ရဲ့လူတွေထင်ပြီး အော်လိုက်တယ်။ "ရဲတွေ ဒီကို ရောက်လာပြီ!"

အထက်တန်းကျောင်း ၃က ကျောင်းသားတွေက ဒါကိုကြားကြားချင်း တစ်ခါတည်း လှည့်ပြေးကြတယ်။

ယွီကျိုးက အရမ်းဂရုစိုက်မနေတော့ဘဲ ချီရင်ကိုမထားတဲ့ ကျီရန်ဆီကို ပြေးသွားတယ်။ "အစ်မ! အစ်မ၊ ဒဏ်ရာက ဘယ်မှာလဲ? ဘယ်နား နာနေလဲ?"

သူက ချီရင် နားမကြားရတာကို သတိမရဘဲ သတိလက်လွတ်နဲ့ နေ့တစ်ဝက်လောက်မေးနေတယ်။ သူက ဖုန်းကို ပျာယာခတ်စွာ ဆွဲထုတ်လိုက်ပြီး 120ကို ခေါ်လိုက်တယ်။ လူနာတင်ယာဉ်က သူတို့တည်နေရာကို မေးတယ်။ ဒီနေရာက လမ်းကျဉ်းလေးဖြစ်လို့ လူနာတင်ယာဉ်ဝင်လို့ မရနိုင်ဘူး။ ယွီကျိုးက ကျောင်းပေါက်ရဲ့ တည်နေရာကိုပဲ အကြောင်းကြားလိုက်တယ်။

သူက ဖုန်းချပြီး ကျီရန်ရဲ့လက်မောင်းထဲကနေ ချီရင်ကို သယ်ဖို့ လက်ဆန့်ထုတ်လိုက်တယ်။

ဒါပေမဲ့လည်း ရလာဒ်အနေနဲ့က သူ သူမကို သူ့လက်မောင်းထဲကနေ ရွှေ့လို့မရတာပဲ။

ယွီကျိုးက ဒေါသအမြောင်းမြောင်းထွက်လာတယ်: "မင်း လွှတ်လိုက်စမ်း!"

ကျီရန်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့လက်တွေကို သဘောရိုးဖြင့် မြှောက်ပြလိုက်တယ်။

အဲ့ဒီနောက်မှာတော့ ချီရင်က ကျီရန်ရဲ့ ယူနီဖောင်းကို တင်းကြပ်စွာကိုင်ထားပြီး မလွှတ်ပေးတာကို မြင်လိုက်ရတော့တယ်။


ဘာတွေ ဖြစ်နေတာလဲဟ!

ယွီကျိုးက သူ့ဒေါသတွေကို မြိုသိပ်ပြီး သူမကိုစာရိုက်ပြလိုက်တယ်: အစ်မ၊ ကျွန်တော် အစ်မကို ဆေးရုံခေါ်သွားပေးမယ်

မမျှော်လင့်စွာဘဲ ချီရင်က ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို ခေါင်းခါပြလိုက်တယ်။ သူမလက်တွေက ကျီရန်ကို တင်းကြပ်စွာကိုင်ထားပြီး သူပျောက်သွားမှာကို စိုးရိမ်နေသလိုပဲ။

ကျီရန်ကို ကြိုက်တဲ့ကောင်မလေးတွေကို ကျောင်းပေါက်ဝကနေ တန်းစီရင် လမ်းတစ်ဖက်ထိရောက်တယ်။ သူ့ကိုလိုက်ကြတဲ့ နည်းလမ်းတွေအများကြီးရှိပေမဲ့ တစ်စုံတစ်ယောက်က သူ့အတွက် ရိုက်ချက်ကို ခံပေးတာ ပထမဆုံးပဲ။

ချွီတာ့ကျွမ်းရဲ့ လူတွေက မြင်ကွင်းကြောင့် ကြောင်အသွားတယ်။

ယွီကျိုး ဆက်သွယ်ဖို့အတွက် နည်းလမ်းမရှိတော့တာကြောင့် ဒေါသအရမ်းထွက်နေပြီ။ သူ့စိတ်တွေက တကယ်ကြီးရှုပ်ထွေးနေပြီး ချီရင်ကို ဆေးရုံ မြန်မြန်ခေါ်သွားချင်နေပြီ။ ဒါကြောင့် သူမပခုံးတွေကို ကိုင်လိုက်ပြီး သူမကို ဆွဲခေါ်သွားတယ်။

အခုလေးတင် တုတ်က သူမပခုံးပေါ်ကို ရိုက်မိခဲ့တဲ့အတွက် ယွီကျိုးက သူမဒဏ်ရာကို ထိမိတဲ့အခါမှာ ချီရင်က နာကျင်မှုကြောင့် မျက်ရည်များ လျင်မြန်စွာ ကျလာတော့တယ်။

ကျီရန်က ယွီကျောင်ကို လက်တစ်ဖက်နှင့်ရုတ်တရက် တွန်းထုတ်လိုက်တယ်။

ယွီကျိုးက သူ့ကို ဆဲလိုက်တယ်၊ "မင်း စောက်ပိန်းကောင်" ။ ကျီရန်က ကုန်းပြီး ချီရင်ကို မင်းသမီးချီပွေ့နည်း နှင့်ချီပြီး ခြေလှမ်းကျဲကြီးတွေနှင့် ကျောင်းပေါက်ဝကို သွားနေတာကို မြင်လိုက်တယ်။ သူ့မှာ ရွေးစရာမရှိတော့ဘဲ နောက်ကလိုက်သွားတော့တယ်။

ချီရင်က သူမပခုံးပေါ်မှာ မီးစအတင်ခံရတဲ့အတိုင်းပဲ။ သူမက လူငယ်လေးရဲ့ခန္ဓာကိုယ်ကနေ စီးကရက်အနံ့နည်းနည်းနှင့် သူ့ကော်လာက honey locustအမွှေးနံ့နှင့် ရောနေတဲ့အနံ့ရခဲ့တယ်။ သူမက သူ့ရဲ့နှလုံးခုန်သံကို သူ့ရင်ဘက်ဆီကနေ ကြားနေရပြီး သူမ ပထမဆုံး စစ်သူကြီးအိမ်တော်သို့ ပထမဆုံးခေါ်လာခံရသည့်နေ့ကိုပင် သတိရမိသွားသည်။
(T.N: honey locustဆိုတာ ဆူးပါတဲ့ သစ်ပင်ကြီး အမျိုးအစားပါ။ အနံ့ချိုမွှေးမွှေးရှိပြီး ဆေးဖက်လဲဝင်တယ်တဲ့။ မြန်မာလို နာမည်ရှာကြည့်ပေမဲ့ မတွေ့လို့ engလိုပဲ ရေးလိုက်ပါတယ်။ ပရိဘောဂတွေလည်း လုပ်ကြတယ်)

ထိုနေ့က စစ်သူကြီးက သူမကို ဓားပြများ၏ ဒုစရိုက်ဒုက္ခတွင်းမှ ကယ်ဆယ်လာခဲ့သည်။ သူ စစ်သူကြီးအိမ်တော်သို့ ပြန်ရောက်သည့်အခါ အရင်ဆင်းကာ တူညီသောနည်းလမ်းဖြင့်ပင် သူမကို သူ့လက်မောင်းထဲတွင် ချီပွေ့ခဲ့တယ်။ သူက အိမ်တော်သို့သွားသည့်တစ်လျှောက်လုံး သူမကို ပွေ့ထားခဲ့သည်။

သူမက သူမမျက်လုံးများကို အနည်းငယ်မော့ကြည့်သောအခါ သူ့၏ အောက်မေးရိုးကိုရော၊ မြောက်များစွာသော ခက်ခဲမှုတွေကို ဖြတ်သန်းခဲ့ရဟန်ပေါ်သည့် သူ့ရဲ့အေးစက်ပြီး ထင်ရှားပြတ်သားသော ဘေးဘက်ပုံ မြင်ရတယ်။

ယခုလက်ရှိမှာတော့ လူငယ်လေး၏အသားအရည်က ပို၍ဖြူပြီး ပို၍ နူးညံ့လှတယ်။ သူ၏ ခန္ဓာကိုယ်က သူမ၏စစ်သူကြီးလို ခိုင်မာခြင်း၊ သန်မာခြင်း၊ ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်ချင်စိတ်နေစိတ်ထားမျိုး ရှိမနေပါ။ သူ၏အသားအရည်တွင် ထုထွင်းထားသော မျက်နှာသွင်ပြင်တို့ကပင် နုပျိုလွန်းလှ၏။

သို့သော် သူမသည် သူ၏ ရင်းနှီးလှသော အရှိန်အဝါကို ခံစားမိ၏။


ဒါ သူမရဲ့ စစ်သူကြီးပဲ။

ကျီရန်က သူ့လက်မောင်းထဲမှာရှိတဲ့ ကောင်မလေးရဲ့အကြည့်ကို ခံစားမိသောကြောင့် ငုံ့ကြည့်လိုက်တယ်။

သူ့လက်မောင်းထဲက ကောင်မလေးက သူ့အင်္ကျီအစွန်းကို တင်းကြပ်စွာ ကိုင်ထားပြီး သူ့ခေါင်းကို နည်းနည်းမော့ကာ သူ့ကို ခဏမျှ စိုက်ကြည့်နေတယ်။ သူမက သူခေါင်းငုံ့တာကို မြင်တဲ့အခါမှာ သူမမှာ ရုတ်တရက် ချိုသာတဲ့အပြုံးလေးတစ်ပွင့် ဖြစ်တည်လာတယ်။ သူမမျက်ဝန်းတွေက စိုစွတ်နေပြီး သူမကို သူ့ကို နောက်တစ်ခါ ထပ်ခေါ်ပြန်တယ်။ "စစ်သူကြီး"

ကျီရန်က သူမပါးစပ်လှုပ်ရှားတာကိုပဲ မြင်ပြီး သူမအသံကို မကြားခဲ့ရဘူး။ သူက သူမဘာပြောမှန်း မသိတာကြောင့် သူမကို မေးတယ် ။ "မင်းက စကားမပြောနိုင်ဘူးလား?"

သူ့လက်မောင်းထဲမှာရှိတဲ့ မိန်းကလေးက သူမခေါင်းကို ညိတ်လည်းမညိတ်၊ ခါလည်းမခါဘဲ သူ့ကို အဲ့ဒီမျက်လုံးတွေနဲ့ပဲ ကြည့်နေတယ်။
(T.N:"ငါသူမကို ကာကွယ်ပေးချင်တယ်"၊ "သူမက ငါ့ကို အသေသတ်နေတာပဲ" ၊ "ငါ့ကို နေကို လွှတ်မယ့် ဒုံးကျည်ကို ကြိုချိတ်ပေးစမ်းပါ၊ သူမက အရမ်းချစ်စရာကောင်းလွန်းတယ်"
အဲ့လို ခံစားမှုမျိုးဖြစ်စေတဲ့ မျက်လုံးမျိုးပါ)


ကျီရန်က ရယ်ကာ: "မင်းက ကြားတာလား မကြားတာလား?"

သူ့စကားလုံးတွေ ထွက်ကျလာပြီးတဲ့အချိန်မှာ သူ့မျက်နှာက သိပ်မဟန်တော့ဘူး။ သူ ရုတ်တရက် ဒီမနက်က ကောလဟာလပြန့်နေတဲ့ အထူးကျောင်းသူအကြောင်းကို သတိရသွားတယ်။


သူရဲကောင်းတစ်ယောက်ရဲ့သမီး၊ ဆွံ့အနားမကြားတဲ့ ကောင်မလေး၊ အရမ်းလှတယ်။

သူ့လက်မောင်းတွေက တင်းကြပ်လာပြီး သူက ရုတ်တရက် ရယ်ချလိုက်တယ်။ "ဒါက စောက်ရမ်းရယ်ရတာပဲ"

လူနာတင်ယာဉ်က ကျောင်းပေါက်ဝကို အမြန်ရောက်လာခဲ့တယ်။

ဒီအချိန်က အသွားအလာများတဲ့ ကျောင်းဆင်းချိန်ဖြစ်တဲ့အတွက် ကျောင်းပေါက်ကနေ လူတွေလာလိုက် သွားလိုက်ပဲ။ ဒါကြောင့် လူနာတင်ယာဉ်ရောက်လာတဲ့အခါမှာ လူအများကြီးရဲ့အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိုက်တယ်။ လုံခြုံရေးအစောင့်က ကားထဲကနေ ထွက်လာတဲ့ ဆရာဝန်ဆီ နှစ်လှမ်းသုံးလှမ်းလောက် ပြေးလာပြီး မေးလိုက်တယ်: "ဘာကိစ္စလဲဗျ?"

ဆရာဝန်က ပြောတယ်: "ခင်ဗျားတို့ကျောင်းက ကျောင်းသားတစ်ယောက်က လူနာတင်ယာဉ်ခေါ်ထားလို့ပါ၊ လူက ဘယ်မှာလဲ?"

ကျီရန်က ချီရင်ကို သယ်ရင်း လူနာယာဉ်နားရောက်လာခဲ့တယ်: "ဒီမှာပါ"

လုံခြုံရေးအစောင့်မှာ "မင်း ဘာပြဿနာ ထပ်ဖြစ်ပြန်ပြီလဲ?" ဆိုတဲ့ အကြည့်မျိုး ရှိတယ်။

ကျီရန်ရဲ့ မျက်နှာအရောင်က ပြောင်းမသွားဘူး။ သူက ချီရင်ကို လူအများရဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာပဲ လူနာတင်ယာဉ်ဆီ ခေါ်သွားတယ်။ ယွီကျိုးက သူနဲ့အတူ လိုက်တက်ပြီး စိတ်ပူပန်စွာဖြင့် အော်ပြောတယ်: "ဒေါက်တာ၊ ကျေးဇူးပြုပြီး ကျွန်တော့်အစ်မကို ကူညီပြီး မြန်မြန်စစ်ဆေးပေးပါဦး! သူမ ခေါင်းကိုများ ထိသွားလား?"

အဲ့လိုမှမဟုတ်ရင် သူမက ရုတ်တရက်ကြီး အဲ့မိမစစ်ဖမစစ်ကောင် ကျီရန်ကို ကြည့်နေမှာလဲ?
~

Zawgyi

Chapter(3.1) သူတို႔ကို ဘယ္လိုေျဖ႐ွင္းမွာလဲ?သူတို႔ကို အေသသာ႐ိုက္ပစ္

ခ်ီရင္ေရာက္လာျခင္းက လုံးေထြးသတ္ပုတ္မႈကို ၾကားျဖတ္လိုက္သလိုပဲ။

ဒီဆယ္ေက်ာ္သက္လူဆိုးေလးေတြက သူတို႔ရဲ႕ပါးစပ္ဖ်ားမွာ "မိန္းကေလးေတြကို မ႐ိုက္ဘူး"ဆိုတဲ့ မူဝါဒက အၿမဲတမ္း႐ွိေနတယ္။ ဒါေၾကာင့္ မိန္းကေလးတစ္ေယာက္ မေတာ္တဆ ထိခိုက္သြားတာကို ျမင္တဲ့အခါ သူတို႔က ေၾကာင္ေတာင္ေတာင္ႏွင့္ ရပ္လိုက္ၾကတယ္။

ယန္႐ွင္းယြမ္က ဒီေနရာကို ဒီအခ်ိန္မွ ေရာက္လာတယ္။ သူက ဘာေတြျဖစ္မွန္း မသိဘူး။ သူက သူတို႔အကုန္လုံးကို က်ီရန္ရဲ႕လူေတြထင္ၿပီး ေအာ္လိုက္တယ္။ "ရဲေတြ ဒီကို ေရာက္လာၿပီ!"

အထက္တန္းေက်ာင္း ၃က ေက်ာင္းသားေတြက ဒါကိုၾကားၾကားခ်င္း တစ္ခါတည္း လွည့္ေျပးၾကတယ္။

ယြီက်ိဳးက အရမ္းဂ႐ုစိုက္မေနေတာ့ဘဲ ခ်ီရင္ကိုမထားတဲ့ က်ီရန္ဆီကို ေျပးသြားတယ္။ "အစ္မ! အစ္မ၊ ဒဏ္ရာက ဘယ္မွာလဲ? ဘယ္နား နာေနလဲ?"

သူက ခ်ီရင္ နားမၾကားရတာကို သတိမရဘဲ သတိလက္လြတ္နဲ႔ ေန႔တစ္ဝက္ေလာက္ေမးေနတယ္။ သူက ဖုန္းကို ပ်ာယာခတ္စြာ ဆြဲထုတ္လိုက္ၿပီး 120ကို ေခၚလိုက္တယ္။ လူနာတင္ယာဥ္က သူတို႔တည္ေနရာကို ေမးတယ္။ ဒီေနရာက လမ္းက်ဥ္းေလးျဖစ္လို႔ လူနာတင္ယာဥ္ဝင္လို႔ မရႏိုင္ဘူး။ ယြီက်ိဳးက ေက်ာင္းေပါက္ရဲ႕ တည္ေနရာကိုပဲ အေၾကာင္းၾကားလိုက္တယ္။

သူက ဖုန္းခ်ၿပီး က်ီရန္ရဲ႕လက္ေမာင္းထဲကေန ခ်ီရင္ကို သယ္ဖို႔ လက္ဆန္႔ထုတ္လိုက္တယ္။

ဒါေပမဲ့လည္း ရလာဒ္အေနနဲ႔က သူ သူမကို သူ႕လက္ေမာင္းထဲကေန ေ႐ႊ႕လို႔မရတာပဲ။

ယြီက်ိဳးက ေဒါသအေျမာင္းေျမာင္းထြက္လာတယ္: "မင္း လႊတ္လိုက္စမ္း!"

က်ီရန္က သူ႕ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး သူ႕လက္ေတြကို သေဘာ႐ိုးျဖင့္ ေျမႇာက္ျပလိုက္တယ္။

အဲ့ဒီေနာက္မွာေတာ့ ခ်ီရင္က က်ီရန္ရဲ႕ ယူနီေဖာင္းကို တင္းၾကပ္စြာကိုင္ထားၿပီး မလႊတ္ေပးတာကို ျမင္လိုက္ရေတာ့တယ္။


ဘာေတြ ျဖစ္ေနတာလဲဟ!

ယြီက်ိဳးက သူ႕ေဒါသေတြကို ၿမိဳသိပ္ၿပီး သူမကိုစာ႐ိုက္ျပလိုက္တယ္: အစ္မ၊ ကြၽန္ေတာ္ အစ္မကို ေဆး႐ုံေခၚသြားေပးမယ္

မေမွ်ာ္လင့္စြာဘဲ ခ်ီရင္က ဖုန္းမ်က္ႏွာျပင္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူ႕ကို ေခါင္းခါျပလိုက္တယ္။ သူမလက္ေတြက က်ီရန္ကို တင္းၾကပ္စြာကိုင္ထားၿပီး သူေပ်ာက္သြားမွာကို စိုးရိမ္ေနသလိုပဲ။

က်ီရန္ကို ႀကိဳက္တဲ့ေကာင္မေလးေတြကို ေက်ာင္းေပါက္ဝကေန တန္းစီရင္ လမ္းတစ္ဖက္ထိေရာက္တယ္။ သူ႕ကိုလိုက္ၾကတဲ့ နည္းလမ္းေတြအမ်ားႀကီး႐ွိေပမဲ့ တစ္စုံတစ္ေယာက္က သူ႕အတြက္ ႐ိုက္ခ်က္ကို ခံေပးတာ ပထမဆုံးပဲ။

ခြၽီတာ့ကြၽမ္းရဲ႕ လူေတြက ျမင္ကြင္းေၾကာင့္ ေၾကာင္အသြားတယ္။

ယြီက်ိဳး ဆက္သြယ္ဖို႔အတြက္ နည္းလမ္းမ႐ွိေတာ့တာေၾကာင့္ ေဒါသအရမ္းထြက္ေနၿပီ။ သူ႕စိတ္ေတြက တကယ္ႀကီး႐ႈပ္ေထြးေနၿပီး ခ်ီရင္ကို ေဆး႐ုံ ျမန္ျမန္ေခၚသြားခ်င္ေနၿပီ။ ဒါေၾကာင့္ သူမပခုံးေတြကို ကိုင္လိုက္ၿပီး သူမကို ဆြဲေခၚသြားတယ္။

အခုေလးတင္ တုတ္က သူမပခုံးေပၚကို ႐ိုက္မိခဲ့တဲ့အတြက္ ယြီက်ိဳးက သူမဒဏ္ရာကို ထိမိတဲ့အခါမွာ ခ်ီရင္က နာက်င္မႈေၾကာင့္ မ်က္ရည္မ်ား လ်င္ျမန္စြာ က်လာေတာ့တယ္။

က်ီရန္က ယြီေက်ာင္ကို လက္တစ္ဖက္ႏွင့္႐ုတ္တရက္ တြန္းထုတ္လိုက္တယ္။

ယြီက်ိဳးက သူ႕ကို ဆဲလိုက္တယ္၊ "မင္း ေစာက္ပိန္းေကာင္" ။ က်ီရန္က ကုန္းၿပီး ခ်ီရင္ကို မင္းသမီးခ်ီေပြ႕နည္း ႏွင့္ခ်ီၿပီး ေျခလွမ္းက်ဲႀကီးေတြႏွင့္ ေက်ာင္းေပါက္ဝကို သြားေနတာကို ျမင္လိုက္တယ္။ သူ႕မွာ ေ႐ြးစရာမ႐ွိေတာ့ဘဲ ေနာက္ကလိုက္သြားေတာ့တယ္။

ခ်ီရင္က သူမပခုံးေပၚမွာ မီးစအတင္ခံရတဲ့အတိုင္းပဲ။ သူမက လူငယ္ေလးရဲ႕ခႏၶာကိုယ္ကေန စီးကရက္အနံ႔နည္းနည္းႏွင့္ သူ႕ေကာ္လာက honey locustအေမႊးနံ႔ႏွင့္ ေရာေနတဲ့အနံ႔ရခဲ့တယ္။ သူမက သူ႕ရဲ႕ႏွလုံးခုန္သံကို သူ႕ရင္ဘက္ဆီကေန ၾကားေနရၿပီး သူမ ပထမဆုံး စစ္သူႀကီးအိမ္ေတာ္သို႔ ပထမဆုံးေခၚလာခံရသည့္ေန႔ကိုပင္ သတိရမိသြားသည္။
(T.N: honey locustဆိုတာ ဆူးပါတဲ့ သစ္ပင္ႀကီး အမ်ိဳးအစားပါ။ အနံ႔ခ်ိဳေမႊးေမႊး႐ွိၿပီး ေဆးဖက္လဲဝင္တယ္တဲ့။ ျမန္မာလို နာမည္႐ွာၾကည့္ေပမဲ့ မေတြ႕လို႔ engလိုပဲ ေရးလိုက္ပါတယ္။ ပရိေဘာဂေတြလည္း လုပ္ၾကတယ္)

ထိုေန႔က စစ္သူႀကီးက သူမကို ဓားျပမ်ား၏ ဒုစ႐ိုက္ဒုကၡတြင္းမွ ကယ္ဆယ္လာခဲ့သည္။ သူ စစ္သူႀကီးအိမ္ေတာ္သို႔ ျပန္ေရာက္သည့္အခါ အရင္ဆင္းကာ တူညီေသာနည္းလမ္းျဖင့္ပင္ သူမကို သူ႕လက္ေမာင္းထဲတြင္ ခ်ီေပြ႕ခဲ့တယ္။ သူက အိမ္ေတာ္သို႔သြားသည့္တစ္ေလွ်ာက္လုံး သူမကို ေပြ႕ထားခဲ့သည္။

သူမက သူမမ်က္လုံးမ်ားကို အနည္းငယ္ေမာ့ၾကည့္ေသာအခါ သူ႕၏ ေအာက္ေမး႐ိုးကိုေရာ၊ ေျမာက္မ်ားစြာေသာ ခက္ခဲမႈေတြကို ျဖတ္သန္းခဲ့ရဟန္ေပၚသည့္ သူ႕ရဲ႕ေအးစက္ၿပီး ထင္႐ွားျပတ္သားေသာ ေဘးဘက္ပုံ ျမင္ရတယ္။

ယခုလက္႐ွိမွာေတာ့ လူငယ္ေလး၏အသားအရည္က ပို၍ျဖဴၿပီး ပို၍ ႏူးညံ့လွတယ္။ သူ၏ ခႏၶာကိုယ္က သူမ၏စစ္သူႀကီးလို ခိုင္မာျခင္း၊ သန္မာျခင္း၊ ရက္စက္ၾကမ္းၾကဳတ္ၿပီး သတ္ျဖတ္ခ်င္စိတ္ေနစိတ္ထားမ်ိဳး ႐ွိမေနပါ။ သူ၏အသားအရည္တြင္ ထုထြင္းထားေသာ မ်က္ႏွာသြင္ျပင္တို႔ကပင္ ႏုပ်ိဳလြန္းလွ၏။

သို႔ေသာ္ သူမသည္ သူ၏ ရင္းႏွီးလွေသာ အ႐ွိန္အဝါကို ခံစားမိ၏။


ဒါ သူမရဲ႕ စစ္သူႀကီးပဲ။

က်ီရန္က သူ႕လက္ေမာင္းထဲမွာ႐ွိတဲ့ ေကာင္မေလးရဲ႕အၾကည့္ကို ခံစားမိေသာေၾကာင့္ ငုံ႔ၾကည့္လိုက္တယ္။

သူ႕လက္ေမာင္းထဲက ေကာင္မေလးက သူ႕အက်ႌအစြန္းကို တင္းၾကပ္စြာ ကိုင္ထားၿပီး သူ႕ေခါင္းကို နည္းနည္းေမာ့ကာ သူ႕ကို ခဏမွ် စိုက္ၾကည့္ေနတယ္။ သူမက သူေခါင္းငုံ႔တာကို ျမင္တဲ့အခါမွာ သူမမွာ ႐ုတ္တရက္ ခ်ိဳသာတဲ့အျပဳံးေလးတစ္ပြင့္ ျဖစ္တည္လာတယ္။ သူမမ်က္ဝန္းေတြက စိုစြတ္ေနၿပီး သူမကို သူ႕ကို ေနာက္တစ္ခါ ထပ္ေခၚျပန္တယ္။ "စစ္သူႀကီး"

က်ီရန္က သူမပါးစပ္လႈပ္႐ွားတာကိုပဲ ျမင္ၿပီး သူမအသံကို မၾကားခဲ့ရဘူး။ သူက သူမဘာေျပာမွန္း မသိတာေၾကာင့္ သူမကို ေမးတယ္ ။ "မင္းက စကားမေျပာႏိုင္ဘူးလား?"

သူ႕လက္ေမာင္းထဲမွာ႐ွိတဲ့ မိန္းကေလးက သူမေခါင္းကို ညိတ္လည္းမညိတ္၊ ခါလည္းမခါဘဲ သူ႕ကို အဲ့ဒီမ်က္လုံးေတြနဲ႔ပဲ ၾကည့္ေနတယ္။
(T.N:"ငါသူမကို ကာကြယ္ေပးခ်င္တယ္"၊ "သူမက ငါ့ကို အေသသတ္ေနတာပဲ" ၊ "ငါ့ကို ေနကို လႊတ္မယ့္ ဒုံးက်ည္ကို ႀကိဳခ်ိတ္ေပးစမ္းပါ၊ သူမက အရမ္းခ်စ္စရာေကာင္းလြန္းတယ္"
အဲ့လို ခံစားမႈမ်ိဳးျဖစ္ေစတဲ့ မ်က္လုံးမ်ိဳးပါ)


က်ီရန္က ရယ္ကာ: "မင္းက ၾကားတာလား မၾကားတာလား?"

သူ႕စကားလုံးေတြ ထြက္က်လာၿပီးတဲ့အခ်ိန္မွာ သူ႕မ်က္ႏွာက သိပ္မဟန္ေတာ့ဘူး။ သူ ႐ုတ္တရက္ ဒီမနက္က ေကာလဟာလျပန္႔ေနတဲ့ အထူးေက်ာင္းသူအေၾကာင္းကို သတိရသြားတယ္။


သူရဲေကာင္းတစ္ေယာက္ရဲ႕သမီး၊ ဆြံ႕အနားမၾကားတဲ့ ေကာင္မေလး၊ အရမ္းလွတယ္။

သူ႕လက္ေမာင္းေတြက တင္းၾကပ္လာၿပီး သူက ႐ုတ္တရက္ ရယ္ခ်လိုက္တယ္။ "ဒါက ေစာက္ရမ္းရယ္ရတာပဲ"

လူနာတင္ယာဥ္က ေက်ာင္းေပါက္ဝကို အျမန္ေရာက္လာခဲ့တယ္။

ဒီအခ်ိန္က အသြားအလာမ်ားတဲ့ ေက်ာင္းဆင္းခ်ိန္ျဖစ္တဲ့အတြက္ ေက်ာင္းေပါက္ကေန လူေတြလာလိုက္ သြားလိုက္ပဲ။ ဒါေၾကာင့္ လူနာတင္ယာဥ္ေရာက္လာတဲ့အခါမွာ လူအမ်ားႀကီးရဲ႕အာ႐ုံစိုက္မႈကို ဆြဲေဆာင္ႏိုင္လိုက္တယ္။ လုံျခဳံေရးအေစာင့္က ကားထဲကေန ထြက္လာတဲ့ ဆရာဝန္ဆီ ႏွစ္လွမ္းသုံးလွမ္းေလာက္ ေျပးလာၿပီး ေမးလိုက္တယ္: "ဘာကိစၥလဲဗ်?"

ဆရာဝန္က ေျပာတယ္: "ခင္ဗ်ားတို႔ေက်ာင္းက ေက်ာင္းသားတစ္ေယာက္က လူနာတင္ယာဥ္ေခၚထားလို႔ပါ၊ လူက ဘယ္မွာလဲ?"

က်ီရန္က ခ်ီရင္ကို သယ္ရင္း လူနာယာဥ္နားေရာက္လာခဲ့တယ္: "ဒီမွာပါ"

လုံျခဳံေရးအေစာင့္မွာ "မင္း ဘာျပႆနာ ထပ္ျဖစ္ျပန္ၿပီလဲ?" ဆိုတဲ့ အၾကည့္မ်ိဳး ႐ွိတယ္။

က်ီရန္ရဲ႕ မ်က္ႏွာအေရာင္က ေျပာင္းမသြားဘူး။ သူက ခ်ီရင္ကို လူအမ်ားရဲ႕ ေစာင့္ၾကည့္ေနတဲ့ မ်က္လုံးေတြေအာက္မွာပဲ လူနာတင္ယာဥ္ဆီ ေခၚသြားတယ္။ ယြီက်ိဳးက သူနဲ႔အတူ လိုက္တက္ၿပီး စိတ္ပူပန္စြာျဖင့္ ေအာ္ေျပာတယ္: "ေဒါက္တာ၊ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္႕အစ္မကို ကူညီၿပီး ျမန္ျမန္စစ္ေဆးေပးပါဦး! သူမ ေခါင္းကိုမ်ား ထိသြားလား?"

အဲ့လိုမွမဟုတ္ရင္ သူမက ႐ုတ္တရက္ႀကီး အဲ့မိမစစ္ဖမစစ္ေကာင္ က်ီရန္ကို ၾကည့္ေနမွာလဲ?


​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း(Myanmar Translation)Where stories live. Discover now