Chapter(4)

1.5K 208 21
                                    

Unicode

Chapter(4)

ချီရင်က ဘယ်အရိုးမှ မကျိုးသွားဘူး။

ဒါက သေချာပေါက် ခိုးကြောင်ခိုးဝှက်တိုက်တဲ့လူက သူမနောက်ကနေ အမြန်ရိုက်လိုက်တဲ့အချိန်မှာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေခဲ့လို့ပဲ။ ယွီကျိုးက စိတ်အေးသွားပြီး ဆရာဝန်ကညွှန်းလိုက်တဲ့ဆေးစာကို သူ့ကျောင်းလွယ်အိတ်ထဲ ဝှက်လိုက်တယ်။ အိမ်ပြန်တဲ့လမ်းမှာ စာရေးကိရိယာဆိုင်ကိုဝင်ပြီး ချီရင်ကိုင်ဖို့အတွက် ပစ္စည်းအသစ်အချို့ကို ဝယ်ခဲ့တယ်။

ယွီချန်ရဲ့ ပင်ကိုစရိုက်နှင့်သာဆိုရင် ကိစ္စကသေးသေးကြီးကြီး သူက သေချာပေါက် ကျောင်းကို သွားပြီး ပြဿနာရှာမှာပဲ။

ယွီကျိုးက ဒီကိစ္စပေါ်မှာ အတွေးတစ်ခုပဲရှိတယ်: အတန်းဖော်တွေကြားက ကိစ္စတွေမှာ လူကြီးတွေကို ဝင်ပါခွင့်မပြုနိုင်ဘူး။

သူနှင့် ချီရင်က အလီဘိုင် အတူလုပ်ခဲ့တယ်။ တကယ်လို့ သူမဒဏ်ရာကို ရှာတွေ့ခဲ့ရင် သူမက မတော်တဆ ထိခိုက်မိတယ်လို့ ပြောရုံပဲ။

အိမ်ပြန်ရောက်တော့ ညစာက အဆင်သင့်ဖြစ်နေပြီ။

ချီရင်ရဲ့ အကြိုက်က မူလပိုင်ရှင်နှင့်တူတယ်။ သူမအကြိုက်ဆုံးဟင်းပွဲတွေကအစ တူတယ်။ သူမဒီကို ရွှေ့ပြောင်းလာကတည်းက သူမအဒေါ်က သူမကြိုက်တဲ့ဟင်းတွေပဲ နေ့တိုင်းချက်တာက ချီရင်ကို စိတ်လှုပ်ရှားသွားစေတယ်။

ယွီချန်က ကျောင်းအကြောင်း ကိစ္စအချို့ကို မေးတယ်။ ရင်ရင်ကို အနိုင်ကျင့်တဲ့ ကျောင်းသားဆိုးတွေရှိလား၊ ရင်ရင်ကို ဝိုင်းအုံနေကြသေးလား၊ ရင်ရင် နားမကြားတာကို သိတဲ့ အတန်းဖော်တွေက သူမကို ရယ်ကြသေးလား၊ အဲ့လိုမေးခွန်းတွေပေါ့။

ယွီကျိုးက သူ့မျက်လုံးတွေကို လှန်လိုက်ပြီး:" လူတိုင်းက အလုပ်ရှုပ်နေကြတာ၊ ဟုတ်ပြီလား? အခု အထက်တန်းကျောင်းသားတွေအတွက် အိမ်စာက အရမ်းနည်းတယ်လို့ အဖေထင်နေတာလား?

ယွီချန်က ဒီမနက်မှာ မော်တော်ဆိုင်ကယ်စီးတဲ့ လူဆိုးကောင်လေးကို မှတ်မိပြီး ယွီကျိုးရဲ့ စကားတွေကို သံသယဖြစ်မိတယ်။

ညစာစားပြီးတဲ့နောက်မှာ ချီရင်က သူမအခန်းကို ပြန်ပြီး စာကြည့်စားပွဲကိုထိုင်ကာ စာရေးပြီး ပုံဆွဲတယ်။ ယွီချန်က တံခါးမှာရပ်ပြီး သူမကိုတစ်ချက်ကြည့်တယ်။ အဲ့နောက်မှာ ဆိုဖာပေါ်မှာ လှဲပြီး ဂိမ်းဆော့နေတဲ့ ယွီကျိုးကို လှည့်ကြည့်ပြီး သူ့ဆီကို လျှောက်သွားပြီး ကန်လိုက်တယ်။

"မင်းအစ်မ ဘာရေးနေလဲ သွားကြည့်ကြည့်"

ယွီကျိုးက အင်တင်တင်နှင့် ပြောတယ်။ "အဖေက သူမဘာရေးရေး ဘာလို့ဂရုစိုက်နေတာလဲ? သူမအိမ်စာကို ရေးနေတာ ဖြစ်မှာပေါ့"

ယွီချန်က သူ့ကို စိုက်ကြည့်ပြီး " သူမက အတန်းထဲမှာ ပို့ချချက်ကို ကြားမှမကြားရတာ၊ ဘာအိမ်စာလဲ?! သွားစစ်ကြည့်"

ယွီချန်က  ဒေါသထွက်ပြီး ယွီကျိုးကို စိတ်အနှောက်အယှက် ဖြစ်နေတယ်။ "တကယ်လို့ သူမက ဒိုင်ယာရီရေးနေတယ်ဆို ဘယ်လိုလုပ်မလဲ? အဖေက ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာကို ဘယ်လို လေးစားသင့်တယ်ဆိုတာ သိရဲ့လား?"

ယွီချန်က ယွီကျိုးရဲ့နားကို လိမ်ဆွဲပြီး " မင်းက ဆရာဝန်ပြောထားတာကို မေးသွားတာလား? ငါတို့က သူမတည်ငြိမ်နေတာကြောင့် စောင့်ကြည့်တာကို ပေါ့လို့မရဘူး။ သူမက ခုတလော အရမ်းပုံမှန် ဖြစ်လွန်းတယ်။ တကယ်လို့ သူမသာ တစ်ခုခုကို  ဒိုင်ယာရီထဲ ရေးနေရင် အဲ့ဒါက အရေးကြီးတယ်၊ ဖုံးကွယ်ထားလို့ မရဘူး!"

ယွီကျိုးက မသွားချင်သွားချင်နှင့် ချီရင်အခန်းထဲကို ဝင်သွားတယ်။

သူမက သူ့ခြေလှမ်းကို မကြားနိုင်လို့ သူက ခပ်ဖွဖွလေး လျှောက်နေစရာမလိုဘူး။ သူက အသက်ဆယ့်ငါးနှစ်မှာကို အရပ်က1.5မီတာလောက် ရှည်နေတယ်။ သူက သူမနောက်ကနေ လမ်းလျှောက်လာချိန်မှာ စားပွဲပေါ်မှာရှိတဲ့ မှတ်စုစာအုပ်ကို သူမခေါင်းပေါ်ကနေ မြင်နေရတယ်။

ချီရင်က သူမနောက်မှာ တစ်ယောက်ယောက်ရှိနေတာကို မသိဘဲ စူးစူးစိုက်စိုက်နှင့် စာရေးနေတယ်။

ယွီကျိုးက နှစ်ခါကြည့်ပြီး ပြန်လှည့်လာတယ်။ ယွီချန်က မေးတယ်။ "မင်းတွေ့ခဲ့လား?"

သူက သူ့ခေါင်းကို ကုတ်ပြီး " တွေ့တယ်။ သူမက......ဝတ္ထုတစ်ပုဒ်ရေးနေတာထင်တယ်"

ယွီချန်: "ဝတ္ထုတစ်ပုဒ်?"

ယွီကျိုးက တုံ့ဆိုင်းပြီး " စစ်သူကြီးတို့၊ စစ်မြေပြင်တို့အကြောင်း တစ်ခုခုပဲ၊ ရှေးဟောင်းဝတ္ထုနဲ့ တူတယ်"

ယွီချန်က ခဏတာ တွေးဆမိတယ်။ "ဝတ္ထုတွေရေးတာကလည်း ကောင်းပါတယ်။ အာရုံလွှဲပြီး ကိုယ်ပိုင်စိတ်ဝင်စားမှုတွေ ဖွံ့ဖြိုးတာပေါ့"

......

အခန်းတွင်းမှာတော့  ပထမဆုံးအကြိမ် သူမရဲ့ ဒိုင်ယာရီကို ရေးနေတဲ့ ချီရင်က စာအုပ်ကိုပိတ်ပြီး ပြတင်းပေါက်အပြင်ဘက်က ညကောင်းကင်ကို ကြည့်နေတယ်။

သူမရဲ့ စစ်သူကြီးကို ပြန်တွေ့ရတာ ကောင်းလိုက်တာ။

ဒီဘဝမှာ စစ်သူကြီးက သူမကို မသိပေမဲ့လဲ ကိစ္စမရှိပါဘူး။ ဒီအချိန်မှာတော့ သူမက သူ့ကို ပြန်သိနိုင်ဖို့ ဖြစ်လာပြီလေ။

မနက်ပိုင်းမှာ မနက်စာစားပြီးတော့ ယွီချန်က ယွီကျိုးနှင့် ချီရင်ကို ခါတိုင်းလိုပဲ ကျောင်းကိုလိုက်ပို့တယ်။ အရင်တုန်းက ကျောင်းထဲ ဝင်သွားဖို့ တွန့်ဆုတ်တတ်နေတဲ့ ချီရင်က ဒီအချိန်မှာတော့ ကျောင်းထဲကို ပျော်ပျော်ရွှင်ရွှင်ကြီး ဝင်သွားတယ်။

သူမ အတန်းထဲကို ဝင်ဝင်ချင်း သူ့အတန်းဖော်တွေကို သူမကို စိုးရိမ်တကြီးကြည့်နေကြတာကြောင့် ချီရင် စိတ်ရှုပ်သွားတယ်။ သူမထိုင်တဲ့အချိန်မှာ မနက်စာနှင့်အတူ ပြေးလာတဲ့ ယွဲ့လီက ချီရင်ကို မြင်ပြီး သူမဆီ အပြေးလာခဲ့တယ်။ကိစ္စတွေအများကြီး တတွတ်တွတ် ပြောနေတယ်။

အချိန်အကြာကြီး ပြောပြီးမှ သူမက ချီရင်က သူမကို မကြားရမှန်း သတိရသွားတယ်။ သူမက ချီရင်ခေါင်းလေးကို ပုတ်ပြီး သူမ မှတ်စုစာအုပ်ကို ထုတ်လိုက်တယ်။ သူမက ရေးတယ်: ရင်ရင်၊ နင်အဆင်ပြေရဲ့လား?! ဘာလို့ ကျီရန်နဲ့ သွားရှုပ်တာတုန်း?

ချီရင်က စိတ်ရှုပ်ထွေးနေတဲ့ ပုံစံနှင့် စာပြန်ရေးလိုက်တယ်: ငါအဆင်ပြေပါတယ်၊ ဘာဖြစ်လို့လဲ?

ယွဲ့လီက စာဖြည်းဖြည်း ရေးနေတယ်။ သူမက ဘေးပတ်ပတ်လည်ကို ကြည့်တော့ သူမရဲ့ဆရာမကို မတွေ့ဘူး။ သူမက ဖုန်းကိုခိုးထုတ်ပြီး စာရိုက်လိုက်တယ်: မနေ့က ကျောင်းရှေ့ကို လူနာတင်ယာဉ် ရောက်လာတယ်။ ကျောင်းသားတွေအများကြီးက နင် ကျီရန်ရိုက်တာကို ခံလိုက်ရတယ်လို့ ပြောနေကြတယ်!

ချီရင်: ...

သူမက ပြန်ဖြေဖို့အတွက် စာရိုက်ဖို့ပြင်နေတုန်း ဆရာမလျှို့က စာသင်ခန်းထဲကို ဝင်လာတယ်။ ယွဲ့လီက ဖုန်းကို ဖွက်လိုက်တယ်။ ဆရာမလျှို့က ချီရင်ဆီကို တည့်တည့်လမ်းလျှောက်လာပြီး သူမကို စိုးရိမ်ပူပန်စွာ ကြည့်တယ်။ ထို့နောက် သူမကို သူမနှင့်အတူ ရုံးခန်းကို သွားဖို့ ပြောတယ်။

ချီရင်ထွက်သွားတော့ ကောင်လေးအချို့က အပြေးပြောကြတယ်။ " အတန်းဖော်သစ်ရောက်လာတာ တစ်ရက်ပဲရှိသေးတယ်! အတန်း၉ က အမှိုက်ကောင်တွေက တကယ်အလကားပဲ"

"တကယ်ပါပဲ၊ နားမကြားတဲ့သူကို အနိုင်ကျင့်ရတယ်လို့!"

"ကျီရန်က အမြဲတမ်း ပြဿနာကြီးတွေ လုပ်ပြီး ဘယ်လိုနေနေ ဒုက္ခမရောက်ဘူး။ ဘာလို့များ အထူးကျောင်းသူကို တစ်ခုခုလုပ်နိုင်ရတာလဲ!"

"ဒီကိစ္စက ကျောင်းအုပ်ကြီးနှင့် ဆိုင်သွားပြီ။ သူ ဒီတစ်ကြိမ်မှာ ဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့"

"အရင် စာသင်နှစ်ဝက်တုန်းက သူက စီနီယာတစ်ယောက်ကို ဆေးရုံအရောက်ပို့ခဲ့တာလေ! ငါက သူအထုတ်ခံရမှာ ထင်နေခဲ့တာ။ ဒါပေမဲ့ ဘာမှမဖြစ်သွားဘူး။ ဒီတစ်ကြိမ်တော့ သူထွက်ပြေးလို့မရတော့ဘူး။ သူမက သူရဲကောင်းတစ်ယောက်ရဲ့ကလေးလေ!"

အတန်း ၂ ထဲဲမှာ ကျီရန်ကို ကြိုက်နေတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်။ သူတို့က ချက်ချင်းပဲ ငြင်းကြတယ်။ "ငါက ဘယ်လိုဖြစ်မှန်းမသိဘူး။ ဒါပေမဲ့ ကျီရန်က ဘယ်တော့မှ မိန်းကလေးတွေကို မရိုက်ဘူး"

"အတင်းပြောတဲ့ပါးစပ်တွေ၊ အတန်းထဲမှာသာ ပြောရဲတာ။ နင်တို့ ကျီရန်ရှေ့မှာ ပြောရဲတဲ့သတ္တိရှိကြလား?"

အတန်းထဲမှာ ဆူညံနေပေမဲ့ ရုံးခန်းထဲမှာတော့ ချီရင်က ဆရာမလျှို့ဆီကနေ ဘာတွေဖြစ်နေမှန်း သိလိုက်ရတယ်။ မကြာခင်မှာ သင်ကြားရေးဒါရိုက်တာနှင့် ကျောင်းအုပ်ကြီးက အပြေးရောက်လာတယ်။

ငါတို့ သူရဲကောင်းရဲ့ကလေးကို နွေးထွေးပျူငှာတဲ့ ပတ်ဝန်းကျင်တစ်ခုကို ပေးသင့်တယ်လို့ ပြောခဲ့တယ်။ ရလာဒ်အနေနဲ့ ကျောင်းပထမဆုံးရက်မှာတင် ဒီလိုမျိုး ဖြစ်လာခဲ့တယ်။ သင်ကြားရေးဒါရိုက်တာက ဒေါသထွက်နေတယ်။ " ကျွန်တော် ခင်ဗျားကို ပြောခဲ့သားပဲ! ကျီရန်ကို ထိန်းသိမ်းထားတာက ကျိန်စာတစ်ခုပါပဲလို့၊ အရင်စာသင်နှစ်ဝက်ကတည်းက ကျွန်တော်တို့က သူ့ကို ကျောင်းထုတ်လိုက်သင့်တာ။ သူက သိုးမည်းတစ်ကောင်ပဲ!"

သူက ရုံးခန်းထဲကို ရောက်ချိန်မှာ စကားလမ်းကြောင်းကို ပြောင်းပြီး ချီရင်ဘက်ကို လှည့်လိုက်တယ်။

ချီရင်က မှတ်စုစာအုပ်မှာ ဘော့ပင်နှင့် ရေးပြခဲ့တယ်: ကျီရန်က သမီးကို မရိုက်ခဲ့ပါဘူး။ အထင်လွဲနေကြတာပါ

သင်ကြားရေး ဒါရိုက်တာက လက်တစ်ဖက်နှင့် ရေးပြတယ်။ ချီရင်က နားမလည်သေးခင်မှာ ခဏမျှ ဖတ်ကြည့်တယ်: ချီရင်၊ အမှန်ပြောဖို့ကို မကြောက်ပါနဲ့! ဆရာတို့ကျောင်းက သမီးကို ကာကွယ်ပေးမှာပါ!

ချီရင်က ကိစ္စအကုန်လုံးကို ရေးပြီး ရှင်းပြမလို့ လုပ်နေတုန်း အခန်း၉ရဲ့ အတန်းပိုင်ဆရာ လျှို့ယောင်က ကျီရန်ကို ခေါ်လာတယ်။

လျှို့ယောင်က ကျီရန်နဲ့ ပတ်သက်ပြီး အပင်ပန်းခံမနေဘူး။ သူ မကြိုးစားခဲ့တာတော့မဟုတ်ဘူး။ အလကားဖြစ်သွားခဲ့လို့ပါ။ ကျီရန်က အမြဲတမ်း  လူတွေက သူတို့ပြောတာ အားလုံးကို သူကြားမှကြားရဲ့လားဆိုပြီး သံသယဝင်စေနိုင်တဲ့ ဂရုမစိုက်တဲ့ မျက်နှာပေးမျိုးနဲ့ပဲ။

နောက်ပိုင်းမှာ လျှို့ယောင်က ကျီရန်ကို ဂရုစိုက်ဖို့ ငြီးငွေ့လာတယ်။ သူဘာမှ မလုပ်သရွေ့ လျှို့ယောင်က မျက်စိတစ်ဖက်ဖွင့်ပြီး တစ်ဖက်ပိတ်ပေးထားတယ်။

နောက်ဆုံးတော့ သူက ဒီတစ်ကြိမ်မှာ အထူးကျောင်းသူကို အနိုင်ကျင့်ခဲ့တယ်!

လျှို့ယောင်က တစ်လမ်းလုံး သူ့ကိုဆူလာပေမဲ့ ကျီရန်က ထူးမခြားနားဘဲ။ သူ့မျက်ခွံကို ပင့်ကြည့်ဖို့တောင် ပျင်းရိနေတယ်။

သူက ရုံးခန်းထဲကို ဝင်ဝင်ချင်း ချီရင်က လိမ်လိမ်မာမာနှင့် ထိုင်နေတာကို မြင်လိုက်တယ်။ သူ့နူတ်ခမ်းတွေက ဖြည်းဖြည်းချင်းပြုံးလာပြီး သူက ထိုင်ခုံပေါ်ကို ပျင်းရိစွာ ထိုင်ချတယ်။

သင်ကြားရေးဒါရိုက်တာက ထခုန်တော့မတတ်ပဲ။ "မင်း မတ်တပ်ရပ်ရမယ်!"

ကျီရန်က မတ်တပ်မရပ်ခဲ့ဘူး။ သူက ခြေထောက်တွေတောင် ချိတ်လိုက်သေးတယ်။ သူ့ကိုကြည့်ရတာ ဆေးလိပ်တောင် မီးညှိချင်နေသလိုပဲ။

ဆရာတွေအားလုံးရဲ့ မျက်နှာက ကြည့်ရဆိုးလာတယ်။ ကျောင်းအုပ်ကြီးက သူ့ကို ရှုပ်ထွေးစွာကြည့်ပြီး လေးနက်တဲ့အသံနှင့် ပြောတယ်။ "ကျီရန်၊ ဒီတစ်ကြိမ်က ဘယ်လိုဖြစ်ရတာလဲ? ဆရာတွေအားလုံးရှေ့မှာ မင်းရှင်းပြပါဦး"

ကျီရန်ရဲ့ မျက်လုံးတွေက ပျင်းရိလာပုံပေါက်ပြီး သူ့အသံကလည်း လျော့တိလျော့ရဲနဲ့။ " ရှင်းပြချက်ကောင်းကောင်း ရှိလို့လား? ကျောင်းအုပ်ကြီးက ကျွန်တော် တစ်ယောက်ယောက်ကို ရိုက်တယ်လို့ ထင်ထားပြီးသားမလား? ကျွန်တော့်ကို အပြစ်ဒဏ်သာ ပေးလိုက်ပါ"

သင်ကြားရေးဒါရိုက်တာက ကျီရန်ကို ထပ်ဆူချင်နေပေမဲ့ ကျောင်းအုပ်ကြီးက လက်လှမ်းပြီး သူ့ကိုတားလိုက်တယ်။ "မင်းက ကလေးမဟုတ်တော့ဘူးဆိုတာ ငါသိပါတယ်။ မင်းက စိတ်လိုက်မာန်ပါလုပ်တတ်တယ်ဆိုပေမဲ့ အမှန်နဲ့ အမှားကိုတော့ သိရမယ်"

စကားမပြီးသေးခင်မှာပဲ သူ့အင်္ကျီစက အဆွဲခံလိုက်ရတယ်။

ကျောင်းအုပ်ကြီးက လှည့်ကြည့်လိုက်တော့ ချီရင်က သူ့နောက်မှာ ရပ်နေပြီး သူ့ကို အတွင်းမှာ စာပိုဒ်တစ်ပိုဒ်ရေးထားတဲ့ မှတ်စုစာအုပ်ကို လွှဲပေးတယ်။ ဆရာတွေအားလုံးက ငုံ့ကြည့်တယ်။ စာဖတ်ကြည့်ပြီးတဲ့နောက်မှာ စိတ်ဆိုးနေတဲ့အကြည့်တွေက ရုတ်တရက် ရှုပ်ထွေးလာကြတယ်။

ကျောင်းအုပ်ကြီးရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ရှိနေတယ်။ သူက ကျီရန်ကို လှည့်ကြည့်ပြီး "ငါပြောသားပဲ။ မင်းက အမှန်နဲ့ အမှားကို သိတဲ့ကလေးပါလို့။ မင်းက ဘာလို့ ဒီလိုကောင်းတဲ့ကိစ္စကို ဆရာတွေကို ရှင်းမပြရတာလဲ?"

ကျီရန်: ...

သူ ဘာလုပ်ခဲ့လို့လဲ? ဒါက ကောင်းတဲ့တစ်ခုခုနဲ့ ဘယ်လိုများ ပတ်သတ်သွားရတာလဲ?

ကျောင်းအုပ်ကြီး: " အခြားကျောင်းကကျောင်းသားဆိုးတွေက ချီရင်ကို အနိုင်ကျင့်ကြတယ်။ မင်းကမြင်ပြီး ကူညီပေးခဲ့ပေမဲ့လည်း အရာအားလုံးကို အကြမ်းဖက်ပြီး ဖြေရှင်းတာကတော့ မကောင်းလို့ မင်းက ကိုယ့်ကိုကိုယ် မထိခိုက်အောင် လူနာယာဉ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ နောက်တစ်ခါကျရင် မင်း ရဲကိုလည်း ခေါ်ရမယ်! ဒီတစ်ကြိမ်မှာ မင်းက ချီရင်ကို ကာကွယ်ပေးခဲ့တယ်။ ကျောင်းမှာ ဆုပေး၊ ဒဏ်ပေးစနစ်က ရှင်းရှင်းလင်းလင်းကြီး ရှိပါတယ်။ ဒီတစ်ကြိမ်မှာ မင်းကို အမှတ်ပို ပေးမယ်"

ကျီရန်: ...

ဘယ်သူက စောက်အမှတ်ပိုကို လိုချင်နေလို့လဲ?

သူက ချီရင်ကို စိတ်မရှည်စွာနှင့်ကြည့်ပြီး ကောင်မလေးကို စပြုံးပြမိတယ်။ အဲ့ဒီနောက်မှာတော့ သူ့အမူအရာက အေးခဲသွားတယ်။ သူက ကျိန်ဆဲလိုက်ပြီး သူ့မျက်လွှာကို အောက်ချလိုက်တယ်။

ကိစ္စက ဖြေရှင်းပြီးသွားပြီး ချီရင်နှင့် ကျီရန်က သူတို့စာသင်ခန်းဆီကို ပြန်ခဲ့ကြတယ်။ အတန်း၂ နှင့် အတန်း၉ က ခန်းမရဲ့ အစနှင့် အဆုံးဘက်မှာ။ လှေကားတွေကို တက်သွားပြီးတော့ သူတို့နှစ်ယောက်လုံး ဘယ်ညာကိုယ်စီ လှည့်ခဲ့တယ်။

လှေကားထစ်တွေကို တက်သွားချိန်မှာ ချီရင်က သူ့နောက်ကနေ လိမ်လိမ်မာမာနှင့် လိုက်လာတယ်။

ကိုယ်ပိုင်စာကြည့်ချိန်ဖြစ်တဲ့အတွက် စင်္ကြလမ်းမှာ တစ်ယောက်မှ မရှိဘူး။ ကျီရန်က လှေကားထစ်တွေကို တက်သွားပြီး ပြန်လှည့်လာတယ်။

ချီရင်က သူနှင့် နှစ်ထစ်အကွာမှာ ရပ်ပြီး သူ့ကို ကြည့်နေတယ်။ သူမမျက်လုံးတွေက နူးညံပြီး အပြုံးတစ်ခုနှင့်အတူပေါ့။

သူမထက် မြင့်တဲ့နေရာမှာ ရပ်နေတဲ့ ကျီရန်က ပြုံးပြီး "ငါက မင်းကို ဘယ်တုန်းက ကယ်ခဲ့တာလဲ?"

ချီရင်က သူပြောတာကို မကြားနိုင်ဘူး။ သူမ နူတ်ခမ်းထောင့်စွန်းကို လျှာနဲ့သပ်ပြီး လိမ်လိမ်မာမာနှင့် ပြုံးပြတယ်။ နောက်တစ်ကြိမ်ထပ်ပြီး အဲ့အကြည့်မျိုးနဲ့ပဲ။

ကျီရန်က သူ့နှလုံးခုန်သံကို ခဏလောက် ခံစားမိတယ်။ သူအပြုံးကို ဖယ်ရှားပြီး သူမကို အေးတိအေးစက်နှင့် ခက်ထန်စွာ ချိန်းခြောက်တယ်။ "လောင်ဇူ့ကို ဘယ်တော့မှ ထပ်မရယ်ပြနဲ့! လောင်ဇူ့နောက်ကိုလည်း ထပ်မလိုက်နဲ့! မင်းကြားရဲ့လား?"
(T.N: လောင်ဇူ့-မင်းအဖေ)

ချီရက်က မျက်လုံးလေးကလယ်ကလယ်နှင့်။

သူက ပြန်လှည့်ပြီး အမြန်ထွက်သွားတယ်။

ချီရင်က သူ့နောက်ကနေ လက်ယမ်းပြတယ်။

အတန်းထဲပြန်ရောက်တော့ သူမဝင်ဝင်ချင်း အတန်းက တိတ်ဆိတ်သွားတယ်။ ချီရင်က အာရုံစိုက်ခံရတဲ့ ခံစားချက်မျိုးကို မကြိုက်ဘူး။ ဒါပေမဲ့ ကောလဟာလကို သတိရသွားပြီး သတ္တိမွေး၍ စင်မြင့်ပေါ်ကို လမ်းလျှောက်ကာ မြေဖြူကို ကောက်ကိုင်လိုက်တယ်။

အတန်းက ကိုယ်ပိုင်စာလေ့လာချိန်ကို အာရုံမစိုက်တော့ဘဲ သူမကို အံ့ဩတကြီးကြည့်နေကြတယ်။

ချီရင်က တစ်ကြိမ်ကို အခြစ်တစ်ချက် ဆွဲတယ်: ကျီရန်က ငါ့ကို ရိုက်တာ မဟုတ်ပါဘူး။ ငါကဘမနေ့တုန်းက တခြားကျောင်းက အနိုင်ကျင့်တဲ့တစ်ယောက်နဲ့ တွေ့ခဲ့လို့ သူက ငါ့ကို ကူညီတာပါ

သူမက ဘောဖျက်ယူပြီး ကျောက်သင်ပုန်းကို မဖျက်ခင် သူမရဲ့အတန်းဖော်တွေကို လှည့်ကြည့်ပြီး ပြုံးပြတယ်။ သူမထိုင်ခုံဆီ ပြန်သွားပြီး ထိုင်တော့ ယွဲ့လီက အရမ်းစိတ်လှုပ်ရှားနေတယ်။ သူမမျက်နှာက ဖတ်ကြည့်လို့ရတယ်။ သူမ စာရေးပြီး မေးတယ်: ရင်ရင်နင်ရင်ကတည်းက ကျီရန်နဲ့ သိတာလား?

ချီရင်က ခေါင်းခါပြတယ်။

ယွဲ့လီက အံ့ဩသွားတယ်: ဒါပေမဲ့ သူက နင့်ကို ကူညီခဲ့တာလေ။ ကျီရန်က စိတ်အနှောက်ပေးပြီး အရမ်းခက်ထန်လွန်းတယ်! နင်က ကြည့်ကောင်းလို့များလား?

ချီရင်က အလေးအနက် ရေးတယ်: မဟုတ်ပါဘူး။ သူက လူကောင်းတစ်ယောက်ပါ

သူမရဲ့ စစ်သူကြီးက ကမ္ဘာပေါ်မှာ အကောင်းဆုံးလူသားပါ။

သူက ရန်သူတွေဖမ်းထားတဲ့ သုံ့ပန်းတွေကို ကယ်ဖို့အတွက်နဲ့ စစ်မြေပြင်က ရန်သူ့စခန်းတွေကို စွန့်စားပြီးသွားခဲ့တယ်။

သူ့ရဲ့ တဲကိုတောင် ဒဏ်ရာရနေတဲ့ စစ်သားတွေကို ပေးပြီး သူ့ရဲ့ကိုယ်ပိုင်ရိက္ခာကိုတောင် စစ်တပ်အစားအစာအတွက် ပေးခဲ့တယ်။

သူက သူ့ဘဝတစ်လျှောက်လုံးမှာ လူတွေအတွက် တိုက်ခိုက်ခဲ့တယ်။ သူသေပြီးနောက်ပိုင်း သူ့ခန္ဓာကိုယ်က ဘေကျင်းကို ပြန်ရောက်လာတော့ လူထုက ကြိုဆိုခဲ့ကြတယ်။

အခုတော့ ကမ္ဘာကြီးက အေးချမ်းနေတယ်။ သူမရဲ့စစ်သူကြီးက ရန်သူတွေကို သတ်ဖို့ တိုက်ခိုက်စရာမလိုတော့ဘူး။ ကမ္ဘာကြီးက သူမရဲ့စစ်သူကြီးအပေါ်မှာ အတော်လေး အထင်လွဲနေပုံရတယ်။

ဒါပေမဲ့ သူမစစ်သူကြီးက ပြောင်းလဲမသွားဘူးဆိုတာကိုတော့ သူမသိတယ်။

သူမရဲ့သူရဲကောင်း၊ သူမဘယ်နေရာမှာပဲရှိနေနေ၊ အချိန်နှင့်နေရာပြောင်းသွားပြောင်းသွား ကိစ္စမရှိပါဘူး ။သူမက ထိုရဲရင့်လှတဲ့ နှလုံးသားကိုတော့ ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။

~

Zawgyi

Chapter(4)

ခ်ီရင္က ဘယ္အ႐ိုးမွ မက်ိဳးသြားဘူး။

ဒါက ေသခ်ာေပါက္ ခိုးေၾကာင္ခိုးဝွက္တိုက္တဲ့လူက သူမေနာက္ကေန အျမန္႐ိုက္လိုက္တဲ့အခ်ိန္မွာ တြန္႔ဆုတ္တြန္႔ဆုတ္ျဖစ္ေနခဲ့လို႔ပဲ။ ယြီက်ိဳးက စိတ္ေအးသြားၿပီး ဆရာဝန္ကၫႊန္းလိုက္တဲ့ေဆးစာကို သူ႕ေက်ာင္းလြယ္အိတ္ထဲ ဝွက္လိုက္တယ္။ အိမ္ျပန္တဲ့လမ္းမွာ စာေရးကိရိယာဆိုင္ကိုဝင္ၿပီး ခ်ီရင္ကိုင္ဖို႔အတြက္ ပစၥည္းအသစ္အခ်ိဳ႕ကို ဝယ္ခဲ့တယ္။

ယြီခ်န္ရဲ႕ ပင္ကိုစ႐ိုက္ႏွင့္သာဆိုရင္ ကိစၥကေသးေသးႀကီးႀကီး သူက ေသခ်ာေပါက္ ေက်ာင္းကို သြားၿပီး ျပႆနာ႐ွာမွာပဲ။

ယြီက်ိဳးက ဒီကိစၥေပၚမွာ အေတြးတစ္ခုပဲ႐ွိတယ္: အတန္းေဖာ္ေတြၾကားက ကိစၥေတြမွာ လူႀကီးေတြကို ဝင္ပါခြင့္မျပဳႏိုင္ဘူး။

သူႏွင့္ ခ်ီရင္က အလီဘိုင္ အတူလုပ္ခဲ့တယ္။ တကယ္လို႔ သူမဒဏ္ရာကို ႐ွာေတြ႕ခဲ့ရင္ သူမက မေတာ္တဆ ထိခိုက္မိတယ္လို႔ ေျပာ႐ုံပဲ။

အိမ္ျပန္ေရာက္ေတာ့ ညစာက အဆင္သင့္ျဖစ္ေနၿပီ။

ခ်ီရင္ရဲ႕ အႀကိဳက္က မူလပိုင္႐ွင္ႏွင့္တူတယ္။ သူမအႀကိဳက္ဆုံးဟင္းပြဲေတြကအစ တူတယ္။ သူမဒီကို ေ႐ႊ႕ေျပာင္းလာကတည္းက သူမအေဒၚက သူမႀကိဳက္တဲ့ဟင္းေတြပဲ ေန႔တိုင္းခ်က္တာက ခ်ီရင္ကို စိတ္လႈပ္႐ွားသြားေစတယ္။

ယြီခ်န္က ေက်ာင္းအေၾကာင္း ကိစၥအခ်ိဳ႕ကို ေမးတယ္။ ရင္ရင္ကို အႏိုင္က်င့္တဲ့ ေက်ာင္းသားဆိုးေတြ႐ွိလား၊ ရင္ရင္ကို ဝိုင္းအုံေနၾကေသးလား၊ ရင္ရင္ နားမၾကားတာကို သိတဲ့ အတန္းေဖာ္ေတြက သူမကို ရယ္ၾကေသးလား၊ အဲ့လိုေမးခြန္းေတြေပါ့။

ယြီက်ိဳးက သူ႕မ်က္လုံးေတြကို လွန္လိုက္ၿပီး:" လူတိုင္းက အလုပ္႐ႈပ္ေနၾကတာ၊ ဟုတ္ၿပီလား? အခု အထက္တန္းေက်ာင္းသားေတြအတြက္ အိမ္စာက အရမ္းနည္းတယ္လို႔ အေဖထင္ေနတာလား?

ယြီခ်န္က ဒီမနက္မွာ ေမာ္ေတာ္ဆိုင္ကယ္စီးတဲ့ လူဆိုးေကာင္ေလးကို မွတ္မိၿပီး ယြီက်ိဳးရဲ႕ စကားေတြကို သံသယျဖစ္မိတယ္။

ညစာစားၿပီးတဲ့ေနာက္မွာ ခ်ီရင္က သူမအခန္းကို ျပန္ၿပီး စာၾကည့္စားပြဲကိုထိုင္ကာ စာေရးၿပီး ပုံဆြဲတယ္။ ယြီခ်န္က တံခါးမွာရပ္ၿပီး သူမကိုတစ္ခ်က္ၾကည့္တယ္။ အဲ့ေနာက္မွာ ဆိုဖာေပၚမွာ လွဲၿပီး ဂိမ္းေဆာ့ေနတဲ့ ယြီက်ိဳးကို လွည့္ၾကည့္ၿပီး သူ႕ဆီကို ေလွ်ာက္သြားၿပီး ကန္လိုက္တယ္။

"မင္းအစ္မ ဘာေရးေနလဲ သြားၾကည့္ၾကည့္"

ယြီက်ိဳးက အင္တင္တင္ႏွင့္ ေျပာတယ္။ "အေဖက သူမဘာေရးေရး ဘာလို႔ဂ႐ုစိုက္ေနတာလဲ? သူမအိမ္စာကို ေရးေနတာ ျဖစ္မွာေပါ့"

ယြီခ်န္က သူ႕ကို စိုက္ၾကည့္ၿပီး " သူမက အတန္းထဲမွာ ပို႔ခ်ခ်က္ကို ၾကားမွမၾကားရတာ၊ ဘာအိမ္စာလဲ?! သြားစစ္ၾကည့္"

ယြီခ်န္က  ေဒါသထြက္ၿပီး ယြီက်ိဳးကို စိတ္အေႏွာက္အယွက္ ျဖစ္ေနတယ္။ "တကယ္လို႔ သူမက ဒိုင္ယာရီေရးေနတယ္ဆို ဘယ္လိုလုပ္မလဲ? အေဖက ကေလးေတြရဲ႕ ကိုယ္ေရးကိုယ္တာကို ဘယ္လို ေလးစားသင့္တယ္ဆိုတာ သိရဲ႕လား?"

ယြီခ်န္က ယြီက်ိဳးရဲ႕နားကို လိမ္ဆြဲၿပီး " မင္းက ဆရာဝန္ေျပာထားတာကို ေမးသြားတာလား? ငါတို႔က သူမတည္ၿငိမ္ေနတာေၾကာင့္ ေစာင့္ၾကည့္တာကို ေပါ့လို႔မရဘူး။ သူမက ခုတေလာ အရမ္းပုံမွန္ ျဖစ္လြန္းတယ္။ တကယ္လို႔ သူမသာ တစ္ခုခုကို  ဒိုင္ယာရီထဲ ေရးေနရင္ အဲ့ဒါက အေရးႀကီးတယ္၊ ဖုံးကြယ္ထားလို႔ မရဘူး!"

ယြီက်ိဳးက မသြားခ်င္သြားခ်င္ႏွင့္ ခ်ီရင္အခန္းထဲကို ဝင္သြားတယ္။

သူမက သူ႕ေျခလွမ္းကို မၾကားႏိုင္လို႔ သူက ခပ္ဖြဖြေလး ေလွ်ာက္ေနစရာမလိုဘူး။ သူက အသက္ဆယ့္ငါးႏွစ္မွာကို အရပ္က1.5မီတာေလာက္ ႐ွည္ေနတယ္။ သူက သူမေနာက္ကေန လမ္းေလွ်ာက္လာခ်ိန္မွာ စားပြဲေပၚမွာ႐ွိတဲ့ မွတ္စုစာအုပ္ကို သူမေခါင္းေပၚကေန ျမင္ေနရတယ္။

ခ်ီရင္က သူမေနာက္မွာ တစ္ေယာက္ေယာက္႐ွိေနတာကို မသိဘဲ စူးစူးစိုက္စိုက္ႏွင့္ စာေရးေနတယ္။

ယြီက်ိဳးက ႏွစ္ခါၾကည့္ၿပီး ျပန္လွည့္လာတယ္။ ယြီခ်န္က ေမးတယ္။ "မင္းေတြ႕ခဲ့လား?"

သူက သူ႕ေခါင္းကို ကုတ္ၿပီး " ေတြ႕တယ္။ သူမက......ဝတၳဳတစ္ပုဒ္ေရးေနတာထင္တယ္"

ယြီခ်န္: "ဝတၳဳတစ္ပုဒ္?"

ယြီက်ိဳးက တုံ႔ဆိုင္းၿပီး " စစ္သူႀကီးတို႔၊ စစ္ေျမျပင္တို႔အေၾကာင္း တစ္ခုခုပဲ၊ ေ႐ွးေဟာင္းဝတၳဳနဲ႔ တူတယ္"

ယြီခ်န္က ခဏတာ ေတြးဆမိတယ္။ "ဝတၳဳေတြေရးတာကလည္း ေကာင္းပါတယ္။ အာ႐ုံလႊဲၿပီး ကိုယ္ပိုင္စိတ္ဝင္စားမႈေတြ ဖြံ႕ၿဖိဳးတာေပါ့"

......

အခန္းတြင္းမွာေတာ့  ပထမဆုံးအႀကိမ္ သူမရဲ႕ ဒိုင္ယာရီကို ေရးေနတဲ့ ခ်ီရင္က စာအုပ္ကိုပိတ္ၿပီး ျပတင္းေပါက္အျပင္ဘက္က ညေကာင္းကင္ကို ၾကည့္ေနတယ္။

သူမရဲ႕ စစ္သူႀကီးကို ျပန္ေတြ႕ရတာ ေကာင္းလိုက္တာ။

ဒီဘဝမွာ စစ္သူႀကီးက သူမကို မသိေပမဲ့လဲ ကိစၥမ႐ွိပါဘူး။ ဒီအခ်ိန္မွာေတာ့ သူမက သူ႕ကို ျပန္သိႏိုင္ဖို႔ ျဖစ္လာၿပီေလ။

မနက္ပိုင္းမွာ မနက္စာစားၿပီးေတာ့ ယြီခ်န္က ယြီက်ိဳးႏွင့္ ခ်ီရင္ကို ခါတိုင္းလိုပဲ ေက်ာင္းကိုလိုက္ပို႔တယ္။ အရင္တုန္းက ေက်ာင္းထဲ ဝင္သြားဖို႔ တြန္႔ဆုတ္တတ္ေနတဲ့ ခ်ီရင္က ဒီအခ်ိန္မွာေတာ့ ေက်ာင္းထဲကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႀကီး ဝင္သြားတယ္။

သူမ အတန္းထဲကို ဝင္ဝင္ခ်င္း သူ႕အတန္းေဖာ္ေတြကို သူမကို စိုးရိမ္တႀကီးၾကည့္ေနၾကတာေၾကာင့္ ခ်ီရင္ စိတ္႐ႈပ္သြားတယ္။ သူမထိုင္တဲ့အခ်ိန္မွာ မနက္စာႏွင့္အတူ ေျပးလာတဲ့ ယြဲ႕လီက ခ်ီရင္ကို ျမင္ၿပီး သူမဆီ အေျပးလာခဲ့တယ္။ကိစၥေတြအမ်ားႀကီး တတြတ္တြတ္ ေျပာေနတယ္။

အခ်ိန္အၾကာႀကီး ေျပာၿပီးမွ သူမက ခ်ီရင္က သူမကို မၾကားရမွန္း သတိရသြားတယ္။ သူမက ခ်ီရင္ေခါင္းေလးကို ပုတ္ၿပီး သူမ မွတ္စုစာအုပ္ကို ထုတ္လိုက္တယ္။ သူမက ေရးတယ္: ရင္ရင္၊ နင္အဆင္ေျပရဲ႕လား?! ဘာလို႔ က်ီရန္နဲ႔ သြား႐ႈပ္တာတုန္း?

ခ်ီရင္က စိတ္႐ႈပ္ေထြးေနတဲ့ ပုံစံႏွင့္ စာျပန္ေရးလိုက္တယ္: ငါအဆင္ေျပပါတယ္၊ ဘာျဖစ္လို႔လဲ?

ယြဲ႕လီက စာျဖည္းျဖည္း ေရးေနတယ္။ သူမက ေဘးပတ္ပတ္လည္ကို ၾကည့္ေတာ့ သူမရဲ႕ဆရာမကို မေတြ႕ဘူး။ သူမက ဖုန္းကိုခိုးထုတ္ၿပီး စာ႐ိုက္လိုက္တယ္: မေန႔က ေက်ာင္းေ႐ွ႕ကို လူနာတင္ယာဥ္ ေရာက္လာတယ္။ ေက်ာင္းသားေတြအမ်ားႀကီးက နင္ က်ီရန္႐ိုက္တာကို ခံလိုက္ရတယ္လို႔ ေျပာေနၾကတယ္!

ခ်ီရင္: ...

သူမက ျပန္ေျဖဖို႔အတြက္ စာ႐ိုက္ဖို႔ျပင္ေနတုန္း ဆရာမလွ်ိဳ႕က စာသင္ခန္းထဲကို ဝင္လာတယ္။ ယြဲ႕လီက ဖုန္းကို ဖြက္လိုက္တယ္။ ဆရာမလွ်ိဳ႕က ခ်ီရင္ဆီကို တည့္တည့္လမ္းေလွ်ာက္လာၿပီး သူမကို စိုးရိမ္ပူပန္စြာ ၾကည့္တယ္။ ထို႔ေနာက္ သူမကို သူမႏွင့္အတူ ႐ုံးခန္းကို သြားဖို႔ ေျပာတယ္။

ခ်ီရင္ထြက္သြားေတာ့ ေကာင္ေလးအခ်ိဳ႕က အေျပးေျပာၾကတယ္။ " အတန္းေဖာ္သစ္ေရာက္လာတာ တစ္ရက္ပဲ႐ွိေသးတယ္! အတန္း၉ က အမိႈက္ေကာင္ေတြက တကယ္အလကားပဲ"

"တကယ္ပါပဲ၊ နားမၾကားတဲ့သူကို အႏိုင္က်င့္ရတယ္လို႔!"

"က်ီရန္က အၿမဲတမ္း ျပႆနာႀကီးေတြ လုပ္ၿပီး ဘယ္လိုေနေန ဒုကၡမေရာက္ဘူး။ ဘာလို႔မ်ား အထူးေက်ာင္းသူကို တစ္ခုခုလုပ္ႏိုင္ရတာလဲ!"

"ဒီကိစၥက ေက်ာင္းအုပ္ႀကီးႏွင့္ ဆိုင္သြားၿပီ။ သူ ဒီတစ္ႀကိမ္မွာ ဘာလုပ္ႏိုင္မလဲ ၾကည့္ၾကတာေပါ့"

"အရင္ စာသင္ႏွစ္ဝက္တုန္းက သူက စီနီယာတစ္ေယာက္ကို ေဆး႐ုံအေရာက္ပို႔ခဲ့တာေလ! ငါက သူအထုတ္ခံရမွာ ထင္ေနခဲ့တာ။ ဒါေပမဲ့ ဘာမွမျဖစ္သြားဘူး။ ဒီတစ္ႀကိမ္ေတာ့ သူထြက္ေျပးလို႔မရေတာ့ဘူး။ သူမက သူရဲေကာင္းတစ္ေယာက္ရဲ႕ကေလးေလ!"

အတန္း ၂ ထဲဲမွာ က်ီရန္ကို ႀကိဳက္ေနတဲ့ မိန္းကေလးေတြ အမ်ားႀကီး႐ွိတယ္။ သူတို႔က ခ်က္ခ်င္းပဲ ျငင္းၾကတယ္။ "ငါက ဘယ္လိုျဖစ္မွန္းမသိဘူး။ ဒါေပမဲ့ က်ီရန္က ဘယ္ေတာ့မွ မိန္းကေလးေတြကို မ႐ိုက္ဘူး"

"အတင္းေျပာတဲ့ပါးစပ္ေတြ၊ အတန္းထဲမွာသာ ေျပာရဲတာ။ နင္တို႔ က်ီရန္ေ႐ွ႕မွာ ေျပာရဲတဲ့သတၱိ႐ွိၾကလား?"

အတန္းထဲမွာ ဆူညံေနေပမဲ့ ႐ုံးခန္းထဲမွာေတာ့ ခ်ီရင္က ဆရာမလွ်ိဳ႕ဆီကေန ဘာေတြျဖစ္ေနမွန္း သိလိုက္ရတယ္။ မၾကာခင္မွာ သင္ၾကားေရးဒါ႐ိုက္တာႏွင့္ ေက်ာင္းအုပ္ႀကီးက အေျပးေရာက္လာတယ္။

ငါတို႔ သူရဲေကာင္းရဲ႕ကေလးကို ေႏြးေထြးပ်ဴငွာတဲ့ ပတ္ဝန္းက်င္တစ္ခုကို ေပးသင့္တယ္လို႔ ေျပာခဲ့တယ္။ ရလာဒ္အေနနဲ႔ ေက်ာင္းပထမဆုံးရက္မွာတင္ ဒီလိုမ်ိဳး ျဖစ္လာခဲ့တယ္။ သင္ၾကားေရးဒါ႐ိုက္တာက ေဒါသထြက္ေနတယ္။ " ကြၽန္ေတာ္ ခင္ဗ်ားကို ေျပာခဲ့သားပဲ! က်ီရန္ကို ထိန္းသိမ္းထားတာက က်ိန္စာတစ္ခုပါပဲလို႔၊ အရင္စာသင္ႏွစ္ဝက္ကတည္းက ကြၽန္ေတာ္တို႔က သူ႕ကို ေက်ာင္းထုတ္လိုက္သင့္တာ။ သူက သိုးမည္းတစ္ေကာင္ပဲ!"

သူက ႐ုံးခန္းထဲကို ေရာက္ခ်ိန္မွာ စကားလမ္းေၾကာင္းကို ေျပာင္းၿပီး ခ်ီရင္ဘက္ကို လွည့္လိုက္တယ္။

ခ်ီရင္က မွတ္စုစာအုပ္မွာ ေဘာ့ပင္ႏွင့္ ေရးျပခဲ့တယ္: က်ီရန္က သမီးကို မ႐ိုက္ခဲ့ပါဘူး။ အထင္လြဲေနၾကတာပါ

သင္ၾကားေရး ဒါ႐ိုက္တာက လက္တစ္ဖက္ႏွင့္ ေရးျပတယ္။ ခ်ီရင္က နားမလည္ေသးခင္မွာ ခဏမွ် ဖတ္ၾကည့္တယ္: ခ်ီရင္၊ အမွန္ေျပာဖို႔ကို မေၾကာက္ပါနဲ႔! ဆရာတို႔ေက်ာင္းက သမီးကို ကာကြယ္ေပးမွာပါ!

ခ်ီရင္က ကိစၥအကုန္လုံးကို ေရးၿပီး ႐ွင္းျပမလို႔ လုပ္ေနတုန္း အခန္း၉ရဲ႕ အတန္းပိုင္ဆရာ လွ်ိဳ႕ေယာင္က က်ီရန္ကို ေခၚလာတယ္။

လွ်ိဳ႕ေယာင္က က်ီရန္နဲ႔ ပတ္သက္ၿပီး အပင္ပန္းခံမေနဘူး။ သူ မႀကိဳးစားခဲ့တာေတာ့မဟုတ္ဘူး။ အလကားျဖစ္သြားခဲ့လို႔ပါ။ က်ီရန္က အၿမဲတမ္း  လူေတြက သူတို႔ေျပာတာ အားလုံးကို သူၾကားမွၾကားရဲ႕လားဆိုၿပီး သံသယဝင္ေစႏိုင္တဲ့ ဂ႐ုမစိုက္တဲ့ မ်က္ႏွာေပးမ်ိဳးနဲ႔ပဲ။

ေနာက္ပိုင္းမွာ လွ်ိဳ႕ေယာင္က က်ီရန္ကို ဂ႐ုစိုက္ဖို႔ ၿငီးေငြ႕လာတယ္။ သူဘာမွ မလုပ္သေ႐ြ႕ လွ်ိဳ႕ေယာင္က မ်က္စိတစ္ဖက္ဖြင့္ၿပီး တစ္ဖက္ပိတ္ေပးထားတယ္။

ေနာက္ဆုံးေတာ့ သူက ဒီတစ္ႀကိမ္မွာ အထူးေက်ာင္းသူကို အႏိုင္က်င့္ခဲ့တယ္!

လွ်ိဳ႕ေယာင္က တစ္လမ္းလုံး သူ႕ကိုဆူလာေပမဲ့ က်ီရန္က ထူးမျခားနားဘဲ။ သူ႕မ်က္ခြံကို ပင့္ၾကည့္ဖို႔ေတာင္ ပ်င္းရိေနတယ္။

သူက ႐ုံးခန္းထဲကို ဝင္ဝင္ခ်င္း ခ်ီရင္က လိမ္လိမ္မာမာႏွင့္ ထိုင္ေနတာကို ျမင္လိုက္တယ္။ သူ႕ႏူတ္ခမ္းေတြက ျဖည္းျဖည္းခ်င္းျပဳံးလာၿပီး သူက ထိုင္ခုံေပၚကို ပ်င္းရိစြာ ထိုင္ခ်တယ္။

သင္ၾကားေရးဒါ႐ိုက္တာက ထခုန္ေတာ့မတတ္ပဲ။ "မင္း မတ္တပ္ရပ္ရမယ္!"

က်ီရန္က မတ္တပ္မရပ္ခဲ့ဘူး။ သူက ေျခေထာက္ေတြေတာင္ ခ်ိတ္လိုက္ေသးတယ္။ သူ႕ကိုၾကည့္ရတာ ေဆးလိပ္ေတာင္ မီးညႇိခ်င္ေနသလိုပဲ။

ဆရာေတြအားလုံးရဲ႕ မ်က္ႏွာက ၾကည့္ရဆိုးလာတယ္။ ေက်ာင္းအုပ္ႀကီးက သူ႕ကို ႐ႈပ္ေထြးစြာၾကည့္ၿပီး ေလးနက္တဲ့အသံႏွင့္ ေျပာတယ္။ "က်ီရန္၊ ဒီတစ္ႀကိမ္က ဘယ္လိုျဖစ္ရတာလဲ? ဆရာေတြအားလုံးေ႐ွ႕မွာ မင္း႐ွင္းျပပါဦး"

က်ီရန္ရဲ႕ မ်က္လုံးေတြက ပ်င္းရိလာပုံေပါက္ၿပီး သူ႕အသံကလည္း ေလ်ာ့တိေလ်ာ့ရဲနဲ႔။ " ႐ွင္းျပခ်က္ေကာင္းေကာင္း ႐ွိလို႔လား? ေက်ာင္းအုပ္ႀကီးက ကြၽန္ေတာ္ တစ္ေယာက္ေယာက္ကို ႐ိုက္တယ္လို႔ ထင္ထားၿပီးသားမလား? ကြၽန္ေတာ္႕ကို အျပစ္ဒဏ္သာ ေပးလိုက္ပါ"

သင္ၾကားေရးဒါ႐ိုက္တာက က်ီရန္ကို ထပ္ဆူခ်င္ေနေပမဲ့ ေက်ာင္းအုပ္ႀကီးက လက္လွမ္းၿပီး သူ႕ကိုတားလိုက္တယ္။ "မင္းက ကေလးမဟုတ္ေတာ့ဘူးဆိုတာ ငါသိပါတယ္။ မင္းက စိတ္လိုက္မာန္ပါလုပ္တတ္တယ္ဆိုေပမဲ့ အမွန္နဲ႔ အမွားကိုေတာ့ သိရမယ္"

စကားမၿပီးေသးခင္မွာပဲ သူ႕အက်ႌစက အဆြဲခံလိုက္ရတယ္။

ေက်ာင္းအုပ္ႀကီးက လွည့္ၾကည့္လိုက္ေတာ့ ခ်ီရင္က သူ႕ေနာက္မွာ ရပ္ေနၿပီး သူ႕ကို အတြင္းမွာ စာပိုဒ္တစ္ပိုဒ္ေရးထားတဲ့ မွတ္စုစာအုပ္ကို လႊဲေပးတယ္။ ဆရာေတြအားလုံးက ငုံ႔ၾကည့္တယ္။ စာဖတ္ၾကည့္ၿပီးတဲ့ေနာက္မွာ စိတ္ဆိုးေနတဲ့အၾကည့္ေတြက ႐ုတ္တရက္ ႐ႈပ္ေထြးလာၾကတယ္။

ေက်ာင္းအုပ္ႀကီးရဲ႕ မ်က္ႏွာေပၚမွာ အျပဳံးတစ္ပြင့္႐ွိေနတယ္။ သူက က်ီရန္ကို လွည့္ၾကည့္ၿပီး "ငါေျပာသားပဲ။ မင္းက အမွန္နဲ႔ အမွားကို သိတဲ့ကေလးပါလို႔။ မင္းက ဘာလို႔ ဒီလိုေကာင္းတဲ့ကိစၥကို ဆရာေတြကို ႐ွင္းမျပရတာလဲ?"

က်ီရန္: ...

သူ ဘာလုပ္ခဲ့လို႔လဲ? ဒါက ေကာင္းတဲ့တစ္ခုခုနဲ႔ ဘယ္လိုမ်ား ပတ္သတ္သြားရတာလဲ?

ေက်ာင္းအုပ္ႀကီး: " အျခားေက်ာင္းကေက်ာင္းသားဆိုးေတြက ခ်ီရင္ကို အႏိုင္က်င့္ၾကတယ္။ မင္းကျမင္ၿပီး ကူညီေပးခဲ့ေပမဲ့လည္း အရာအားလုံးကို အၾကမ္းဖက္ၿပီး ေျဖ႐ွင္းတာကေတာ့ မေကာင္းလို႔ မင္းက ကိုယ့္ကိုကိုယ္ မထိခိုက္ေအာင္ လူနာယာဥ္ေခၚခဲ့တယ္။ ဒါေပမဲ့ ေနာက္တစ္ခါက်ရင္ မင္း ရဲကိုလည္း ေခၚရမယ္! ဒီတစ္ႀကိမ္မွာ မင္းက ခ်ီရင္ကို ကာကြယ္ေပးခဲ့တယ္။ ေက်ာင္းမွာ ဆုေပး၊ ဒဏ္ေပးစနစ္က ႐ွင္း႐ွင္းလင္းလင္းႀကီး ႐ွိပါတယ္။ ဒီတစ္ႀကိမ္မွာ မင္းကို အမွတ္ပို ေပးမယ္"

က်ီရန္: ...

ဘယ္သူက ေစာက္အမွတ္ပိုကို လိုခ်င္ေနလို႔လဲ?

သူက ခ်ီရင္ကို စိတ္မ႐ွည္စြာႏွင့္ၾကည့္ၿပီး ေကာင္မေလးကို စျပဳံးျပမိတယ္။ အဲ့ဒီေနာက္မွာေတာ့ သူ႕အမူအရာက ေအးခဲသြားတယ္။ သူက က်ိန္ဆဲလိုက္ၿပီး သူ႕မ်က္လႊာကို ေအာက္ခ်လိုက္တယ္။

ကိစၥက ေျဖ႐ွင္းၿပီးသြားၿပီး ခ်ီရင္ႏွင့္ က်ီရန္က သူတို႔စာသင္ခန္းဆီကို ျပန္ခဲ့ၾကတယ္။ အတန္း၂ ႏွင့္ အတန္း၉ က ခန္းမရဲ႕ အစႏွင့္ အဆုံးဘက္မွာ။ ေလွကားေတြကို တက္သြားၿပီးေတာ့ သူတို႔ႏွစ္ေယာက္လုံး ဘယ္ညာကိုယ္စီ လွည့္ခဲ့တယ္။

ေလွကားထစ္ေတြကို တက္သြားခ်ိန္မွာ ခ်ီရင္က သူ႕ေနာက္ကေန လိမ္လိမ္မာမာႏွင့္ လိုက္လာတယ္။

ကိုယ္ပိုင္စာၾကည့္ခ်ိန္ျဖစ္တဲ့အတြက္ စႀကၤလမ္းမွာ တစ္ေယာက္မွ မ႐ွိဘူး။ က်ီရန္က ေလွကားထစ္ေတြကို တက္သြားၿပီး ျပန္လွည့္လာတယ္။

ခ်ီရင္က သူႏွင့္ ႏွစ္ထစ္အကြာမွာ ရပ္ၿပီး သူ႕ကို ၾကည့္ေနတယ္။ သူမမ်က္လုံးေတြက ႏူးညံၿပီး အျပဳံးတစ္ခုႏွင့္အတူေပါ့။

သူမထက္ ျမင့္တဲ့ေနရာမွာ ရပ္ေနတဲ့ က်ီရန္က ျပဳံးၿပီး "ငါက မင္းကို ဘယ္တုန္းက ကယ္ခဲ့တာလဲ?"

ခ်ီရင္က သူေျပာတာကို မၾကားႏိုင္ဘူး။ သူမ ႏူတ္ခမ္းေထာင့္စြန္းကို လွ်ာနဲ႔သပ္ၿပီး လိမ္လိမ္မာမာႏွင့္ ျပဳံးျပတယ္။ ေနာက္တစ္ႀကိမ္ထပ္ၿပီး အဲ့အၾကည့္မ်ိဳးနဲ႔ပဲ။

က်ီရန္က သူ႕ႏွလုံးခုန္သံကို ခဏေလာက္ ခံစားမိတယ္။ သူအျပဳံးကို ဖယ္႐ွားၿပီး သူမကို ေအးတိေအးစက္ႏွင့္ ခက္ထန္စြာ ခ်ိန္းေျခာက္တယ္။ "ေလာင္ဇူ႕ကို ဘယ္ေတာ့မွ ထပ္မရယ္ျပနဲ႔! ေလာင္ဇူ႕ေနာက္ကိုလည္း ထပ္မလိုက္နဲ႔! မင္းၾကားရဲ႕လား?"
(T.N: ေလာင္ဇူ႕-မင္းအေဖ)

ခ်ီရက္က မ်က္လုံးေလးကလယ္ကလယ္ႏွင့္။

သူက ျပန္လွည့္ၿပီး အျမန္ထြက္သြားတယ္။

ခ်ီရင္က သူ႕ေနာက္ကေန လက္ယမ္းျပတယ္။

အတန္းထဲျပန္ေရာက္ေတာ့ သူမဝင္ဝင္ခ်င္း အတန္းက တိတ္ဆိတ္သြားတယ္။ ခ်ီရင္က အာ႐ုံစိုက္ခံရတဲ့ ခံစားခ်က္မ်ိဳးကို မႀကိဳက္ဘူး။ ဒါေပမဲ့ ေကာလဟာလကို သတိရသြားၿပီး သတၱိေမြး၍ စင္ျမင့္ေပၚကို လမ္းေလွ်ာက္ကာ ေျမျဖဴကို ေကာက္ကိုင္လိုက္တယ္။

အတန္းက ကိုယ္ပိုင္စာေလ့လာခ်ိန္ကို အာ႐ုံမစိုက္ေတာ့ဘဲ သူမကို အံ့ဩတႀကီးၾကည့္ေနၾကတယ္။

ခ်ီရင္က တစ္ႀကိမ္ကို အျခစ္တစ္ခ်က္ ဆြဲတယ္: က်ီရန္က ငါ့ကို ႐ိုက္တာ မဟုတ္ပါဘူး။ ငါကဘမေန႔တုန္းက တျခားေက်ာင္းက အႏိုင္က်င့္တဲ့တစ္ေယာက္နဲ႔ ေတြ႕ခဲ့လို႔ သူက ငါ့ကို ကူညီတာပါ

သူမက ေဘာဖ်က္ယူၿပီး ေက်ာက္သင္ပုန္းကို မဖ်က္ခင္ သူမရဲ႕အတန္းေဖာ္ေတြကို လွည့္ၾကည့္ၿပီး ျပဳံးျပတယ္။ သူမထိုင္ခုံဆီ ျပန္သြားၿပီး ထိုင္ေတာ့ ယြဲ႕လီက အရမ္းစိတ္လႈပ္႐ွားေနတယ္။ သူမမ်က္ႏွာက ဖတ္ၾကည့္လို႔ရတယ္။ သူမ စာေရးၿပီး
ေမးတယ္: ရင္ရင္၊ နင္အရင္ကတည္းက က်ီရန္နဲ႔ သိတာလား?

ခ်ီရင္က ေခါင္းခါျပတယ္။

ယြဲ႕လီက အံ့ဩသြားတယ္: ဒါေပမဲ့ သူက နင့္ကို ကူညီခဲ့တာေလ။ က်ီရန္က စိတ္အေႏွာက္ေပးၿပီး အရမ္းခက္ထန္လြန္းတယ္! နင္က ၾကည့္ေကာင္းလို႔မ်ားလား?

ခ်ီရင္က အေလးအနက္ ေရးတယ္: မဟုတ္ပါဘူး။ သူက လူေကာင္းတစ္ေယာက္ပါ

သူမရဲ႕ စစ္သူႀကီးက ကမ႓ာေပၚမွာ အေကာင္းဆုံးလူသားပါ။

သူက ရန္သူေတြဖမ္းထားတဲ့ သုံ႔ပန္းေတြကို ကယ္ဖို႔အတြက္နဲ႔ စစ္ေျမျပင္က ရန္သူ႕စခန္းေတြကို စြန္႔စားၿပီးသြားခဲ့တယ္။

သူ႕ရဲ႕ တဲကိုေတာင္ ဒဏ္ရာရေနတဲ့ စစ္သားေတြကို ေပးၿပီး သူ႕ရဲ႕ကိုယ္ပိုင္ရိကၡာကိုေတာင္ စစ္တပ္အစားအစာအတြက္ ေပးခဲ့တယ္။

သူက သူ႕ဘဝတစ္ေလွ်ာက္လုံးမွာ လူေတြအတြက္ တိုက္ခိုက္ခဲ့တယ္။ သူေသၿပီးေနာက္ပိုင္း သူ႕ခႏၶာကိုယ္က ေဘက်င္းကို ျပန္ေရာက္လာေတာ့ လူထုက ႀကိဳဆိုခဲ့ၾကတယ္။

အခုေတာ့ ကမ႓ာႀကီးက ေအးခ်မ္းေနတယ္။ သူမရဲ႕စစ္သူႀကီးက ရန္သူေတြကို သတ္ဖို႔ တိုက္ခိုက္စရာမလိုေတာ့ဘူး။ ကမ႓ာႀကီးက သူမရဲ႕စစ္သူႀကီးအေပၚမွာ အေတာ္ေလး အထင္လြဲေနပုံရတယ္။

ဒါေပမဲ့ သူမစစ္သူႀကီးက ေျပာင္းလဲမသြားဘူးဆိုတာကိုေတာ့ သူမသိတယ္။

သူမရဲ႕သူရဲေကာင္း၊ သူမဘယ္ေနရာမွာပဲ႐ွိေနေန၊ အခ်ိန္ႏွင့္ေနရာေျပာင္းသြားေျပာင္းသြား ကိစၥမ႐ွိပါဘူး ။သူမက ထိုရဲရင့္လွတဲ့ ႏွလုံးသားကိုေတာ့ ဘယ္ေတာ့မွ ေမ့ႏိုင္မည္မဟုတ္ေပ။


​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း(Myanmar Translation)Where stories live. Discover now