Chapter(2.2)

1.3K 219 24
                                    

Unicode

Chapter(2.2)သူမ သူ့ကို တိုးတိုးလေးခေါ်လိုက်တယ်၊ "စစ်သူကြီး"

ချွီတာ့ကျွမ်းက လျို့ဟိုင်ရန်ကို တိတ်တိတ်နေဖို့ အမူအရာလုပ်ပြလိုက်တယ်။

အခြားကျောင်းသားတွေ ခြိမ်းခြောက်နေတဲ့ လေထုအငွေ့အသက်ကြောင့် အသံတစ်သံမှ မထွက်ရဲတာကို အသာထား၊ သူ့နောက်ကို အမြဲလိုက်နေတဲ့ ဆယ်ကျော်သက်အုပ်စုတောင်မှ  အသံတိတ်ကုန်ကြတယ်။

အတော်ကြာတဲ့နောက်မှာ အေးစက်တဲ့အသံက လေထဲမှာ ထွက်ပေါ်လာတယ်။ "အဲ့ဒါက အရမ်းဂုဏ်ယူစရာကောင်းတယ်လား?

ချွီတာ့ကျွမ်းက ဇဝေဇဝါဖြစ်သွားတယ်: "ဘာကြီး? ရန်ကော ဘာပြောလိုက်တာလဲ?"
(T.N: 哥-ကော: အကိုကြီး)

ခုံပေါ်မှာ လှဲနေတဲ့ ကောင်လေးက နောက်ဆုံးမှာတော့ မော့ကြည့်လာတယ်။ သူ့ရဲ့ ရှုပ်ပွနေတဲ့ ဆံပင်စတွေက  သူ့ရဲ့ ဓားတစ်ချောင်းလို စူးရှတဲ့ အနက်ရောင်မျက်ဝန်းတစ်စုံကို ဖုံးအုပ်ထားတယ်။ သူ လူတွေကို ကြည့်လိုက်တိုင်း ဓားသွားတစ်ချက် ဖြတ်သွားသလိုပဲ။ သူက သူ့နူတ်ခမ်းတွေကို ဟန်လုပ်ပြုံးလိုက်တယ်။ "ငါပြောတာက မင်းရဲ့အသက်ကို လူတွေအတွက် စွန့်လွှတ်အနစ်နာခံပေးတာ အရမ်းဂုဏ်ယူစရာကောင်းလားလို့?"

ကျီရန်နဲ့ အချိန်အကြာကြီး ပေါင်းပြီးနောက်ပိုင်းမှာ သူ အခု စိတ်ကသိကအောက်ဖြစ်နေတယ်ဆိုတာမှ မသိရင် သူတို့ပေါင်းသင်းလာတာ အလကားဖြစ်သွားမှာပေါ့။

ဘယ်သူကမှ ပြန်မဖြေရဲကြဘူး။

ကျီရန်က တိုးတိတ်စွာ ရယ်လိုက်ပြီး ခုံပေါ်မှာ ပြန်လှဲလိုက်တယ်။

ကျောင်းမဆင်းခင်အချိန်အထိ စာသင်ခန်းရဲ့ ဆူညံလှတဲ့ နောက်ဆုံးအတန်းက ကြက်ပေါက်လေးတစ်ကောင်လိုပဲ တိတ်ဆိတ်လွန်းလှတယ်။ ဆရာတွေတောင်မှ ဒီကျောင်းသားဆိုးတွေက ဒီနေ့ အရမ်းနာခံနေလို့ အံ့သြယူရတယ်။

ကျောင်းခေါင်းလောင်း မြည်သွားပြီးချင်းပဲ အတန်း ၈ က လော့ပင်းက အပြေးရောက်လာပြီး: "ရန်ကော! လီမျိုးရိုးနဲ့ကလေးက ကျွန်တော့်ကို အခုသတင်းလာပို့တယ်။ ပထမနှစ်မှာ  အစ်ကို့ကို မိမစစ်ဖမစစ်ကောင် လို့ခေါ်တဲ့ ကျောင်းသားသစ်တစ်ယောက် ရှိတယ်တဲ့!"

​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း(Myanmar Translation)Where stories live. Discover now