Chapter(5)

969 149 2
                                    

Unicode

Chapter(5)

အတန်းတွေအားလုံး တရားဝင်စတင်ချိန်မှာ ကျောင်းရဲ့ကန်တင်းကလည်း စတင်လည်ပတ်နေပြီဖြစ်တယ်။ ကျောင်းသားတွေက ကန်တင်း ဒါမှမဟုတ်ရင် ကျောင်းဘေးဝန်းကျင်က စားသောက်ဆိုင်အသေးလေးတွေမှာ နေ့လည်စာစားကြတယ်။ ဟိုင်ချန်ကျောင်းကန်တင်းက သန့်ရှင်းကောင်းမွန်တဲ့ အစားအသောက်တွေကြောင့် လူသိများတယ်၊ ကျောင်းသားအများစုက ကန်တင်းမှာစားဖို့ ရွေးကြတယ်။

ကျောင်းခေါင်းလောင်းထိုးပြီးချိန်မှာ မြောက်များလှစွာသောကောင်လေးတွေက အတန်းအပြင်ဘက်ကို လေလိုဘဲ ပြေးထွက်ကြတယ်။ သင်္ချာဆရာက ဒီမြင်ကွင်းကို ရိုးနေပြီဖြစ်လို့ သင်ခန်းစာဇယားကို ယူရင်း ဟာသပြောလိုက်တယ်: “ သူတို့တွေ စာသင်နှစ်ရဲ့ပထမဆုံးဝက်ရိုးချိုချဉ်ဟင်းစားရပါစေလို့ ငါဆုတောင်းပေးပါတယ်”

ဟိုင်ချန်ကန်တင်းရဲ့ အမှတ်သင်္ကေတက ဝက်ရိုးချိုချဉ်ဘဲလေ။

ယွဲ့လီက ချီရင်နှင့်အတူ သင်ခန်းစာတွေကို ငေးကြည့်နေခဲ့တာ၊ အတန်းဖော်တွေ နေ့လည်စာစားဖို့ အပြေးသွားတာမြင်တော့ သူမလည်း ကန်တင်းကို သုတ်ခြေတင်ပြေးသွားတော့တယ်။

ယွဲ့လီက ဝံပုလွေအုပ်စုရဲ့ ဝက်ရိုးချိုချဉ်ပေါ်ထားရှိတဲ့အချစ်ကို အထင်သေးခဲ့မိတယ်။ မိန်းကလေးတွေရောက်တဲ့အချိန်မှာ လင်ဗန်းတွေထဲမှာ ဘာမှမရှိတော့ဘူး။

ဒါကြောင့် သူတို့က ငါးချိုချဉ်လုံးစားဖို့ ရွေးလိုက်ကြတော့တယ်။

နေ့လည်စာစားချိန်မှာ နေရာတိုင်းမှာ လူတွေချည်းပဲ။ ယွဲ့လီက ချီရင့်ကို ဦးဆောင်ပြီး ထမင်းစားဖို့နေရာရှာချိန်မှာ စားပွဲအလွတ်တစ်လုံးမှ မရှိတော့ဘူး။ ပုံမှန်အတိုင်းသာဆိုရင် အခြားအတန်းဖော်တွေနှင့် ပေါင်းပြီး စားပွဲရှာရမယ်။ ယွဲ့လီမှာ ရွေးစရာမရှိဘူး။ သူမက သူတို့အတန်းက အတန်းဖော်တွေကို ရှာတွေ့သွားပြီး သူမပန်းကန်နှင့်အတူ သူတို့ဆီကိုလမ်းလျှောက်သွားတယ်။

မှန်တံခါးဘေးက လူတစ်ယောက်တည်းထိုင်နေတဲ့ စားပွဲတစ်လုံးကလွဲရင် အခြားထမင်းစားပွဲတွေက အပြည့်နီးပါးပဲ။

လူတွေက ဝင်လာလိုက်ထွက်သွားလိုက်ကြနှင့်ပဲ၊ ဘယ်သူမှ မထိုင်ကြဘူး။ သူတို့က အဲ့စားပွဲကို တစ်ချက်လေးတောင် မကြည့်ရဲကြဘူး။

ယွဲ့လီက မလှမ်းမကမ်းက သူမရဲ့အတန်းဖော်ကို လှမ်းပြောလိုက်တယ်: “ဘာလို့အဲ့မှာထိုင်နေပြန်တာလဲ? ဒီနေရာက လက်ဆေးကန်နဲ့နီးတော့ ပိုအရသာရှိနေတယ်ပေါ့!”

သူမ ပြောပြီးပြီးချင်းမှာပဲ ဆူညံလှတဲ့ကန်တင်းတစ်ခုလုံးက ရုတ်တရက်တိတ်ဆိတ်သွားတယ်။

ယွဲ့လီက ကြောက်လွန်းလို့ သူမပါးစပ်ကို အုပ်လိုက်မိတယ်၊ သူမအသံက အရမ်းကျယ်သွားလို့လားလို့ တွေးနေချိန်မှာ လူတိုင်းရဲ့မျက်လုံးက တံခါးဆီရောက်သွားတာကို မြင်လိုက်တယ်။ သူမက နောက်ကို ပြန်လှည့်ကြည့်လိုက်ပါတယ်။ သူမရဲ့နေ့လည်စာဗန်းတောင် ပြုတ်ကျတော့မလိုပဲ။

ခုလေးတင် သူမနောက်မှာရှိနေတဲ့ ချီရင်က ဘယ်လိုလုပ်ပြီး ကျီရန်နှင့်မျက်နှာချင်းဆိုင် ထိုင်နေမှန်း သူမ မသိတော့ပါဘူး။

ဟိုင်ချန်အမှတ်တစ်အထက်တန်းကျောင်းမှာ ကျီရန်က အခြားလူတွေနှင့် တစ်စားပွဲတည်း ထမင်းမစားဘူးဆိုတာ ဘယ်သူက မသိဘဲနေလို့လဲ၊ သူ့နောက်လိုက်ဆယ်ကျော်သက်အုပ်စုတောင် ဒီစည်းကမ်းကို မချိုးဖောက်ကြဘူး။

ကျီရန်က ပထမဆုံးရောက်လာချိန်မှာ ဒီလူသစ်လေးက သွားရှုပ်ဖို့ ခက်ခဲမယ်လို့ ဘယ်သူကမှ မထင်ထားကြဘူး။ အဲ့ဒီအချိန်မှာ အားကစားသိပ္ပံကျောင်းက စီနီယာကျောင်းသားက ရန်စပြီး ကျီရန်နှင့်မျက်နှာချင်းဆိုင်မှာ လာထိုင်ခဲ့တဲ့အတွက် ဟင်းပူတွေထည့်ထားတဲ့လင်ဗန်းနှင့် ကျောင်းက ဆရာတွေနှင့် ကျောင်းသားတွေရှေ့မှာပဲ အရိုက်ခံလိုက်ရတယ်။

ဒေါသထွက်ထွက်နှင့် ကျီရန်က သူ့ရဲ့ရှေ့သွားနှစ်ချောင်းကို ချိုးလိုက်တယ်။

အဲ့ဒီအချိန်ကစပြီး လူတိုင်းက သူ့ကို ရှောင်ကွင်းသွားကြတယ်။

ယွဲ့လီက ကြောက်လွန်းလို့ သေတော့မယ်။ သူမက အော်လိုက်ချင်ပေမဲ့ ချီရင်က သူမကို ကြားမှာမဟုတ်ဘူးဆိုတာကို သတိရသွားတယ်၊ သူမက ဒီလိုတွေးမိပေမဲ့လည်း တကယ်မလုပ်ရဲပါဘူး။

ကန်တင်းတစ်ခုလုံးက ထူးဆန်းသည့်တိတ်ဆိတ်မှုဖြင့် ပိတ်ဖုံးသွားတယ်။

ချီရင်က သူမနှင့်မျက်နှာချင်းဆိုင်က ဆယ်ကျော်သက်လေးကို တကယ်ကြီးပြုံးပြနေတာပဲ။

သူမက တကယ်တော့ အနည်းငယ်မပျော်မရွှင်ဖြစ်မိတယ်။ လူတိုင်းက ရယ်မောပြီးစနောက်နေပေမဲ့ ဘာလို့ သူမရဲ့စစ်သူကြီးက ဒီမှာတစ်ယောက်တည်း ထိုင်နေရတာလဲ?

ဒီကလူတွေက အတင်းအဖျင်းစကားတွေနှင့် သူ့ကို အထင်လွဲနေကြတာပဲ။

ဒါကတော့ လွန်လွန်းအားကြီးတယ်!

ကျီရန်က ချီရင်ကို ခဏလောက် ကြည့်ပြီး ဘာမှမတုန့်ပြန်ခဲ့ဘူး။

ချီရင်က မျက်တောင်လေးခတ်ပြီး စဉ်းစားမရဖြစ်ကာ သူ့ကိုပြုံးပြ၍ ခေါင်းကိုငုံ့ကာ စစားတော့တယ်။

သူမက စားနေချိန်မှာ ကြည့်ကောင်းနေတယ်။ သူမရဲ့မျက်တောင်ရှည်လေးတွေက သူမအစာ ဝါးနေချိန်မှာ အပေါ်အောက် တဖျပ်ဖျပ်လှုပ်နေတယ်။

ချွီတာ့ကျွမ်းနှင့် လျို့ဟိုင်ရန်က သူတို့ဘေးက စားပွဲမှာထိုင်နေကြတယ်။ သူတို့က အသံတစ်သံထွက်မိမှာတောင် စိုးရိမ်နေမိတယ်။ ကျီကောက သူတို့ကို ပန်းကန်နှင့် ရိုက်မှာကို သူတို့ကြောက်တယ်လေ။

ကျီရန်က သူမကို အကြာကြီးကြည့်ပြီးနောက် နောက်ဆုံးမှာ လှုပ်ရှားလာတယ်။

လူတိုင်းက သက်ပြင်းချလိုက်ကြတယ်။

ထို့နောက် ကျောင်းလူဆိုးကောင်လေးက စွပ်ပြုတ်ကို ဇွန်းအပြည့်ခပ်ပြီး သူ့ပါးစပ်ထဲ သွပ်ပြီး ခေါင်းကိုငုံကာ ထမင်းဆက်စားတာကို မြင်လိုက်ကြရတယ်။

ကျောင်းသူကျောင်းသားများ: ???

ချွီတာ့ကျွမ်းက စားပွဲကို ဇွန်းနှင့်ခေါက်လိုက်တယ်: “ဘာကို ကြည့်နေကြတာလဲ? မစားရင် ထွက်သွားကြလေ!”

ပတ်ပတ်လည်ကမျက်လုံးတွေက အကြည့်လွှဲသွားပြီး ကန်တင်းက ပြန်ဆူညံလာတယ်။ ယွဲ့လီက လွတ်နေတဲ့နေရာကို သွားပြီးထိုင်ကာ သူမအတန်းဖော်တွေရဲ့မျက်လုံးတွေကို ကြည့်လိုက်တယ်။

“အခြေအနေက ဘာလဲ?”

ယွဲ့လီက အံ့ဩမှင်သက်စွာဖြင့် “ဟိန်”

အတန်းခေါင်းဆောင် ချန်မိန်က တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောတယ်၊ “ဖြစ်နိုင်တာက….ကျီရန်က အထူးကျောင်းသူကျောင်းသားတွေအပေါ် သည်းခံနိုင်တာပဲ”

ဟုတ်သားပဲ၊ တကယ်တမ်းကျ သူက အရင်နေ့တုန်းက ချီရင်ကို ကူညီခဲ့သေးတယ်လေ။ ဒီလိုနဲ့ ကျီရန်က အရမ်းဖော်ရွေပြီး တွေးပေးတတ်သားပဲ။

အခြားတစ်ဖက်မှာ အရမ်းဖော်ရွေပြီး တွေးပေးတတ်တဲ့သူငယ်ချင်းလေး ကျီရန်က စွပ်ပြုတ်ကို အလုတ် အနည်းငယ်သောက်ပြီး သူ့လက်ထဲမှာ ကိုင်ထားတဲ့ဇွန်းကို ကျစ်ကျစ်ဆုပ်ကိုင်ထားတယ်။ တကယ်လို့ ချီရင်သာ ကြားနိုင်မယ်ဆိုရင် သူက သူမကို ဆူနေတာ၊ “မင်းကို ဒီလောင်ဇူးနဲ့ ဝေးဝေးနေပါလို့ သတိမပေးခဲ့ဘူးလား?”

ချွီတာ့ကျွမ်းက သူ့ခေါင်းလေးကို ပြူကြည့်ပြီး: “ အာ၊ ဘာပြောလိုက်တာလဲဟင်?”

ကျီရန်: “ သွားစမ်း”

ချွီတာ့ကျွမ်း: “…..အို့”

သူမခေါင်းကို ငုံ့စားနေတဲ့ချီရင်က လှုပ်ရှားမှုကို မြင်ပြီး သူမခေါင်းကို မသိစိတ်၏စေ့ဆော်မှုကြောင့် ခေါင်းထောင်ကာ ကောင်လေးကို ကြည့်လိုက်တယ်။

စစ်သူကြီးက အရမ်းခက်ထန်နေပုံပေါက်နေတယ်။

အစားအသောက်က အရသာမရှိလို့များလား?

သူမက သူ့ပန်းကန်ဆီ မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တော့ ပန်းကန်ထဲမှာ ယွဲ့လီပြောတဲ့ အကောင်းဆုံးဆိုတဲ့ ဝက်ရိုးချိုချဉ်က ရှိနေတယ်။ ထူးဆန်းလိုက်တာ။

ချီရန်က ဒါကို တွေးကြညိ့ပြီး မသုံးရသေးတဲ့ဇွန်းကို ကိုင်ပြီး သူမပန်းကန်းထဲက ငါးအသားလုံးကို ခပ်လိုက်ပြီး ကျီရန့်ရဲ့ပန်းကန်းပြားပေါ် တင်ပေးလိုက်တယ်။

ကျီရန်: ???

ချီရင်က အသံတိတ်ပြောတယ်၊ “ဒါက အရသာရှိတယ်”

ကျီရန်: “….”

သူက သူမရဲ့ပါးစပ်လှုပ်ရုံစကားတွေကို နားလည်နေတယ်။

သူမမျက်လုံးတွေက သေလောက်အောင် ဖြူစင်လွန်းတယ်။ မြည်းကြည့်စမ်းပါလို့ ပြောနေသလိုပဲ။

ကျီရန်က အနည်းငယ်တုံ့ဆိုင်းသွားပြီး စတင်လှုပ်ရှားလာတယ်။ သူက တူနှင့်ငါးအသားလုံးကို ဘေးကိုချလိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်တယ်၊ “သေလိုက်ပါတော့ကွာ”

သူက ငါးအသားလုံးကို မစားခဲ့ဘူး၊ သူ့ထမင်းကိုတောင် ပြီးအောင်မစားဘဲ ထရပ်ပြီး ထွက်သွားတယ်။

ချွီတာ့ကျွမ်းက သူ့ပါးစပ်ကို သုတ်ပြီး အမြန်လိုက်သွားတယ်။

ချီရင်က သူ့နောက်ကျောကို ကြည့်ပြီး အနည်းငယ်ဝမ်းနည်းသွားတယ်။

ဒီဘဝက စစ်သူကြီးက အလှမ်းမှီဖို့ ခက်တဲ့ပုံပဲ။

သူ့တစ်ကိုယ်လုံးမှာ ဆူးတွေရှိနေသလိုပါပဲ။

သူမက ခေါင်းကို ငုံ့ပြီး သူမပါးစပ်ထဲကို ကျန်နေတဲ့အစားအစာတွေကို ထိုးသွင်းနေတယ်။

ကျီရန်ထွက်သွားတော့မှ ယွဲ့လီလည်း လာရဲတော့တယ်။ သူမက သူမပါးစပ်က ဆီကိုတောင် မသုတ်ဘဲ သူမဖုန်းကိုထုတ်ပြီး ချီရင့်ကို စာရိုက်ပြတယ်: ရင်ရင်ကျီရန်က တခြားလူတွေနဲ့ တစ်စားပွဲတည်း ဘယ်တော့မှ ထိုင်စားဘူးဟ!! သူနှင့်မျက်နှာချင်းဆိုင်မှာ ထိုင်ဖို့ကြိုးစားတဲ့ နောက်ဆုံးတစ်ယောက်က သွားနှစ်ချောင်းကျွတ်သွားတယ်!

ချီရင်:???

သူမက ကြောက်ကြောက်နှင့် ပါးစပ်ကိုအုပ်လိုက်တယ်။

တောင်းပန်ပါတယ်၊ သူမက စစ်သူကြီးကို အပြစ်တင်မိသွားပြီ!

စစ်သူကြီးက တကယ်တော့ မဆိုးပါဘူး။ သူက အဲ့လူတွေကို သနားညှာတာမှုတောင် ပြခဲ့သေးတာပဲ။

နေ့လည်ခင်းမှာ အတန်းတစ်ခုလုံးက ကျောင်းလူဆိုးဗိုလ်က အထူးကျောင်းသူနှင့် နေ့လည်စာအတူစားခဲ့ကြောင်း သိသွားကြတယ်။ နောက်ဆုံးတော့ ထိပ်ဆုံးတန်းက လှုပ်ရှားမှုတိုင်းက ပျင်းစရာကောင်းတဲ့စာသင်ချိန်တွေမှာ အတင်းပြောစရာတွေ ဖြစ်သွားတယ်။

မိန်းကလေးအိမ်သာထဲမှာ မြောက်များစွာသော မိန်းကလေးတွေက ကြောက်စရာကောင်းအောင် အတင်းတုပ်နေကြပါတယ်:

သူရဲကောင်းက မနေ့ကယ်ခဲ့တဲ့အလှလေးနဲ့ ထမင်းစားနေပါသတဲ့လေအဲ့ဒါ အချစ်ရဲ့စည်းချက်ပဲလားဟဲ့?

ဖြစ်နိုင်တာ?! ကျီရန်က ရွှယ်မန်ချင်ကိုတောင် အထင်သေးတာကိုသူက အဲ့ဒီနားကန်းတဲ့တစ်ယောက်ကို ကြည့်ပါ့လား?

ဒါပေမဲ့ အထူးကျောင်းသူက ရွှယ်မန်ချင်ထက် ချောတယ်ဟ။

ကျီရန်က ဂေးမဟုတ်ဘူးလား?


???

! !! !!

ဟေးငါ့ကိုကြည့်နဲ့လေအဲ့ဒါ ငါပြောတာမဟုတ်ဘူး! လူတိုင်းက နောက်ကွယ်မှာ အဲ့လိုပြောနေကြတာသူက မိန်းကလေးတွေကို အေးတိအေးစက်နဲ့လေတုန်ထုန်တောင် ဖွင့်ပြောခဲ့တာကို သူကလက်ခံဘူးလေငါကြားတာတော့ ရွှယ်မန်ချင်က သူ့ဆီကနေ သုံးလေးကြိမ်လောက် အငြင်းခံတယ်တဲ့!

နောက်က အိမ်သာတံခါးက ကျွီခနဲ ပွင့်လာတယ်။

ရွှယ်မန်ချင်က အထဲကနေ မည်းမှောင်နေတဲ့မျက်နှာနှင့် ထွက်လာတယ်။

အတင်းပြောတဲ့ကောင်မလေးတွေအများကြီးက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အမြန်ပြေးသွားကြတယ်။

နေ့လည်ခင်းက မြန်မြန်ဆန်ဆန် ကျော်လွန်သွားတယ်။

ကျောင်းနောက်ဆုံးချိန်မှာ ယွီကျိူးက ချီရင်ကို စာပို့လာတယ်: “အစ်မ၊ ငါ ကျောင်းဂျူတီကျလို့။ ငါ့ကို စာသင်ခန်းထဲကနေ စောင့်နေနော်”

ချီရင်က သူ့ကို စာပြန်လိုက်တယ်: OK

ယွီကျိုးက ထပ်ပြောတယ်: ဒီနေ့ ကျီရန်က အစ်မကို တစ်စားပွဲခုံတည်းမှာ ထမင်းစားခွင့်ပြုတယ်ဆို? သူ့နားမကပ်နဲ့၊ သူက တကယ်ကောင်းတဲ့လူ မဟုတ်ဘူး။

ချီရင်က သူ့ကို ဒီအကြိမ်မှာတော့ ဥပေက္ခာပြုထားလိုက်တယ်။

ယွဲ့လီက ချီရင်ရဲ့မှတ်စုတွေကို ကူးပြီးတော့ သူမကို နူတ်ဆက်လိုက်တယ်၊ “ရင်ရင်၊ ငါ နင့်ကို မစောင့်ပေးနိုင်တော့လို့နော်။ ငါ မနက်ဖြန်ပထမဆုံးအတန်းချိန်ကျ စကားထွက်ပြောရမှာမလို့၊ အိမ်စောစောပြန်ပြီး ပြန်လေ့ကျင့်ရမှာ!”

ချီရင်က ခေါင်းငြိမ့်ပြလိုက်တယ်။ သူမက နောက်နေ့မှာ စာလုံးပေါင်းသတ်ပုံရေးတာမှာ မပါနိုင်ပေမဲ့လည်း အင်္ဂလိပ်စာအုပ်ကိုထုတ်ပြီး စပြီး ပြန်လေ့လာနေလိုက်တယ်။ တစ်နာရီလောက်ကြာတော့ ယွီကျိုးရဲ့wechatကနေသူမကို အောက်ဆင်းလာပြီး စာသင်ဆောင်အပြင်ဘက်က အစိမ်းရောင်အပင်တွေနားမှာ သူ့ကို စောင့်နေဖို့ပြောတဲ့စာကို ရခဲ့တယ်။

ချီရင်က သူမလွယ်အိတ်ကို ထုပ်ပိုးပြီး သန့်ရှင်းရေးတာဝန်ကျနေတဲ့သူမရဲ့ကျန်နေတဲ့ အတန်းဖော်တွေကို လက်ပြပြီး အခန်းထဲက ထွက်လာခဲ့တယ်။

လှေကားကနေ ဆင်းလာချိန်မှာ ကျောင်းသားခုနှစ်ယောက်ရှစ်ယောက်လောက်က ထောင့်ကနေထွက်လာကြတယ်။ ကောင်လေးတွေနှင့် ကောင်မလေးတွေက သူ့ကိုဝင်ပေါက်ကနေ စင်္ကြံလမ်းထိ သူမကို ပြုံးပြပြီး မေးလာတယ်၊ “ဟေး၊ အအလေး ၊ ကျောင်းဆင်းပြီလား?”

ချီရင်က မကြားရပေမဲ့ သူတို့အပြုံးတွေက မဖော်ရွေဘူးဆိုတာ ခံစားမိပြီး သူတို့ကို မျက်မှောင်ကျုံ့ကြည့်တယ်။

သူမဘေးကလူတွေက သူမကို ဝိုင်းပြီး လမ်းပိတ်ထားလိုက်ကြတယ်။

အရှေ့မှာရှိတဲ့ကောင်မလေးက သူမကို အနည်းငယ်တွန်းလိုက်တယ်၊ “အနေပေမဲ့လည်း လူတွေကို ဆွဲဆောင်နေတုန်းပဲ။ စကားများပြောတတ်ရင် ကျောင်းကကောင်လေးတွေအကုန်လုံးကို ဆွဲဆောင်နေမှာမလား?”

ကောင်လေးအချို့က အကျယ်ကြီး အော်ရယ်တယ်၊ “မဟုတ်တာ မပြောစမ်းပါနဲ့၊ ဘယ်သူက ဆွံ့အနားမကြားကို ကြိုက်မှာလဲ?”


စင်္ကြံလမ်းကို သန့်ရှင်းရေးလုပ်တဲ့ကျောင်းသားတွေက လှည့်ကြည့်ကြတော့ ခေါင်းဆောင်တွေထဲက တစ်ယောက်က ကြည့်ပြီး ပြောလိုက်တယ်၊ “အရူးမထစမ်းပါနဲ့!”

သူတို့တွေက အမြန်ထွက်ပြေးသွားကြတယ်။ သူတို့တွေက ဒုတိယအထပ်မှာရှိနေကြတာ၊ အတန်းတွေကလည်း လူမရှိလုနီးပါးပဲ။ ချီရင်က သူတို့ဘာလုပ်ချင်နေမှန်းမသိသလို ထွက်သွားလို့လည်း မရဘူး။ သူမက အမြန်အော်ခေါ်တယ်။

ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အချိန်မှာ သူမက လှေကားမှာ ရင်းနှီးတဲ့ပုံရိပ်လေးကို မြင်တော့ သူမမျက်ဝန်းတွေက အရောင်လက်သွားတယ်။

ကျီရန်ပဲ။

သူမဘေးက လူတွေက သူ့ကိုမြင်တော့ သူတို့မျက်နှာမှာ ကြောက်ရွံ့မှုတွေပေါ်လာတယ်။ ဒါပေမဲ့လည်း ကျီရန်က သူမကို မမြင်ချင်ယောင်ဆောင်ပြီး အခြေအနေကို စောင်းတောင်မကြည့်ဘဲ ထွက်သွားချိန်မှာ သူတို့တွေ အံ့အားသင့်သွားတယ်။

လူတွေက သက်ပြင်းချလိုက်ကြတယ်။ ချီရင့်မျက်ဝန်းထဲက အလင်းရောင်က တစ်မဟုတ်ချင်း အရောင်မှိန်ကျသွားတယ်။

ကောင်လေးတွေထဲက တစ်ယောက်က နှာမူတ်ပြီး သူမမျက်နှာကို ခြစ်ဖို့ လက်လှမ်းလိုက်တယ်: “မင်းတို့ မထင်ကြဘူးလား၊ ဒီသနားစရာကောင်းတဲ့အမူအရာလေးက. တကယ် ဆွဲဆောင်မှုရှိတယ်”

ချီရင်က ရုတ်ချင်းဆိုသလို သူ့ကိုတွန်းထုတ်လိုက်တယ်။
သူမက ငြိမ်ငြိမ်လေးရပ်နေပြီး သူတို့ကို အနိုင်ကျင့်ခွင့်ပေးထားပြီးတော့မှ ရုတ်တရက်တွန်းထုတ်လိုက်တော့ ကောင်လေးက ကြိုမတွေးထားခဲ့ဘူး။ သူက လှေကားထစ်မှာ ရပ်နေပေမဲ့ သတိလွတ်သွားပြီး နောက်ကိုလှန်ပြီး လှေကားပေါ်ကနေ ကျယ်လောင်စွာပြုတ်ကျသွားတယ်။

အချို့လူတွေက အံ့ဩထိတ်လန့်သွားကြတယ်၊အော်ဟစ်ပြီး ပြုတ်ကျသွားတဲ့ကောင်လေးက ဒေါသထွက်ကာ အမြန်ထရပ်ပြီး ချီရင်ရဲ့မျက်နှာကိုရိုက်ဖို့ လက်မြှောက်လိုက်တယ်။

သူ့လက်မောင်းတွေ လေထဲရောက်နေတုန်းမှာပဲ လှမ်းဆွဲခံလိုက်ရတယ်။

ကောင်လေးက လှည့်ပြီး အော်လိုက်တယ်၊ “ငါ…” သူ့နောက်ကလူကိုမြင်တော့ သူ့ရဲ့ကျန်တဲ့စကားလုံးတွေကို မြိုချပလိုက်ရတယ်။

ကျီရန်က အေးတိအေးစက်မျက်နှာနှင့် အဲ့ဒီမှာ မတ်တပ်ရပ်နေတယ်၊ သူ့ရဲ့လက်ချောင်းရှည်တွေက ကောင်လေးရဲ့လက်မောင်းကို ဖိ ညှပ်ပြီး ၊ သူ့ကိုလှည့်ကြည့်တဲ့ နာကျင်နေတဲ့မျက်နှာထားနှင့်ကောင်လေးကို စကားတစ်လုံးပဲ ပြောလိုက်တယ်: “သွား”

ကျောင်းသားဆိုးအုပ်စုက အတူတူ ထွက်ပြေးသွားကြတယ်။

ချီရင်ရဲ့မျက်ရည်တွေက နောက်ဆုံးတော့ ကျလာတယ်။

ကျီရန်က သူမကို စိတ်မရှည်တော့တဲ့အမူအရာနှင့် ငုံ့ကြည့်တယ်၊ “ဘာလို့ငိုနေတာလဲ? ဒဏ်ရာရသွားတာလား?”

သူမက ပိုတောင်ငိုလာသေးတယ်။

သူက သူ့ဘယ်ညာအိတ်ကပ်ကို စမ်းကြည့်တယ်၊ ဘာမှရှိမနေဘူး။ နောက်တုံး သူ့ကျောင်းလွယ်အိတ်ထဲက သင်္ချာစာအုပ်ကိုထုတ်ပြီး စာရွက်တစ်ရွက်ကိုဖြဲ၊ ခေါက်၊ ဖိပြီးတော့ ချီရင့်ကို ပေးလိုက်တယ်: “မငိုနဲ့။ လူတွေမြင်ရင် ဒီလောင်ဇူးက မင်းကို အနိုင်ကျင့်တယ်လို့ ထင်နေကြလိမ့်မယ်”

သူမက စာရွက်အခေါက်လေးကိုယူပြီး မျက်လုံးထောင့်က မျက်ရည်တွေကို သုတ်လိုက်တယ်။

ကျီရန်က ထပ်မေးပြန်တယ်၊ “မင်းရဲ့မောင်လေးကရော? သူက ဘာလို့ မင်းကို လာမကြိုတာလဲ?”



ချီရင်က သူ့နူတ်ခမ်းတွေကို စိုက်ကြည့်နေတယ်၊ သူမရဲ့မျက်လုံးတွေက နီရဲနေလေရောပဲ။

ကျီရန်က အဲ့အကြည့်ကို တောင့်မခံနိုင်ဘူး။

သူက နောက်ကိုကြည့်ပြီး သူမရဲ့အိတ်ကို လက်မောင်းပေါ်လွယ်ပြီး အောက်ဆင်းသွားတယ်၊ ချီရင်က သူ့နောက်ကို အမြန်လိုက်တယ်။ လှေကားနှစ်ထစ်ဆင်းပြီးတော့ ကျီရွှမ်က အောက်ငုံ့ကြည့်လိုက်တယ်။

သူမက သူ့အင်္ကျီစကို နောက်တစ်ကြိမ်ထပ်ဆွဲထားပြန်ပြီ။

လက်ချောင်းထိပ်လေးတွေက ဖြူဖွေးတောက်ပနေပြီး သူမက သူစိတ်မပျော်မရွှင်ဖြစ်သွားမှာကြောက်လို့ မသိမသာအားလေးနှင့် သူ့အင်္ကျီစရဲ့ အစွန်းလေးကို ဂရုတစိုက်လိမ်ဆွဲထားတယ်။

သူ့အကြည့်ကို သတိထားမိတော့ ချီရင်က သူမလက်ချောင်းတွေကို ဖြေလျှော့ပေးလိုက်ပေးမဲ့ လွတ်ပေးလိုက်ဖို့ တွန့်ဆုတ်နေတယ်။

ကျီရန်က ခဏလောက် ရပ်လိုက်ပြီး သူ့ပုခုံးပေါ်ကကျောင်းယူနီဖောင်းရဲ့ လက်အနားကို နောက်ကိုပေးလိုက်တယ်။

သူက စိတ်မရှည်စွာဖြင့် ပြောတယ်၊ “ဒါကို ကိုင်ထား”

~~~

Zawgyi

Chapter(5)

အတန္းေတြအားလုံး တရားဝင္စတင္ခ်ိန္မွာ ေက်ာင္းရဲ႕ကန္တင္းကလည္း စတင္လည္ပတ္ေနၿပီျဖစ္တယ္။ ေက်ာင္းသားေတြက ကန္တင္း ဒါမွမဟုတ္ရင္ ေက်ာင္းေဘးဝန္းက်င္က စားေသာက္ဆိုင္အေသးေလးေတြမွာ ေန႔လည္စာစားၾကတယ္။ ဟိုင္ခ်န္ေက်ာင္းကန္တင္းက သန္႔႐ွင္းေကာင္းမြန္တဲ့ အစားအေသာက္ေတြေၾကာင့္ လူသိမ်ားတယ္၊ ေက်ာင္းသားအမ်ားစုက ကန္တင္းမွာစားဖို႔ ေ႐ြးၾကတယ္။

ေက်ာင္းေခါင္းေလာင္းထိုးၿပီးခ်ိန္မွာ ေျမာက္မ်ားလွစြာေသာေကာင္ေလးေတြက အတန္းအျပင္ဘက္ကို ေလလိုဘဲ ေျပးထြက္ၾကတယ္။ သခ်ၤာဆရာက ဒီျမင္ကြင္းကို ႐ိုးေနၿပီျဖစ္လို႔ သင္ခန္းစာဇယားကို ယူရင္း ဟာသေျပာလိုက္တယ္: “ သူတို႔ေတြ စာသင္ႏွစ္ရဲ႕ပထမဆုံးဝက္႐ိုးခ်ိဳခ်ဥ္ဟင္းစားရပါေစလို႔ ငါဆုေတာင္းေပးပါတယ္”

ဟိုင္ခ်န္ကန္တင္းရဲ႕ အမွတ္သေကၤတက ဝက္႐ိုးခ်ိဳခ်ဥ္ဘဲေလ။

ယြဲ႕လီက ခ်ီရင္ႏွင့္အတူ သင္ခန္းစာေတြကို ေငးၾကည့္ေနခဲ့တာ၊ အတန္းေဖာ္ေတြ ေန႔လည္စာစားဖို႔ အေျပးသြားတာျမင္ေတာ့ သူမလည္း ကန္တင္းကို သုတ္ေျခတင္ေျပးသြားေတာ့တယ္။

ယြဲ႕လီက ဝံပုေလြအုပ္စုရဲ႕ ဝက္႐ိုးခ်ိဳခ်ဥ္ေပၚထား႐ွိတဲ့အခ်စ္ကို အထင္ေသးခဲ့မိတယ္။ မိန္းကေလးေတြေရာက္တဲ့အခ်ိန္မွာ လင္ဗန္းေတြထဲမွာ ဘာမွမ႐ွိေတာ့ဘူး။

ဒါေၾကာင့္ သူတို႔က ငါးခ်ိဳခ်ဥ္လုံးစားဖို႔ ေ႐ြးလိုက္ၾကေတာ့တယ္။

ေန႔လည္စာစားခ်ိန္မွာ ေနရာတိုင္းမွာ လူေတြခ်ည္းပဲ။ ယြဲ႕လီက ခ်ီရင့္ကို ဦးေဆာင္ၿပီး ထမင္းစားဖို႔ေနရာ႐ွာခ်ိန္မွာ စားပြဲအလြတ္တစ္လုံးမွ မ႐ွိေတာ့ဘူး။ ပုံမွန္အတိုင္းသာဆိုရင္ အျခားအတန္းေဖာ္ေတြႏွင့္ ေပါင္းၿပီး စားပြဲ႐ွာရမယ္။ ယြဲ႕လီမွာ ေ႐ြးစရာမ႐ွိဘူး။ သူမက သူတို႔အတန္းက အတန္းေဖာ္ေတြကို ႐ွာေတြ႕သြားၿပီး သူမပန္းကန္ႏွင့္အတူ သူတို႔ဆီကိုလမ္းေလွ်ာက္သြားတယ္။

မွန္တံခါးေဘးက လူတစ္ေယာက္တည္းထိုင္ေနတဲ့ စားပြဲတစ္လုံးကလြဲရင္ အျခားထမင္းစားပြဲေတြက အျပည့္နီးပါးပဲ။

လူေတြက ဝင္လာလိုက္ထြက္သြားလိုက္ၾကႏွင့္ပဲ၊ ဘယ္သူမွ မထိုင္ၾကဘူး။ သူတို႔က အဲ့စားပြဲကို တစ္ခ်က္ေလးေတာင္ မၾကည့္ရဲၾကဘူး။

ယြဲ႕လီက မလွမ္းမကမ္းက သူမရဲ႕အတန္းေဖာ္ကို လွမ္းေျပာလိုက္တယ္: “ဘာလို႔အဲ့မွာထိုင္ေနျပန္တာလဲ? ဒီေနရာက လက္ေဆးကန္နဲ႔နီးေတာ့ ပိုအရသာ႐ွိေနတယ္ေပါ့!”

သူမ ေျပာၿပီးၿပီးခ်င္းမွာပဲ ဆူညံလွတဲ့ကန္တင္းတစ္ခုလုံးက ႐ုတ္တရက္တိတ္ဆိတ္သြားတယ္။

ယြဲ႕လီက ေၾကာက္လြန္းလို႔ သူမပါးစပ္ကို အုပ္လိုက္မိတယ္၊ သူမအသံက အရမ္းက်ယ္သြားလို႔လားလို႔ ေတြးေနခ်ိန္မွာ လူတိုင္းရဲ႕မ်က္လုံးက တံခါးဆီေရာက္သြားတာကို ျမင္လိုက္တယ္။ သူမက ေနာက္ကို ျပန္လွည့္ၾကည့္လိုက္ပါတယ္။ သူမရဲ႕ေန႔လည္စာဗန္းေတာင္ ျပဳတ္က်ေတာ့မလိုပဲ။

ခုေလးတင္ သူမေနာက္မွာ႐ွိေနတဲ့ ခ်ီရင္က ဘယ္လိုလုပ္ၿပီး က်ီရန္ႏွင့္မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနမွန္း သူမ မသိေတာ့ပါဘူး။

ဟိုင္ခ်န္အမွတ္တစ္အထက္တန္းေက်ာင္းမွာ က်ီရန္က အျခားလူေတြႏွင့္ တစ္စားပြဲတည္း ထမင္းမစားဘူးဆိုတာ ဘယ္သူက မသိဘဲေနလို႔လဲ၊ သူ႕ေနာက္လိုက္ဆယ္ေက်ာ္သက္အုပ္စုေတာင္ ဒီစည္းကမ္းကို မခ်ိဳးေဖာက္ၾကဘူး။

က်ီရန္က ပထမဆုံးေရာက္လာခ်ိန္မွာ ဒီလူသစ္ေလးက သြား႐ႈပ္ဖို႔ ခက္ခဲမယ္လို႔ ဘယ္သူကမွ မထင္ထားၾကဘူး။ အဲ့ဒီအခ်ိန္မွာ အားကစားသိပၸံေက်ာင္းက စီနီယာေက်ာင္းသားက ရန္စၿပီး က်ီရန္ႏွင့္မ်က္ႏွာခ်င္းဆိုင္မွာ လာထိုင္ခဲ့တဲ့အတြက္ ဟင္းပူေတြထည့္ထားတဲ့လင္ဗန္းႏွင့္ ေက်ာင္းက ဆရာေတြႏွင့္ ေက်ာင္းသားေတြေ႐ွ႕မွာပဲ အ႐ိုက္ခံလိုက္ရတယ္။

ေဒါသထြက္ထြက္ႏွင့္ က်ီရန္က သူ႕ရဲ႕ေ႐ွ႕သြားႏွစ္ေခ်ာင္းကို ခ်ိဳးလိုက္တယ္။

အဲ့ဒီအခ်ိန္ကစၿပီး လူတိုင္းက သူ႕ကို ေ႐ွာင္ကြင္းသြားၾကတယ္။

ယြဲ႕လီက ေၾကာက္လြန္းလို႔ ေသေတာ့မယ္။ သူမက ေအာ္လိုက္ခ်င္ေပမဲ့ ခ်ီရင္က သူမကို ၾကားမွာမဟုတ္ဘူးဆိုတာကို သတိရသြားတယ္၊ သူမက ဒီလိုေတြးမိေပမဲ့လည္း တကယ္မလုပ္ရဲပါဘူး။

ကန္တင္းတစ္ခုလုံးက ထူးဆန္းသည့္တိတ္ဆိတ္မႈျဖင့္ ပိတ္ဖုံးသြားတယ္။

ခ်ီရင္က သူမႏွင့္မ်က္ႏွာခ်င္းဆိုင္က ဆယ္ေက်ာ္သက္ေလးကို တကယ္ႀကီးျပဳံးျပေနတာပဲ။

သူမက တကယ္ေတာ့ အနည္းငယ္မေပ်ာ္မ႐ႊင္ျဖစ္မိတယ္။ လူတိုင္းက ရယ္ေမာၿပီးစေနာက္ေနေပမဲ့ ဘာလို႔ သူမရဲ႕စစ္သူႀကီးက ဒီမွာတစ္ေယာက္တည္း ထိုင္ေနရတာလဲ?

ဒီကလူေတြက အတင္းအဖ်င္းစကားေတြႏွင့္ သူ႕ကို အထင္လြဲေနၾကတာပဲ။

ဒါကေတာ့ လြန္လြန္းအားႀကီးတယ္!

က်ီရန္က ခ်ီရင္ကို ခဏေလာက္ ၾကည့္ၿပီး ဘာမွမတုန္႔ျပန္ခဲ့ဘူး။

ခ်ီရင္က မ်က္ေတာင္ေလးခတ္ၿပီး စဥ္းစားမရျဖစ္ကာ သူ႕ကိုျပဳံးျပ၍ ေခါင္းကိုငုံ႔ကာ စစားေတာ့တယ္။

သူမက စားေနခ်ိန္မွာ ၾကည့္ေကာင္းေနတယ္။ သူမရဲ႕မ်က္ေတာင္႐ွည္ေလးေတြက သူမအစာ ဝါးေနခ်ိန္မွာ အေပၚေအာက္ တဖ်ပ္ဖ်ပ္လႈပ္ေနတယ္။

ခြၽီတာ့ကြၽမ္းႏွင့္ လ်ိဳ႕ဟိုင္ရန္က သူတို႔ေဘးက စားပြဲမွာထိုင္ေနၾကတယ္။ သူတို႔က အသံတစ္သံထြက္မိမွာေတာင္ စိုးရိမ္ေနမိတယ္။ က်ီေကာက သူတို႔ကို ပန္းကန္ႏွင့္ ႐ိုက္မွာကို သူတို႔ေၾကာက္တယ္ေလ။

က်ီရန္က သူမကို အၾကာႀကီးၾကည့္ၿပီးေနာက္ ေနာက္ဆုံးမွာ လႈပ္႐ွားလာတယ္။

လူတိုင္းက သက္ျပင္းခ်လိုက္ၾကတယ္။

ထို႔ေနာက္ ေက်ာင္းလူဆိုးေကာင္ေလးက စြပ္ျပဳတ္ကို ဇြန္းအျပည့္ခပ္ၿပီး သူ႕ပါးစပ္ထဲ သြပ္ၿပီး ေခါင္းကိုငုံကာ ထမင္းဆက္စားတာကို ျမင္လိုက္ၾကရတယ္။

ေက်ာင္းသူေက်ာင္းသားမ်ား: ???

ခြၽီတာ့ကြၽမ္းက စားပြဲကို ဇြန္းႏွင့္ေခါက္လိုက္တယ္: “ဘာကို ၾကည့္ေနၾကတာလဲ? မစားရင္ ထြက္သြားၾကေလ!”

ပတ္ပတ္လည္ကမ်က္လုံးေတြက အၾကည့္လႊဲသြားၿပီး ကန္တင္းက ျပန္ဆူညံလာတယ္။ ယြဲ႕လီက လြတ္ေနတဲ့ေနရာကို သြားၿပီးထိုင္ကာ သူမအတန္းေဖာ္ေတြရဲ႕မ်က္လုံးေတြကို ၾကည့္လိုက္တယ္။

“အေျခအေနက ဘာလဲ?”

ယြဲ႕လီက အံ့ဩမွင္သက္စြာျဖင့္ “ဟိန္”

အတန္းေခါင္းေဆာင္ ခ်န္မိန္က တြန္႔ဆုတ္တြန္႔ဆုတ္ႏွင့္ ေျပာတယ္၊ “ျဖစ္ႏိုင္တာက….က်ီရန္က အထူးေက်ာင္းသူေက်ာင္းသားေတြအေပၚ သည္းခံႏိုင္တာပဲ”

ဟုတ္သားပဲ၊ တကယ္တမ္းက် သူက အရင္ေန႔တုန္းက ခ်ီရင္ကို ကူညီခဲ့ေသးတယ္ေလ။ ဒီလိုနဲ႔ က်ီရန္က အရမ္းေဖာ္ေ႐ြၿပီး ေတြးေပးတတ္သားပဲ။

အျခားတစ္ဖက္မွာ အရမ္းေဖာ္ေ႐ြၿပီး ေတြးေပးတတ္တဲ့သူငယ္ခ်င္းေလး က်ီရန္က စြပ္ျပဳတ္ကို အလုတ္ အနည္းငယ္ေသာက္ၿပီး သူ႕လက္ထဲမွာ ကိုင္ထားတဲ့ဇြန္းကို က်စ္က်စ္ဆုပ္ကိုင္ထားတယ္။ တကယ္လို႔ ခ်ီရင္သာ ၾကားႏိုင္မယ္ဆိုရင္ သူက သူမကို ဆူေနတာ၊ “မင္းကို ဒီေလာင္ဇူးနဲ႔ ေဝးေဝးေနပါလို႔ သတိမေပးခဲ့ဘူးလား?”

ခြၽီတာ့ကြၽမ္းက သူ႕ေခါင္းေလးကို ျပဴၾကည့္ၿပီး: “ အာ၊ ဘာေျပာလိုက္တာလဲဟင္?”

က်ီရန္: “ သြားစမ္း”

ခြၽီတာ့ကြၽမ္း: “…..အို႔”

သူမေခါင္းကို ငုံ႔စားေနတဲ့ခ်ီရင္က လႈပ္႐ွားမႈကို ျမင္ၿပီး သူမေခါင္းကို မသိစိတ္၏ေစ့ေဆာ္မႈေၾကာင့္ ေခါင္းေထာင္ကာ ေကာင္ေလးကို ၾကည့္လိုက္တယ္။

စစ္သူႀကီးက အရမ္းခက္ထန္ေနပုံေပါက္ေနတယ္။

အစားအေသာက္က အရသာမ႐ွိလို႔မ်ားလား?

သူမက သူ႕ပန္းကန္ဆီ မ်က္လုံးတစ္ခ်က္ေဝ့ၾကည့္လိုက္ေတာ့ ပန္းကန္ထဲမွာ ယြဲ႕လီေျပာတဲ့ အေကာင္းဆုံးဆိုတဲ့ ဝက္႐ိုးခ်ိဳခ်ဥ္က ႐ွိေနတယ္။ ထူးဆန္းလိုက္တာ။

ခ်ီရန္က ဒါကို ေတြးၾကညိ့ၿပီး မသုံးရေသးတဲ့ဇြန္းကို ကိုင္ၿပီး သူမပန္းကန္းထဲက ငါးအသားလုံးကို ခပ္လိုက္ၿပီး က်ီရန္႔ရဲ႕ပန္းကန္းျပားေပၚ တင္ေပးလိုက္တယ္။

က်ီရန္: ???

ခ်ီရင္က အသံတိတ္ေျပာတယ္၊ “ဒါက အရသာ႐ွိတယ္”

က်ီရန္: “….”

သူက သူမရဲ႕ပါးစပ္လႈပ္႐ုံစကားေတြကို နားလည္ေနတယ္။

သူမမ်က္လုံးေတြက ေသေလာက္ေအာင္ ျဖဴစင္လြန္းတယ္။ ျမည္းၾကည့္စမ္းပါလို႔ ေျပာေနသလိုပဲ။

က်ီရန္က အနည္းငယ္တုံ႔ဆိုင္းသြားၿပီး စတင္လႈပ္႐ွားလာတယ္။ သူက တူႏွင့္ငါးအသားလုံးကို ေဘးကိုခ်လိုက္ၿပီး သူ႕ကိုယ္သူ ေျပာလိုက္တယ္၊ “ေသလိုက္ပါေတာ့ကြာ”

သူက ငါးအသားလုံးကို မစားခဲ့ဘူး၊ သူ႕ထမင္းကိုေတာင္ ၿပီးေအာင္မစားဘဲ ထရပ္ၿပီး ထြက္သြားတယ္။

ခြၽီတာ့ကြၽမ္းက သူ႕ပါးစပ္ကို သုတ္ၿပီး အျမန္လိုက္သြားတယ္။

ခ်ီရင္က သူ႕ေနာက္ေက်ာကို ၾကည့္ၿပီး အနည္းငယ္ဝမ္းနည္းသြားတယ္။

ဒီဘဝက စစ္သူႀကီးက အလွမ္းမွီဖို႔ ခက္တဲ့ပုံပဲ။

သူ႕တစ္ကိုယ္လုံးမွာ ဆူးေတြ႐ွိေနသလိုပါပဲ။

သူမက ေခါင္းကို ငုံ႔ၿပီး သူမပါးစပ္ထဲကို က်န္ေနတဲ့အစားအစာေတြကို ထိုးသြင္းေနတယ္။

က်ီရန္ထြက္သြားေတာ့မွ ယြဲ႕လီလည္း လာရဲေတာ့တယ္။ သူမက သူမပါးစပ္က ဆီကိုေတာင္ မသုတ္ဘဲ သူမဖုန္းကိုထုတ္ၿပီး ခ်ီရင့္ကို စာ႐ိုက္ျပတယ္: ရင္ရင္၊ က်ီရန္က တျခားလူေတြနဲ႔ တစ္စားပြဲတည္း ဘယ္ေတာ့မွ ထိုင္မစားဘူးဟ!! သူႏွင့္မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ဖို႔ႀကိဳးစားတဲ့ ေနာက္ဆုံးတစ္ေယာက္က သြားႏွစ္ေခ်ာင္းကြၽတ္သြားတယ္!

ခ်ီရင္:???

သူမက ေၾကာက္ေၾကာက္ႏွင့္ ပါးစပ္ကိုအုပ္လိုက္တယ္။

ေတာင္းပန္ပါတယ္၊ သူမက စစ္သူႀကီးကို အျပစ္တင္မိသြားၿပီ!

စစ္သူႀကီးက တကယ္ေတာ့ မဆိုးပါဘူး။ သူက အဲ့လူေတြကို သနားညႇာတာမႈေတာင္ ျပခဲ့ေသးတာပဲ။

ေန႔လည္ခင္းမွာ အတန္းတစ္ခုလုံးက ေက်ာင္းလူဆိုးဗိုလ္က အထူးေက်ာင္းသူႏွင့္ ေန႔လည္စာအတူစားခဲ့ေၾကာင္း သိသြားၾကတယ္။ ေနာက္ဆုံးေတာ့ ထိပ္ဆုံးတန္းက လႈပ္႐ွားမႈတိုင္းက ပ်င္းစရာေကာင္းတဲ့စာသင္ခ်ိန္ေတြမွာ အတင္းေျပာစရာေတြ ျဖစ္သြားတယ္။

မိန္းကေလးအိမ္သာထဲမွာ ေျမာက္မ်ားစြာေသာ မိန္းကေလးေတြက ေၾကာက္စရာေကာင္းေအာင္ အတင္းတုပ္ေနၾကပါတယ္:

သူရဲေကာင္းက မေန႔ကယ္ခဲ့တဲ့လွေလးနဲ႔ ထမင္းစားေပါတဲ့ေလ။ အဲ့ဒါခ်စ္ရဲ႕စည္းခ်က္ပဲလားဟဲ့?

မျစ္ႏိုင္တာ?! က်ီန္က ႐ႊယ္န္ခ်င္ကိုေတာင္ အထင္ေသးတာကိုသူက အဲ့ဒီနားကန္းတဲ့စ္ေယာက္ကို ၾကည့္ပါ့လား?

ဒါေမဲ့ထူးေက်ာင္းသူက ႐ႊယ္န္ခ်င္က္ခ်ာယ္ဟ။

က်ီန္က ေဂးဟုတ္ဘူးလား?


???

! !! !!

ဟးငါ့ကို မၾကည့္နဲ႔ေလ၊ အဲ့ဒါ ငါေျပာတာဟုတ္ဘူး! လူတိုင္းက ေနာက္ကြယ္မွာ အဲ့လိုေျပာေနၾကတာသူက မိန္းကေလးေတြကိုအးတိေအးက္နဲ႔ေလ။ တုန္ထုန္ေတာင္ ဖြင့္ေျပာခဲ့တာကို သူကလက္ခံဘူးေလ။ ငါၾကားတာေတာ့ ႐ႊယ္န္ခ်င္က သူ႕ဆီကေသုံးေလးႀကိမ္ေလာက္ အျင္းခံရတယ္တဲ့!

ေနာက္က အိမ္သာတံခါးက ကြၽီခနဲ ပြင့္လာတယ္။

႐ႊယ္မန္ခ်င္က အထဲကေန မည္းေမွာင္ေနတဲ့မ်က္ႏွာႏွင့္ ထြက္လာတယ္။

အတင္းေျပာတဲ့ေကာင္မေလးေတြအမ်ားႀကီးက တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီး အျမန္ေျပးသြားၾကတယ္။

ေန႔လည္ခင္းက ျမန္ျမန္ဆန္ဆန္ ေက်ာ္လြန္သြားတယ္။

ေက်ာင္းေနာက္ဆုံးခ်ိန္မွာ ယြီက်ိဴးက ခ်ီရင္ကို စာပို႔လာတယ္: “အစ္မ၊ ငါ ေက်ာင္းဂ်ဴတီက်လို႔။ ငါ့ကို စာသင္ခန္းထဲကေန ေစာင့္ေနေနာ္”

ခ်ီရင္က သူ႕ကို စာျပန္လိုက္တယ္: OK

ယြီက်ိဳးက ထပ္ေျပာတယ္: ဒီေန႔ က်ီရန္က အစ္မကို တစ္စားပြဲခုံတည္းမွာ ထမင္းစားခြင့္ျပဳတယ္ဆို? သူ႕နားမကပ္နဲ႔၊ သူက တကယ္ေကာင္းတဲ့လူ မဟုတ္ဘူး။

ခ်ီရင္က သူ႕ကို ဒီအႀကိမ္မွာေတာ့ ဥေပကၡာျပဳထားလိုက္တယ္။

ယြဲ႕လီက ခ်ီရင္ရဲ႕မွတ္စုေတြကို ကူးၿပီးေတာ့ သူမကို ႏူတ္ဆက္လိုက္တယ္၊ “ရင္ရင္၊ ငါ နင့္ကို မေစာင့္ေပးႏိုင္ေတာ့လို႔ေနာ္။ ငါ မနက္ျဖန္ပထမဆုံးအတန္းခ်ိန္က် စကားထြက္ေျပာရမွာမလို႔၊ အိမ္ေစာေစာျပန္ၿပီး ျပန္ေလ့က်င့္ရမွာ!”

ခ်ီရင္က ေခါင္းၿငိမ့္ျပလိုက္တယ္။ သူမက ေနာက္ေန႔မွာ စာလုံးေပါင္းသတ္ပုံေရးတာမွာ မပါႏိုင္ေပမဲ့လည္း အဂၤလိပ္စာအုပ္ကိုထုတ္ၿပီး စၿပီး ျပန္ေလ့လာေနလိုက္တယ္။ တစ္နာရီေလာက္ၾကာေတာ့ ယြီက်ိဳးရဲ႕wechatကေနသူမကို ေအာက္ဆင္းလာၿပီး စာသင္ေဆာင္အျပင္ဘက္က အစိမ္းေရာင္အပင္ေတြနားမွာ သူ႕ကို ေစာင့္ေနဖို႔ေျပာတဲ့စာကို ရခဲ့တယ္။

ခ်ီရင္က သူမလြယ္အိတ္ကို ထုပ္ပိုးၿပီး သန္႔႐ွင္းေရးတာဝန္က်ေနတဲ့သူမရဲ႕က်န္ေနတဲ့ အတန္းေဖာ္ေတြကို လက္ျပၿပီး အခန္းထဲက ထြက္လာခဲ့တယ္။

ေလွကားကေန ဆင္းလာခ်ိန္မွာ ေက်ာင္းသားခုႏွစ္ေယာက္႐ွစ္ေယာက္ေလာက္က ေထာင့္ကေနထြက္လာၾကတယ္။ ေကာင္ေလးေတြႏွင့္ ေကာင္မေလးေတြက သူ႕ကိုဝင္ေပါက္ကေန စႀကႍလမ္းထိ သူမကို ျပဳံးျပၿပီး ေမးလာတယ္၊ “ေဟး၊ အအေလး ၊ ေက်ာင္းဆင္းၿပီလား?”

ခ်ီရင္က မၾကားရေပမဲ့ သူတို႔အျပဳံးေတြက မေဖာ္ေ႐ြဘူးဆိုတာ ခံစားမိၿပီး သူတို႔ကို မ်က္ေမွာင္က်ံဳ႕ၾကည့္တယ္။

သူမေဘးကလူေတြက သူမကို ဝိုင္းၿပီး လမ္းပိတ္ထားလိုက္ၾကတယ္။

အေ႐ွ႕မွာ႐ွိတဲ့ေကာင္မေလးက သူမကို အနည္းငယ္တြန္းလိုက္တယ္၊ “အေနေပမဲ့လည္း လူေတြကို ဆြဲေဆာင္ေနတုန္းပဲ။ စကားမ်ားေျပာတတ္ရင္ ေက်ာင္းကေကာင္ေလးေတြအကုန္လုံးကို ဆြဲေဆာင္ေနမွာမလား?”

ေကာင္ေလးအခ်ိဳ႕က အက်ယ္ႀကီး ေအာ္ရယ္တယ္၊ “မဟုတ္တာ မေျပာစမ္းပါနဲ႔၊ ဘယ္သူက ဆြံ႕အနားမၾကားကို ႀကိဳက္မွာလဲ?”


စႀကႍလမ္းကို သန္႔႐ွင္းေရးလုပ္တဲ့ေက်ာင္းသားေတြက လွည့္ၾကည့္ၾကေတာ့ ေခါင္းေဆာင္ေတြထဲက တစ္ေယာက္က ၾကည့္ၿပီး ေျပာလိုက္တယ္၊ “အ႐ူးမထစမ္းပါနဲ႔!”

သူတို႔ေတြက အျမန္ထြက္ေျပးသြားၾကတယ္။ သူတို႔ေတြက ဒုတိယအထပ္မွာ႐ွိေနၾကတာ၊ အတန္းေတြကလည္း လူမ႐ွိလုနီးပါးပဲ။ ခ်ီရင္က သူတို႔ဘာလုပ္ခ်င္ေနမွန္းမသိသလို ထြက္သြားလို႔လည္း မရဘူး။ သူမက အျမန္ေအာ္ေခၚတယ္။

ဘာလုပ္လို႔လုပ္ရမွန္းမသိတဲ့အခ်ိန္မွာ သူမက ေလွကားမွာ ရင္းႏွီးတဲ့ပုံရိပ္ေလးကို ျမင္ေတာ့ သူမမ်က္ဝန္းေတြက အေရာင္လက္သြားတယ္။

က်ီရန္ပဲ။

သူမေဘးက လူေတြက သူ႕ကိုျမင္ေတာ့ သူတို႔မ်က္ႏွာမွာ ေၾကာက္႐ြံ႕မႈေတြေပၚလာတယ္။ ဒါေပမဲ့လည္း က်ီရန္က သူမကို မျမင္ခ်င္ေယာင္ေဆာင္ၿပီး အေျခအေနကို ေစာင္းေတာင္မၾကည့္ဘဲ ထြက္သြားခ်ိန္မွာ သူတို႔ေတြ အံ့အားသင့္သြားတယ္။

လူေတြက သက္ျပင္းခ်လိုက္ၾကတယ္။ ခ်ီရင့္မ်က္ဝန္းထဲက အလင္းေရာင္က တစ္မဟုတ္ခ်င္း အေရာင္မွိန္က်သြားတယ္။

ေကာင္ေလးေတြထဲက တစ္ေယာက္က ႏွာမူတ္ၿပီး သူမမ်က္ႏွာကို ျခစ္ဖို႔ လက္လွမ္းလိုက္တယ္: “မင္းတို႔ မထင္ၾကဘူးလား၊ ဒီသနားစရာေကာင္းတဲ့အမူအရာေလးက. တကယ္ ဆြဲေဆာင္မႈ႐ွိတယ္”

ခ်ီရင္က ႐ုတ္ခ်င္းဆိုသလို သူ႕ကိုတြန္းထုတ္လိုက္တယ္။
သူမက ၿငိမ္ၿငိမ္ေလးရပ္ေနၿပီး သူတို႔ကို အႏိုင္က်င့္ခြင့္ေပးထားၿပီးေတာ့မွ ႐ုတ္တရက္တြန္းထုတ္လိုက္ေတာ့ ေကာင္ေလးက ႀကိဳမေတြးထားခဲ့ဘူး။ သူက ေလွကားထစ္မွာ ရပ္ေနေပမဲ့ သတိလြတ္သြားၿပီး ေနာက္ကိုလွန္ၿပီး ေလွကားေပၚကေန က်ယ္ေလာင္စြာျပဳတ္က်သြားတယ္။

အခ်ိဳ႕လူေတြက အံ့ဩထိတ္လန္႔သြားၾကတယ္၊ေအာ္ဟစ္ၿပီး ျပဳတ္က်သြားတဲ့ေကာင္ေလးက ေဒါသထြက္ကာ အျမန္ထရပ္ၿပီး ခ်ီရင္ရဲ႕မ်က္ႏွာကို႐ိုက္ဖို႔ လက္ေျမႇာက္လိုက္တယ္။

သူ႕လက္ေမာင္းေတြ ေလထဲေရာက္ေနတုန္းမွာပဲ လွမ္းဆြဲခံလိုက္ရတယ္။

ေကာင္ေလးက လွည့္ၿပီး ေအာ္လိုက္တယ္၊ “ငါ…” သူ႕ေနာက္ကလူကိုျမင္ေတာ့ သူ႕ရဲ႕က်န္တဲ့စကားလုံးေတြကို ၿမိဳခ်ပလိုက္ရတယ္။

က်ီရန္က ေအးတိေအးစက္မ်က္ႏွာႏွင့္ အဲ့ဒီမွာ မတ္တပ္ရပ္ေနတယ္၊ သူ႕ရဲ႕လက္ေခ်ာင္း႐ွည္ေတြက ေကာင္ေလးရဲ႕လက္ေမာင္းကို ဖိ ညႇပ္ၿပီး ၊ သူ႕ကိုလွည့္ၾကည့္တဲ့ နာက်င္ေနတဲ့မ်က္ႏွာထားႏွင့္ေကာင္ေလးကို စကားတစ္လုံးပဲ ေျပာလိုက္တယ္: “သြား”

ေက်ာင္းသားဆိုးအုပ္စုက အတူတူ ထြက္ေျပးသြားၾကတယ္။

ခ်ီရင္ရဲ႕မ်က္ရည္ေတြက ေနာက္ဆုံးေတာ့ က်လာတယ္။

က်ီရန္က သူမကို စိတ္မ႐ွည္ေတာ့တဲ့အမူအရာႏွင့္ ငုံ႔ၾကည့္တယ္၊ “ဘာလို႔ငိုေနတာလဲ? ဒဏ္ရာရသြားတာလား?”

သူမက ပိုေတာင္ငိုလာေသးတယ္။

သူက သူ႕ဘယ္ညာအိတ္ကပ္ကို စမ္းၾကည့္တယ္၊ ဘာမွ႐ွိမေနဘူး။ ေနာက္တုံး သူ႕ေက်ာင္းလြယ္အိတ္ထဲက သခ်ၤာစာအုပ္ကိုထုတ္ၿပီး စာ႐ြက္တစ္႐ြက္ကိုၿဖဲ၊ ေခါက္၊ ဖိၿပီးေတာ့ ခ်ီရင့္ကို ေပးလိုက္တယ္: “မငိုနဲ႔။ လူေတြျမင္ရင္ ဒီေလာင္ဇူးက မင္းကို အႏိုင္က်င့္တယ္လို႔ ထင္ေနၾကလိမ့္မယ္”

သူမက စာ႐ြက္အေခါက္ေလးကိုယူၿပီး မ်က္လုံးေထာင့္က မ်က္ရည္ေတြကို သုတ္လိုက္တယ္။

က်ီရန္က ထပ္ေမးျပန္တယ္၊ “မင္းရဲ႕ေမာင္ေလးကေရာ? သူက ဘာလို႔ မင္းကို လာမႀကိဳတာလဲ?”



ခ်ီရင္က သူ႕ႏူတ္ခမ္းေတြကို စိုက္ၾကည့္ေနတယ္၊ သူမရဲ႕မ်က္လုံးေတြက နီရဲေနေလေရာပဲ။

က်ီရန္က အဲ့အၾကည့္ကို ေတာင့္မခံႏိုင္ဘူး။

သူက ေနာက္ကိုၾကည့္ၿပီး သူမရဲ႕အိတ္ကို လက္ေမာင္းေပၚလြယ္ၿပီး ေအာက္ဆင္းသြားတယ္၊ ခ်ီရင္က သူ႕ေနာက္ကို အျမန္လိုက္တယ္။ ေလွကားႏွစ္ထစ္ဆင္းၿပီးေတာ့ က်ီ႐ႊမ္က ေအာက္ငုံ႔ၾကည့္လိုက္တယ္။

သူမက သူ႕အက်ႌစကို ေနာက္တစ္ႀကိမ္ထပ္ဆြဲထားျပန္ၿပီ။

လက္ေခ်ာင္းထိပ္ေလးေတြက ျဖဴေဖြးေတာက္ပေနၿပီး သူမက သူစိတ္မေပ်ာ္မ႐ႊင္ျဖစ္သြားမွာေၾကာက္လို႔ မသိမသာအားေလးႏွင့္ သူ႕အက်ႌစရဲ႕ အစြန္းေလးကို ဂ႐ုတစိုက္လိမ္ဆြဲထားတယ္။

သူ႕အၾကည့္ကို သတိထားမိေတာ့ ခ်ီရင္က သူမလက္ေခ်ာင္းေတြကို ေျဖေလွ်ာ့ေပးလိုက္ေပးမဲ့ လြတ္ေပးလိုက္ဖို႔ တြန္႔ဆုတ္ေနတယ္။

က်ီရန္က ခဏေလာက္ ရပ္လိုက္ၿပီး သူ႕ပုခုံးေပၚကေက်ာင္းယူနီေဖာင္းရဲ႕ လက္အနားကို ေနာက္ကိုေပးလိုက္တယ္။

သူက စိတ္မ႐ွည္စြာျဖင့္ ေျပာတယ္၊ “ဒါကို ကိုင္ထား”



​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း(Myanmar Translation)Where stories live. Discover now