Chapter(3.2)

1.2K 211 8
                                    

Unicode~

Chapter(3.2) သူတို့ကို ဘယ်လိုဖြေရှင်းမှာလဲ?သူတို့ကို အသေသာရိုက်ပစ်

ဆရာဝန်က သူမကို ရိုးရှင်းစွာ တစ်ကြိမ်စစ်ဆေးပေးသည်။ "ဦးခေါင်းဒဏ်ရာတော့ မထင်ရှားပါဘူး။ ဆေးရုံမှာ စမ်းသပ်မှုတွေပိုလုပ်ဖို့ ခဏစောင့်ကြတာပေါ့"

ယွီကျိုးက ကျီရန်ကို စက္ကန့်အတော်ကြာ စိုက်ကြည့်လိုက်တယ်။

ကျီရန်ရဲ့ မျက်လုံးအစွန်းတွေက အောက်ကျနေတယ်။ နူတ်ခမ်းများက ဗိုလ်ကျသောအပြုံးမျိုး ချိတ်ဆွဲထားပြီး " မင်းက ဒီလောင်ဇီကို သဘောကောင်းတယ်လို့ တကယ်ကြီး ထင်နေတာလား?"

(T.N: လောင်ဇီဆိုတာ "မင်းအဖေ ငါ" အဲ့လိုမျိုးပြောချင်တာပါ။ ကိုယ့်ကိုကိုယ် အထက်စီးဆန်ဆန် ရည်ညွှန်းပြခြင်းပါပဲ)

ယွီကျိုးက ကျီရန်ဘေးမှာထိုင်နေတဲ့ ထက်မြက်ပြီး ချစ်စရာကောင်းတဲ့ ချီရင်ကို ကြည့်လိုက်တယ်။ သူမက သူ့အင်္ကျီစွန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လွှတ်မပေးဘူး။ သူ့နှလုံးသားက ချီးလိုပဲ ခံစားလိုက်ရတယ်။ သူ့အိတ်ကပ်ထဲမှ ဖုန်းက ရုတ်တရက်မြည်လာတယ်။

သူဖုန်းကိုင်လိုက်ပြီး တစ်ချက်ကြည့်လိုက်တယ်–––သူ့အဖေခေါ်နေတာပဲ။

ယွီကျိုးက ချက်ချင်းပင် ထိတ်လန့်သွားတယ်။

သူက တုန်လှုပ်စွာဖြင့် ဖုန်းပြန်ဖြေလိုက်တယ်။ တစ်ဘက်မှ ယွီချိန်က မေးသည်: " ကျောင်းဆင်းပြီလား? ငါအခုပဲ အလုပ်ဆင်းလာတာ၊ အခုမင်းနဲ့ ရင်ရင်ကို လာကြိုမယ့် လမ်းပေါ်မှာ ရောက်နေပြီ"

ယွီကျိုးက တကယ်ပဲ မပြောပြနိုင်တဲ့ ခါးသီးမှုတွေကို ခံစားနေရတယ်။ ဒါကြောင့် သူက သူ့မေးခွန်းကို ရှောင်တိမ်းလိုက်တယ်: "သားတို့က ဘတ်စ်ကားနှင့် ပြန်လို့ရပါတယ်။ အဖေ့လမ်းကနေ ခွဲထွက်ပြီး သားတို့ကို ကြိုစရာမလိုပါဘူး"

ယွီချိန်က ပြောတယ်: " ငါက ဘယ်လိုလုပ် ရင်ရင်ကို လူကြပ်တဲ့ဘတ်စ်ကားထဲမှာ ဖျစ်ညှစ်ခံခိုင်းရမှာလဲ? မင်း ငါ့ကို ကျောင်းမှာစောင့်နေလိုက်။ ငါမကြာခင် ရောက်တော့မယ်"

​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း(Myanmar Translation)Where stories live. Discover now