Chapter (11)

641 97 5
                                    

Unicode

Chapter(11)

ချီရင်က ဖုန်းmemoကို ဖတ်ရအောင် ကျီရန့်ဆီ လွှဲပေးလိုက်တယ်။ ပြောထားတာကတော့: အိမ်စာကို ကိုယ့်ဘာသာပဲ လုပ်ချင်တယ်

ကျီရန်က ဟဲကျင်းကို တစ်ချက်ကြည့်လိုက်ပြီး သုန်သုန်မှုန်မှုန်နှင့် ပြုံးလိုက်သည်: ငါသာ မိန်းမတွေကို ရိုက်တတ်တဲ့လူဆိုရင် မင်းတို့ ဘယ်လိုအဆုံးသတ်သွားလဲဆိုတာကို သိလား?”

ဟဲကျင်းနှင့်သူမရဲ့သူငယ်ချင်းတို့မျက်နှာတွေ ဖြူဖျော့ကုန်တယ်။

သူက သူတို့တွေကို စကားထပ်ပြောဖို့ပျင်းရိလွန်းတယ်၊ အေးတိအေးစက်ဖြင့် ပြောလိုက်တယ်၊ ကျောင်းလွယ်အိတ်ကို ပြန်သိမ်းလိုက်တော့

ဟဲကျင်းတစ်ယောက် စိတ်သက်သာရာရသွားပြီး စာမေးပွဲစာရွက်တွေကို သိမ်းရင်း အလုပ်ရှုပ်နေရှာတယ်။ ကျောင်းလွယ်အိတ်ကို ဇစ်ပိတ်ပြီးနောက်မှာ အောက်က ဖုန်တွေကို သုတ်ပေးပြီး အိတ်ကို ချီရင့်ဆီ ရိုရိုသေသေနှင့် ကမ်းပေးလိုက်တယ်။

ချီရင် ယူခါနီးမှာပဲ ကျီရန်က အရင်ယူလိုက်တယ်။

ဟဲကျင်းရဲ့ခြေထောက်တွေက  ပျော့ခွေနေတယ်၊ သူမနှင့် သူမရဲ့အဖော်က အချင်းချင်းမှီထားကြရတယ်၊ သူမက အသံတိုးတိုးလေးနှင့် မေးလိုက်တယ်၊ငါတို့သွားလို့ပြီလားဟင်?”

ကျီရန်က လက်ညိုးထိုးပြီး အသံဩဩနှင့် ပြောလိုက်တယ်၊ ဒါ နောက်ဆုံးအကြိမ်ပဲ

ဟဲကျင်းက ဘာကိုပြောချင်လဲဆိုတာကို နားလည်တယ်၊ သူမရဲ့မျက်နှာကို ပိုဖြူဖျော့သွားတယ်၊ ခေါင်းကို အလျင်စလိုညိတ်ပြပြီး သူငယ်ချင်းကိုခေါ်ကာ အမြန်ပြေးသွားတော့တယ်။

ကျီရန်က ချီရင်၏ကျောပိုးအိတ်ကို ပုခုံးတွင်လွယ်ပြီး မြေကြီးပေါ်က ယွီကျိုး၏ကျောပိုးအိတ်ကို လှည့်တောင်မကြည့်ဘဲ ထွက်သွားတယ်။ နှစ်လှမ်းလောက်လှမ်းပြီးနောက်မှာ ချီရင်က လိုက်မလာခဲ့ဘူး။ ပြန်လှည့်ကြည့်လိုက်တော့ ချီရင်က ယွီကျိုးရဲ့ကျောပိုးအိတ်ကိုကောက်ပြီး ဖုန်ခါကာ သူမရဲ့လက်မောင်းပေါ်မှာ လွယ်နေတယ်။

​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း(Myanmar Translation)Where stories live. Discover now