'တီတီတီတီ...တီတီတီတီ....'
နာရီနှိုးစက်မြည်သံနှင့်အတူနိုးထလာခဲ့ရသော ပုံမှန်မနက်ခင်းလေးတစ်ခု...
'ဟင်း.......အင်း......'
တအင်းအင်းအသံပေးကာ ခြေဆန့်လက်ဆန့်နဲ့ ၁၂နှစ်အရွယ်ကောင်လေးဟာအိပ်ယာပေါကနေအိပ်မှုန်စုံဖွားနဲ့ထလာပါတော့သည်..
'ဟူး...အီး..အင်း.....မနက်တောင်မိုးလင်းပြီဘဲ.....'
ဘေးနားက calender လေးကို ငေးကြည့်မိရင်းထိုကောင်လေးဟာတချက်ပြုံးမိပြန်သည်.....
ဒီနေ့က သူ့မွေးနေ့လေ...အင်း..ဒီတော့သူနှစ်စဥ◌် နှစ်တိုင်းအလှူလုပ်နေကြမိဘမဲ့ကျောင်းကို ဖေဖေနဲ့တူတူ အလှူသွားလုပ်ရမှာကိုတွေးပြီးပျော်နေမိသည်....
ဖေဖေ..အင်း...ဖေဖေသာသူနဲ့လိုက်ပေးရင်ပေါ့လေ...
သူကတစ်ဦးတည်းသောသား....အပေါင်းအသင်းဆိုတာကလည်းမရှိတဲ့အပြင် ဖေဖေကလည်းမထားခိုင်းတာကြောင့် အမြဲတမ်းအထီးကျန်နေခဲ့တာ..အခုလိုသူ့မွေးနေ့ရောက်မှသူ အလှူသွားလုပ်တဲ့မိဘမဲ့ကျောင်းက ကလေးတွေနဲ့ တူတူဆော့ခွင့် စကားပြောခွင့်ရတာလေ..ဒီတော့သူပျော်နေတာပေါ့...ဘယ်လိုပြောရမလဲ ...ဟို....တစ်နှစ်မှာတစ်ကြိမ်သာရတဲ့ အခွင့်အရေး...အင်း..မသိရင် မမျှော်လင့်ဘဲသိန်းတစ်သောင်းဆုကြီးပေါက်သလိုခံစားရတဲ့အပျော်ပေါ့....
တစ်ယောက်တည်းတောင်တွေးမြောက်တွေးလျှောက်တွေးနေစဥ◌် မှာဘဲ သူ့အခန်းတံခါးကိုလာခေါက်ကာ သူ့ကိုငယ်ငယ်ထဲက ထိန်းလာတဲ့ ကြီးမေကဝင်လာပါတော့သည်....
'သားပေါက်စလေး.....'
'ဟာ..ကြီးမေ....ဟိ...morningပါဗျ...'
'morning ပါရှင်....ပြီးတော့happy 12th birthdayနော် သားပေါက်စလေး....'
'ဟုတ်..ကျေးကျေး...ကြီးမေ...'
'ကဲ...မွေးနေ့ရှင်လေး...ဒီနေ့ရော ဘာတွေလုပ်ဖို့အစီအစဥ◌် ရှိတုန်းရှင့်....'
'ထုံးစံအတိုင်းဘဲပေါ့ကြီးမေ...အရင်ဆုံးဘုရားဝတ်ပြုမယ်..ပြီးရင် ကြီးမေ..မေမေနဲ့ဖေဖေ..ဦးအုန်း...တို့ကိုဦးချမယ်...အင်း..ပြီးတော့ သားလှူနေကြ မိဘမဲ့ကျောင်းလေးကိုသွားမယ်လေ...'
YOU ARE READING
Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)
浪漫အချစ်ဆိုတဲ့ဝေါဟာရအနောက်မှာအတ်တတွေ အမုန်းတွေ သဝန်တိုမှုနဲ့ ရန်ငြိုးဖွဲ့ကလဲ့စားချေမှုတွေဆိုတာဟာ အလိုလိုကပ်ပါလာတတ်တယ်လေ... တို့နေထိုင်တဲ့လောကကြီးမှာတော့ လူသားဆိုတဲ့ ကြိုးဆွဲရုပ်လေးတွေဟာ ကံကြမ္မာဆိုတဲ့အရှင်သခင်ရဲ့ လက်အောက်မှာ သူလိုရာ စေစားရာနောက်လို...