Chapter 4(Unicode+Zawgyi)

375 12 0
                                    

'ခ...ခ...ခသတိရလာပြီလား..??'

အိပ်ယာဖြူလွှလွှပေါမှာလဲလျောင်းနေသောချစ်ရသူပေါက်စလေးရဲ့ လက်တစ်ဖက်ကိုဆွဲကိုင်ကာ စိုးရိမ်မျက်လုံးတွေနဲ့မေးလာပါသောမောင်ဆိုသာလူသားလေး...

'အင်း...ငါ..ငါ..ဘာဖြစ်သွားတာလဲဟမ်..??'

'ခ...ခဗိုက်အောင့်လို့မေ့လဲသွားတာလေ....တော်သေးတာပေါ့..အဲ့အချိန်ကမောင်ခအနားမှာရှိနေလို့..မဟုတ်ရင်ခရယ်...ဟင်း...ခမှာအစာအိမ်ရှိတာလား..???'

'ဟ..ငါ့မှာအစာအိမ်မရှိရင်ဘာနဲ့အစာချေမလဲ....ကြောင်တောင်တောင်နဲ့..'

'မ..မဟုတ်ဘူးလေ..မောင်မေးတာက ခမှာအစာအိမ်ရောဂါအခံရှိတာလားလို့..??'

'ဘာလုပ်ဖို့လဲ...??'

'မောင်မေးတာဖြေပါ..ညာမယ်မကြိုးစားနဲ့နော်..မောင်သိတယ်..'

'သိတယ်...??မင်းက...??'

'အင်း..စောစောကဘဲဆရာဝန်ကြီးလာသွားတာ..ခကိုသေချာကြည့်ပေးသွားတယ်...ခ ဗျာ..ကိုယ့်အစာအိမ်အကြောင်းလဲသိရဲ့သားနဲ့ဘာလို့အစာမစားဘဲနေတာတုန်း...??ဟင်း..အဲ့လိုနဲ့တစ်ခုခုဖြစ်မှကွာ...နောက်အဲ့လိုမလုပ်နဲ့နော်ခ...ခဘာမှဖြစ်လို့မရဘူး...သိလား..??'

'အင်း..စိတ်ပူပေးလို့ကျေးဇူးဘဲ..အော်....ပြီးတော့sorryနော်....မင်းကိုအလုပ်များစေမိပြီ...ပြီးတော့..ဒီ..ဒီနေရာကရော..ငါရောက်နေတာကဆေးရုံဆေးခန်းတို့တော့မဟုတ်ဘူးမလား...??'

ခဟာ သူရောက်နေတဲ့နေရာစိမ်းကြောင့်အခုလိုမေးလိုက်ခြင်းပင်...

'မောင့်အိမ်လေခ....'

'ဗျာ..အဲ..အဲ့တာဆို...ဟို....ငါ..ငါပြန်တော့မယ်နော်...'

'အော်....ခရယ်..ဘယ်နှယ့်အိပ်ယာပေါကနေဇွတ်ထနေ၇တာတုန်း...???လှဲနေလေ....ခရယ်..နေမှမကောင်းသေးဘဲ...ပြန်လှဲနေနော်...'

'ရ..ရတယ်..ငါ..ငါနေကောင်းသွားပြီ....အဲ့...အဲ့တာ..အိမ်ပြန်တော့မလို့...'

'ဘာလဲ..ဒီမှာဆက်နေရင် မောင်က ခကိုကိုက်စားမှာကြောက်လို့လား...???'

'ဟို...ဟို..'

'အဟက်..ဖြေပါခရယ်...'

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now