Chapter 3(Unicode+Zawgyi)

435 16 0
                                    

'အ့.....နာ..နာလိုက်တာ..မင်း.....'

'ဘာမင်းလဲ..အဲ့တာအပြစ်ပေးတာ...မောင်တားနေရက်နဲ့ခကနားမထောင်ဘူးလေ..ဟုတ်သလားပြော.....

ခသိလား..ကိုယ့်နှုတ်ခမ်းကိုယ်အဲ့လိုမကိုက်ရဘူး....အဟမ်း....ဒါပေမယ့်..မင်းလေး၇◌ဲ့နှုတ်ခမ်းကိုကိုယ်ကိုက်တာကမှ ကိုယ့်အလုပ်.....အဟက်...'

'ဘု..ရား...ရေ.....'

ဒီလူက..တကယ်ဘဲ...ငါတချိန်လုံးမျှော်နေမိတဲ့မောင်..မောင်လား...ပြီးတော့သူ...သူဒီအတောအတွင်းမှာရူးများသွားနေတာလား...?????

တဒုတ်ဒုတ်အခုန်မြန်နေတဲ့ရင်ဘတ်ထဲက အကောင်ပေါက်ကိုလစ်လျူရှုကာ ခ တစ်ယောက် အတွေးတိမ်တိုက်ထဲလွင့်မြောနေစဥ◌်   

'ခ....ခ....မောင်ခေါနေတာရောကြားရဲ့လား......'

'အမ်..ဟမ်...မင်း...ဖယ်..ဖယ်.....ငါ့ခါးနားက မင်းရဲ့ လက်‌တွေဖယ်စမ်း.....'

'ဖြည်းဖြည်းလုပ်ပါ ခရဲ့...အော်....အတင်းကိုရုန်းနေတော့တာဘဲ...အဲ့တာနဲ့အောက်ကိုသာနှစ်ယောက်လုံးပြုတ်ကျရင်..မောင်ကထိခိုက်သွားရင်တောင်ဘာမှမဖြစ်ပေမဲ့ ခသာတစ်ခုခုဖြစ်သွားရင် မောင်ရင်ကျိုးရမှာ.....'

'မင်း....ဘာတွေပြောနေတာလဲ....??'

'အင်း..အင်းပါကွာ..ခတစ်ခုခုဖြစ်မှာကြောက်လို့ စိတ်ပူလို့မောင်က ခရဲ့ခါးကိုကိုင်ပေးထားတာဘေဘီရာ...'

'ဘာဘေဘီလဲ...??ဘယ်သူက မင်းဘေဘီလဲ..??'

'အော်...ဟော...ဘယ်သူရှိရမှာလဲ...မောင့်ဘေဘီက မင်းဆိုတဲ့ ခ လေးလေ...'

'မင်းနဲ့တော့ ခက်ပြီ...ငါ..ငါပြောချင်တာက..ဟာ..စိတ်တိုပါတယ်ဆိုမှ....'

'‌ဟယ်..ခက စိတ်တိုနေတာပေါ့..ဒိပုံစံလေးနဲ့..ဟုတ်လား...အသဲယားစရာလေးဗျာ..ဟားဟား...'

'မျက်နှာရူးကြီး.....'ဟုဆိုကာချစ်ရသူလေးဟာသူ့ကိုအတင်းတွန်းဖယ်ပြီး လျေကားပေါကနေ ခပ်မြန်မြန်ဆင်းသွားပါတော့သည်...

လှေခါးရင်းမှာကျန်ခဲ့တဲ့ ကျွန်တော်ကတော့ သူ့ရဲ့ စိတ်တိုနေတဲ့ပုံစံလေးကိုပြန်တွေးကာသဘောတကျနဲ့ရယ်မိနေတော့သည်...

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now