Chapter 31(Unicode+Zawgyi)

168 9 0
                                    

'ခ......ခဏနေရင်ဆေးသောက်ရမှာဆိုတော့ မုန့်လေးနည်းနည်းလောက်စားလိုက်ပါလား.....'

'......'

'ခ.......'

ကျွန်တော်မေးတာကိုမဖြေဘဲ ခြံထဲကဒန်းလေးမှာထိုင်ရင်း မြက်ပေါမှာလူးလိမ့်ဆော့နေတဲ့ကျင်းကောကိုကြည့်နေတဲ့ခ....

'ခ......မုန့်လေးစားလိုက်ပါလားလို့ဟင်.....မနက်ကောနေ့လည်ကောက ခသိပ်မှမစားထားတာ....တော်ကြာနေ ဟိုတစ်နေ့ကလိုလေထိုးနေမှ...'

'...............'

'ခ....မောင်မေးတာကိုဖြေပါဦး...'

'.....'

'ခ....ခလို့....'

မနေနိုင်တော့ဘဲ သူ့ဘေးလွတ်နေတဲ့နေရာလေးမှာဝင်ထိုင်ရင်းသူ့လက်ကလေးကိုကိုင်တော့ ကျွန်တော့ကိုစောင်းကြည့်ကာကျွန်တော်ကိုင်ထားတဲ့သူ့လက်ကိုအတင်းရုန်းနေပြန်သည်...

'............'

'ခ....မောင့်ကိုစကားလေးတော့ပြောပါဦးလား...??မောင့်ကိုခစကားမပြောဘဲနေတော့ မောင်..မောင်မနေတတ်ဘူး...'

'.................'

'ခ....အသဲရယ်.....'

'.........'

'ခ...မောင့်ကိုကြည့်ပါဦးလားကွာ......'

သူ့ကိုစကားမပြောလှည့်မကြည့်ဘဲ ဥပေက္ခာပြုနေသောချစ်ရသူ...ဒီနေ့ပါထည့်တွက်ရင် အခုဆိုတပတ်ပြည့်ရောပေါ့.....

ခဖေဖေဆုံးရတာကိုခက ကျွန်တော့်ကိုအပြစ်မြင်နေတဲ့ပုံဘဲ....

အကြောင်းစုံကိုမောင်ရှင်းပြချင်လို့လို့ပြောရင်လည်း ထထထွက်သွားတာကြောင့် ကျွန်တော့်မှာရှင်းမပြဖြစ်တော့...

အဖေတစ်ယောက်လုံးကိုဆုံရှုံးလိုက်ရလို့ဝမ်းနည်းနေမယ့်ခကိုကျွန်တော်နှစ်သိမ့်ပေးချင်ပေမယ့်သူလေးကကျွန်တော့်မြင်တာနဲ့ ပတ်ပြေးနေတော့လည်းခက်သားဗျ...

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now