Chapter 12(Unicode+Zawgyi)

167 11 0
                                    

'ခ.....ခရေမပြီးသေးဘူးလားချစ်လေးရဲ့....'

'ဗျာမောင်.....'

'ရေချိုးခန်းထဲဝင်သွားတာကြာလှပြီလေ..အအေးပတ်မယ်နော်အသဲလေး..'

'ဟုတ်..ပြီး..ပြီးပြီမောင်....'

'ဒါဆိုလည်းသွက်သွက်ထွက်ပြီးအဝတ်အစားမြန်မြန်ဝတ်လိုက်ဦးနော်...မောင်ထုတ်ပေးခဲ့တယ်..ကုတင်ပေါမှာသိလား....မောင်အောက်ထပ်ခဏဆင်းသွားလိုက်ဦးမယ်.....'

'ဟုတ်...ဟုတ်ကဲ့မောင်....'

မောင်ထွက်သွားပြီဆိုတာသေချာမှခလည်းရေချိုးခန်းထဲကနေထွက်လာခဲ့တော့သည်....

ခရေချိုးတာတကယ်တော့ပြီးပြီ...ဒါပေမဲ့....ခစိတ်တွေအရမ်းလှုပ်ရှားနေလို့....ကိုယ့်ဘာသာစိတ်ဖြေနေတာ....

ဘာလို့ဆို..ဒီနေ့ကခနဲ့မောင်တို့လက်ထပ်မဲ့နေ့လေ.....

မောင်ကနောက်ဆုံးတော့ခရဲ့တရားဝင်ပိုင်ဆိုင်သူယောက်ျားဖြစ်လာပြီဆိုတဲ့အတွေးကခကိုပျော်စေသလိုတဖက်ကကြည့်ပြန်တော့လည်းခရှက်ရပြန်တယ်...မောင့်ကိုမြင်နေရရင်ပိုဆိုးတာကြောင့်မောင့်အလစ်မှရေချိုးခန်းထဲကထွက်လာခြင်းပင်......

အတွေးတွေကိုခဏမေ့ရင်းအဝတ်အစားကိုခပ်သွက်သွက်ဝတ်မိသည်...

အဝတ်အစားဝတ်ပြီးဆံပင်ဖြီးနေတုန်းခရဲ့ခါးတဝိုက် တင်းကြပ်မှုကိုခံစားလိုက်ရသည်....

နောက်တော့လည်ပင်းနားနဲ့နားရွက်နားကိုတိုးဝင်လာတဲ့လေနွေးနွေးလေးများ....

'‌‌ေ..မ..ာ..င်...မောင်....ဘာ...ဘာလုပ်နေတာလဲ...လွှတ်ပေးဦးလေး..'

'ဖက်ထားတာလေခရာ..ဖက်ပြီးမောင့်ရဲ့ရေမွှေးလေးကိုအနံ့ခံကြည့်တာ...'

'ဘယ်လိုဖြစ်နေတာလဲမောင်ရာ...သူများတွေတွေ့ကုန်မှ....'

'ဟွန်း...တွေ့တွေ့ပေါ့ကွာ...မောင်တို့ကမကြာခင်မှာတရားဝင်လင်မယားတွေဖြစ်တော့မှာဘဲဟာကို...'

'မသိဘူး...ဖယ်လို့...ရှက်လို့ဆို...'

'ဟား..ဟား..သိနေတယ်လေ..အဲ့လိုရှောင်ဖယ်ရှောင်ဖယ်လုပ်မယ်ဆိုတာ..ဒါကြောင့်အခန်းထဲကိုဘယ်သူမှဝင်မလာနိုင်အောင်လောခ့်ချထားပြီးသား..ဟက်..ဟက်..'

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Waar verhalen tot leven komen. Ontdek het nu