Chapter 40(Unicode+Zawgyi)

240 11 0
                                    

ခအိမ်ပေါကနေဆင်းသွားတာဒီနေ့နဲ့ဆို ၁လခွဲရှိပြီ...အချိန်တိုင်းခကိုမောင်လွမ်းနေရတာပါ....စက္ကန့်မလပ်သတိရလွမ်းဆွတ်ခြင်းတွေနဲ့မောင်အသက်ဆက်နေရတာပါခရာ..ဒါကိုပြောလို့အားလုံးကကျွန်တော့်ကိုပိုလွန်းတယ်လို့မြင်ရင်လည်းမြင်နိုင်ပါတယ်....အဓိကကတော့ ကျွန်တော့်မှခကိုမခွဲနိုင်ဘဲ...အီး..ဟီး...

ခလိုဘဲတဗြဲဗြဲနဲ့အော်ငိုချင်လိုက်တာ...ခက်တာကယောက်ျားဆိုတဲ့မာနကတင်းခံနေတော့ ဘယ်လိုညှစ်ညှစ်မထွက်တာ...အာ..မျက်ရည်နော်..တခြားမဟုတ်ဘူး...

ကျွန်တော်ခကိုပထမကရှာဖို့ကြိုးစားသေးတယ်..ကြီးမေကတားနေတာ‌ကြောင့်ကျွန်တော်ငြိမ်နေခဲ့ရတာ...

စိတ်ကတောခင်ဗျားတို့သိတဲ့အတိုင်းဘဲ မယားကပျောက်နေတောစိတ်ချလက်ချမနေနိုင်မအိပ်နိုင်..မစားနိုင်ပေါ့ဗျာ...ကြာရင် ကျွန်တော်လည်း ခစိတ်နဲ့လုံးပါးပါးမလားမသိ...ဟင်း...

အခုတောင်ခစိတ်နဲ့ရုပ်ကတော်တော်ကိုအိုစာနေပြီ....အဖိုးတွေကတောင် ကျွန်တော့်ရုပ်ကြည့်ပြီးအဘခေါခံရမည့်ကိန်း....

မသိတော့ဘူး...မသိတော့ဘူးဗျာ....

အာ....မေ့နေတာ....လွန်ခဲ့တဲနှစ်ရက်လောက်က ကိုရာပြည့်နဲ့ဖုန်းရတယ်....ခရှိတဲ့နေရာကိုသူသိတယ်တဲ့..ကျွန်တော့်ကိုလိပ်စာပြောပြသွားပေမဲ့သူလေးကိုသွားမရှာရဲသေး...တော်ကြာထိပ်တိုက်တွေ့နေမှကြီးမေပြောသလိုသူလေးကကျွန်တော်ရှာမရတဲ့အဝေးမှာသွားပုန်းနေမှလွယ်ရာကနေခက်ကုန်မှာ.....ခစီကိုကျွန်တော်မရောက်ဖြစ်ပေမဲ့ကိုရာပြည့်ကနေ့တိုင်းသွားပြီးဂရုစိုက်ပေးတယ်..ဒါကြောင့်ကျွန်တော့်ကိုစိတ်မပူဖို့လည်းပြောတယ်...

သူ့ကိုကျေးဇူးတော့တင်ပါတယ်..ဒါပေမဲ့ခစီကိုနေ့တိုင်းသွားလာနေတာကိုတော့သဝန်တိုမိသား...ဟင်း...

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Nơi câu chuyện tồn tại. Hãy khám phá bây giờ