Chapter9(Unicode+Zawgyi)

141 9 0
                                    

'ယောက်မလေး...ဟဲ့...မမမေပြောတာကောကြားရဲ့လား....???'

'ကြားပါတယ်မမမေ....'

'ဒါနဲ့..နေပါဦးဆက်မေးပါရစေဦး....'

'ဟုတ်....'

'မင်းတို့ကမကြာခင်မှာလက်ထပ်ကြတော့မှာပေါ့..အဲ့လိုလားယောက်မလေး..??'

'အင်း....အဲ့လိုဖြစ်သွားမယ်ထင်တယ်....မောင်ကနောက်နှစ်လသုံးလလောက်နေရင်လက်ထပ်မယ်လို့ပြောတယ်..ကျန်တာတော့ခ....အဲ..ယောင်လို့..ကျွန်တော်လည်းမသိဘူး.....'

'အမလေး..ပြောနေကြအတိုင်းမပြောလဲရပါတယ်ယောက်မရယ်..ကျွန်တော်တွေဘာတွေလုပ်မနေပါနဲ့....'

'ဟုတ်..ဟုတ်...'

'ငါစပ်စုဦးမယ်....ယောက်မ....နင်ကတော့တော်တော်ပျော်သွားမှာဘဲနော်...ရှိုင်းစုတ်က ယောက်မကိုညဘက်ကြီးsurpriseတိုက်လိုက်ပြီးလက်ထပ်ခွင့်တောင်းလိုက်တာဆိုတော့....ဟိ...အဲ့တုန်းကငါလည်းမင်းတို့အနားမှာရှိချင်လိုက်တာ..ပျော်ဖို့ကောင်းမှာဘဲနော်.....'

'ဟုတ်....'

'အမလေး..မင်းကလည်းလေ..မလှုပ်တလုပ်နဲ့ဖြေနေပုံက...အင်းပေါ့လေ..မင်းလည်းရှက်နေမှာပေါ့...ထားပါ..မမမေထပ်မမေးတော့ပါဘူး...အော်...မမမေကိုပြောဦး...မင်းတို့ဘာလိုချင်လဲ...ဘာလိုအပ်လဲ..??မင်းတို့လက်ထပ်ပွဲမှာမမလက်ဖွဲ့ပေးရအောင်လို့လေ...'

'မမရယ်..အဲ့တာကအဝေးကြီးလိုပါသေးတယ်..ပြီးတော့လက်ဆောင်လည်းမလိုပါဘူး..မမမေသိတဲ့အတိုင်းခတို့ကသူများတွေလိုလက်ထပ်ပွဲလုပ်ဖြစ်ရင်တောင်ကြီးကြီးကျယ်ကျယ်နဲ့ခမ်းခမ်းနားနားလုပ်လို့မှမရတာ..မောင့်ဂုဏ်သိက္ခာဆိုတာရှိသေးတယ်လေဗျာ...မောင့်အလုပ်မှာကျွန်တော့်ကြောင့်နဲ့အခက်မတွေ့စေချင်ဘူးလေ..လုပ်ဖြစ်ရင်တောင်ရုံးတက်လက်မှတ်ထိုးမယ်...ပြီးတော့မိသားစုဝင်တွေလောက်ဘဲဖိတ်ပြီးအိမ်မှာမုန့်တွေစားမယ်...အာ..အရေးကြီးတာတောင်လုပ်ဖို့မေ့နေတာ...ခတို့မင်ဂလာပွဲလုပ်မယ့်ကုန်ကျစရိတ်တွေအစားအဲ့တာတွေအားလုံးအတွကအလှူလေးလုပ်မလားလို့လေမမမေ...မောင်နဲ့ခတို့ရဲ့အမှတ်တ၇တွေရှိတဲ့မိဘမဲ့ဂေဟာမှာအလှူလေးတော့လုပ်ချင်တယ်...'

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now