Chapter22(Unicode+Zawgyi)

173 11 0
                                    

အကိုဇေယျပြောထားတဲ့အတိုင်းဘဲမကြာပါဆေးရုံကားတွေရောရဲကားတွေပါခြံထဲကိုပြုံပြီးရောက်လာတော့သည်...

ဆရာဝန်တွေရဲ့စစ်ဆေးချက်အရ မမမေကလွန်ခဲ့တဲ့နာရီဝက်ကတည်းကဆုံးသွားပြီတဲ့..ကလေး..ကလေးလေးကလည်းဗိုက်ထဲမှာဘဲဆုံးပါးသွားပြီတဲ့..ကယ်လို့မရတော့ဘူးတဲ့...

အဲ့တခဏကျွန်တော်ဘာဆိုုဘာမှမစဥ◌်း စားနိုင်တော့ဘူး...အချစ်တစ်ခုအတွက်ကြောင့်လူနှစ်ယောက်ရဲ့အသက်ပေးခဲ့ရတာကိုကျွန်တော်တုန်လှုပ်နေခဲ့မိတယ်....

အထိတ်ထိတ်အလန့်လန့်နဲ့မောင့်လက်မောင့်ကိုအားကိုးတကြီးဆုပ်ကိုင်မိတော့မောင်ကသူ့လက်တွေကိုတွန်းဖယ်မလာ..

ကြည့်ရတာမောင်လည်းဒီအခြေအနေကိုလက်မခံနိုင်တာကြောင့်သတိလက်လွတ်ဖြစ်နေတာဖြစ်မယ်...

ကျွန်တော်နဲ့မောင်ဟာ မမမေရဲ့အလောင်းကိုဆေးရုံကားပေါတင်နေတဲ့အချိန်ထိလိုက်ကြည့်နေမိတယ်....

နောက်တော့ ကျွန်တော်တို့အရှေ့လာရပ်တဲ့ရဲသားတစ်ယောက်...

'ခက်ခွန်းခဆိုတာဘယ်သူလဲမသိဘူး...ဒီကညီလား??'

'ကျွန်..ကျွန်တော်ပါ...ရဲမှူး...'

'ဒီဘက်ကရောတရားခံနဲ့ဘယ်လိုတော်ဆပ်သလဲ...??'

'သူ...သူက...'

'ကျွန်တော်တို့ကဒီတိုင်းခင်ယုံပါ....'

ဒီစကားကိုမောင်ကပြောလိုက်ခြင်းပင်...

ခဏတာတော့ကျွန်တော်ပြောစရာစကားတွေပျောက်ရှသွားခဲ့သည်...

ပါးပြင်ပေါမျက်ရည်တစ်စက်ပေါက်ခနဲ့ကြွေကျသွားတာကိုသိပေမဲ့မသုတ်ဖယ်မိ...

အင်းလေ..ဟုတ်သား..မောင်နဲ့သူနဲ့ကတရားဝင်လက်ထပ်ထားတယ်ဆိုတာပြောလို့မှမဖြစ်ဘဲ..မောင့်သိက္ခာကရှိသေးတယ်မဟုတ်လား..အော်..ငါကလည်းမောင့်ကိုအထင်လွဲနေမိပြန်ပြီ...

'မောင်ခက်ခွန်းခ...'

'ဟုတ်ကဲ့....'

'ကျွန်တော်တို့နဲ့ပူးပေါင်းပေးပါ....'

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now