ခက်ခွန်းခ POV(Unicode +Zawgyi)

110 6 0
                                    

Yellow လို့ခေါတဲ့အဝါရောင်လေးကတော့ Happiness and Hopeဆိုတဲ့ဆိုလိုရင်းသဘောလေးရှိတယ်တဲ့...

Happiness...အင်း...ပျော်ရွှင်မှုဆိုတဲ့အရာကရောခစီကိုလမ်းမှားပြီးနောက်တစ်ခေါက်လောက်‌ရောက်လာနိုင်ပါဦးမလား...

မောင့်အချစ်တွေက ခအတွက်လိုအပ်ချက်ဘဲ..ခပျော်ရွှင်မှုတွေကမောင့်ရဲ့ချစ်ခြင်းတရားတွေကြောင့်ဖြစ်ပေါလာခဲ့တာပါမောင်...

အခုတော့...မောင်ကခကိုမုန်းတယ်တဲ့....

မောင်ခကိုပြန်ချစ်လာမှာပါလို့ မျှော်လင့်ချက်လေးရောထားလို့ရမလားဟင်...

အဲ့လိုမျှော်လင့်ချက်လေးနဲ့ခအသက်ဆက်ရှင်ပါရစေမောင်ရယ်...

---------------------

မောင်ကသိပ်တော်ပါတယ်....

အရာရာမှာပေါ့...

ခကိုအချိုသပ်ရာမှာလည်းကျွမ်းတယ်

မောင့်ကိုမုန်းမရအောင်လည်းလှည့်စားနိုင်တယ်

ခကိုအနုနည်းနဲ့စိတ်ဒဏ်ရာရအောင်လုပ်ရာမှာလည်းဟာကွက်မရှိဘူးနော်မောင်...

မောင်တော်ပါတယ်...သိပ်ကိုတော်တယ်...

ခကိုမောင့်အပေါအမြဲတမ်းအရှုံးပေးချင်လာအောင်လည်းလုပ်တယ်နော်..

မောင်..

ခမောင့်အပေါမှာအနိုင်မလိုချင်ပါဘူး...

ခလိုချင်တာကမောင့်စီကတစ်ခုဘဲ...တစ်ခုတည်းပါမောင်ရယ်..

နွေးထွေးလွန်းလှတဲ့မောင့်စီကချစ်ခြင်းမေတ္တာတရားပါ...

ခတောင်းဆိုတာအရမ်းများများသွားလို့လားမောင်ရယ်..

ဘာလို့ခအပေါကိုမှအခုလိုလုပ်ရက်ရတာလဲ..??

ခစီမှာချို့ယွင်းချက်အားနည်းချက်ရှိရင်တောင်မောင်ပြောလေ

ခပြင်မှာပေါ့...

အမြဲလိုလိုမောင့်အတွက်ဘဲတွေးပေးတဲ့ခကိုမောင်နည်းနည်းလေးတောင်မချစ်ဘူးလား...မသနားဘူးလားမောင်ရယ်...

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now