Chapter2(Unicode+Zawgyi)

556 17 0
                                    

ခ..

သူ့နာမည်အပြည့်အစုံကတော့ ခက်ခွန်းခတဲ့လေ..အင်း..တနည်းပြောရမယ်ဆိုရင်ကျွန်တော့်ဘဝတစ်ဘဝစာလုံးမှာအမြတ်နိုးရဆုံးလူသားလေး...

သူနဲ့ကျွန်တော်နဲ့ဆုံခဲ့တာကလွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းကပေါ့...

အဲ့အချိန်တုန်းက ကျွန်တော်က ၆နှစ်..

ခင်ဗျားတို့ကတော့ပြောမှာပေါ့အဲ့၆နှစ်အရွယ်ကလေးသာသာလေးကရင်ခုန်တတ်လို့လားလို့....

ဟက်..ဟုတ်တယ်....ခင်ဗျားတို့လိုဘဲ အဲ့တုန်းက ကျွန်တော့်ကိုယ် ကျွန်တော်တောင်မယုံခဲ့မိဘူး...

ငါလေးများရူးသွားတာလားလို့ အကြိမ်ကြိမ် မေးခွန်းထုတ်မိတာလည်းအမော...

ခဏခဏအဲ့အခြင်းအရာကိုတွေးခဲ့ပေမဲ့ နောက်ဆုံးသောအဖြေကတော့ တစ်ခုသာ..အဲ့တာက ကျွန်တော် ခဆိုတဲ့လူသားလေးကိုမြတ်နိုးနေမိပြီဆိုတာဘဲဗျာ...

ချစ်တာတွေ မုန်းတာတွေအစား ကျွန်တော်က ခကိုမြတ်နိုးတာ..ဟုတ်တယ်....လူတစ်ယောက်ကိုချစ်တယ်..မုန်းတယ်ဆိုတာက လူတိုင်းလိုလိုလုပ်နိုင်တဲ့အလုပ်....ဒါပေမဲ့ လူတစ်ယောက်ကို အခြားလူတစ်ယောက်က မြတ်နိုးဖို့ဆိုတာကတော့ ခက်ခဲတဲ့အလုပ်လို့ ကျွန်တော့်ဘာသာကျွန်တော်တွေးမိတယ်...

မြတ်နိုးတယ်...အင်း...သေချာပြောရမယ်ဆိုရင် ကိုယ်ပိုင်ဆိုင်ထားတဲ့ပစ္စည်း..အရုပ်ကလေးတစ်ရုပ်ဆိုပါစို့..အဲ့အရုပ်ကလေးကိုတခြားသူကိုမပေးရက်တာမျိုး...ကိုယ့်ကွယ်ရာမှာ ကိုယ်ပိုင်တဲ့အရုပ်ကလေးကိုအခိုးခံရမှာကြောက်တာမျိုး...ပြီးတော့..အရုပ်ကလေးကိုကျပျောက်သွားမှာကို အမြဲတမ်း စိုးရိမ်ပူပန်နေရတာမျိုး....ပြီးတော့ရှိသေးတယ်...ကိုယ်ပိုင်တဲ့အရုပ်ကလေးပျက်စိးသွားမှာစိုးတာကြောင့်မထိရက်မကိုင်ရက်ဖြစ်တာမျိုး...အင်း..အဲ့တာတွေအားလုံးက ခအပေါ..ခနဲ့ပတ်သက်ပြီး ကျွန်တော် နေ့စဥ◌်  နဲ့အမျှခံစားနေရတဲ့ မြတ်နိုးခြင်းရဲ့ နောက်ကွယ်ကရလဒ်တွေပေါ့...

အဲ့အတွက် ပင်ပန်းတယ်လို့ကျွန်တော်တစ်ခါမှမခံစားခဲ့ရပါဘူး...

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now