Episode 34(Unicode+Zawgyi)

155 5 0
                                    

'သား..လာလေ...ပွဲကစတော့မှာ....'

'ကြီးမေကလည်း..သားပန်းချီဆွဲနေတာတန်းလန်းကြီးကို..ဘာတွေအရေးကြီးတဲ့အစီစဉ်မလို့ကြီးမေသားကိုအတင်းခေါနေရတာလဲဗျာ...'

'အရေးကြီးတဲ့ဟာမလို့ပေါ့..လာပါသားရယ်...'

'ဘာပွဲလဲ..??ကြီးမေကြည့်နေကြဇာတ်ပွဲတွေဆိုသားမကြိုက်ဘူးနော်..ပျင်းဖို့ကောင်းတယ်....'

'အမလေး..ဘာပွဲလဲမမေးခင်သားသိချင်ရင်လာကြည့်ပေါ့.....နောက်မှာတီဗီကြီးကိုမျက်လုံးမခွာနိုင်ဖြစ်နေမှဖြင့်..ဟ..ဟ..ကြီးမေမြင်ယောင်နေတယ်နော်....'

'ဟူး..ကြီးမေကတော့လေ..အဲ့လောက်တောင်ပြောနေမှတော့ကြည့်ကြည့်တာပေါ့...ဟွန်း...'

'လာ..လာ..ပွဲစဖို့၃မိနစ်ဘဲလိုတော့တာ...'

'အင်းပါ...လာပါပြီဗျာ...'

ကြီးမေနဲ့ကျွန်တော်ငြင်းမနေတော့ဘဲ ကြီးမေဘေးကပ်ထိုင်ကာတီဗီကလာနေတဲ့အစီစဉ်ကိုသာစောင့်ကြည့်မိသည်...

'ဟော..လာပြီ..လာပြီ....'

'ဟူး..ကြီးမေကတော့လေ....အစီအစဉ်လေးတစ်ခုကြည့်တာကိုအဲ့လောက်တောင်ပျော်နေရလား...ကလေးကလားနဲ့...'

'အံမယ်..သားငယ်လေးနော်...အေးပါ..အခုတော့ပြောထားဦးပေါ့...'

'ဟွန့်....ဘာမလို့အဲ့လောက်အသည်းအသန်ဖြစ်..အယ်...ဟို...ဟိုတစ်ယောက်...'

လာနေတဲ့အစီအစဉ်က ရှင်းလျှံရဲ့သတင်းစာရှင်လင်းပွဲအကြောင်း...

သူဟိုနှစ်ရက်ကပြောသံတော့ကြားမိပါတယ်..သတင်းစားရှင်းလင်းပွဲလုပ်စရာရှိတယ်ဆိုပြီး...

အခုအဲ့အကြောင်းလာနေတာလား...??

ပထမတော့သတင်းထောက်တွေက သူ့ရဲ့ငယ်ဘဝနဲ့ အနုပညာအကြောင်းတွေကိုမေးကြသည်...

နောက်တော့ သတင်းထောက်ကောင်မလေးတစ်ယောက်ကအချစ်‌ရေးနဲ့ပတ်သက်ပြီးသူ့ကိုစမေးလာတော့သည်...

('မင်းသား...မင်းသားရဲ့လတ်တလောအချစ်ရေးအကြောင်းလေး..ကျွန်မသိခွင့်ရှိမလား..ပရိသတ်တွေအားလုံးကလည်းစိတ်ဝင်စားနေကြလို့ပါ...')

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Opowieści tętniące życiem. Odkryj je teraz