Chapter11(Unicode+Zawgyi)

177 12 0
                                    

'ဘုန်း....ဘုန်း.....ဝုန်း....'

စတီရီယာတိုင်ကို တဘုန်းဘုန်းထုရိုက်ကာ ရှင်းလျှံတစ်ယောက်သူ့ရဲ့ဒေါသကိုဖြေမိသည်.......

'သတ်မှာ.....ခင်ဗျားကိုသတ်ပစ်မှာ......တောက်...!!!!!!!!'

'ဇေယျ..ကျွန်တော်အရင်ကခအပေါ ခင်ဗျားရဲ့အပြုအမူတွေနဲ့ခင်ဗျား ခြေလှမ်းတွေပျက်နေတယ်လို့သတိထားမိသား..အခုမှသေချာသွားတာ..ဟက်..ခင်ဗျား...ကျုပ်ရှိရက်နဲ့ခကိုလုရဲတယ်...ရတယ်လေ...ခင်ဗျားသေနေ့စေပြီလို့သာမှတ်လိုက်....'

ကျွန်တော်အမှန်တိုင်းပြောရရင်အရင်တုန်းကတည်းက အကိုဇေယျကိုအားနာနေခဲ့တာ...

ကျွန်တော့်မိဘတွေက သူ့ကိုထောင်ထဲပို့ခဲ့လို့...

သူမှားတယ်ဆိုတာသိပေမဲ့လည်းသူ့ကိုသနားခဲ့တယ်..မိသားစုကိုပစ်ထားခဲ့ရပြီး တစ်ယောက်ထဲထောင်ထဲမှာအထီးကျန်ပြီးနေရတော့ သူ့ကိုသနားခဲ့မိတာ...

ဒါကြောင့်သူထောင်ကထွက်လာတဲ့အချိန်ကစလို့သူ့ကို အကိုရင်းတစ်ယောက်လိုဆက်ဆံခဲ့တယ်...

လေးစားရိုသေပေးခဲ့တယ်...

ပထမကတော့သူ့ကိုကျွန်တော့်ကွယ်လွန်လေပြီးတဲ့ဖေဖေနဲ့မေမေအစားတောင်းပန်ဖို့အထိကိုတွေးထားခဲ့တာ...

နောက်သူထောင်ကထွက်တော့သူံ့ပုံစံကြည့်ရတာရန်ငြိုးဖွဲ့မယ့်ပုံမပေါတဲ့အပြင် အေးဆေးတည်ငြိမ်လွန်းတာကြောင့်ဒီတိုင်းဘဲ ညီအကိုလိုသာပူးပူးကပ်ကပ်နေခဲ့တာ...

မထင်ထားဘူး..သူ..သူကျွန်တော်ချစ်၇သူကိုချစ်နေလိမ့်မယ်လို့...

ပြီးတော့အခုလိုမျိုးအထိလုပ်ရက်မယ်လို့...

မမမေဖူးတစ်ယောက်လုံးရှိရက်နဲ့အခုလိုလုပ်ရက်မျိုးထိကျူးလွန်တဲ့သူ့ကိုကျွန်တော်ဘယ်လိုစိတ်နဲ့ခွင့်လွှတ်ပေးရမလဲ...ခင်ဗျားတို့စဥ◌်း စားကြည့်ကြပါဗျာ...

ကျွန်တော်သူ့ကိုအရမ်းမုန်းလွန်းလို့သတ်ပစ်ချင်တာမှားသလား....ဟမ်....

အခုတော့ကျွန်တော်သူ့ကိုသတ်ပစ်ရမယ့်အကြောင်းပြချက်တစ်ခုကပေါလာပြီ...

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Opowieści tętniące życiem. Odkryj je teraz