part-1(unicode)

24.5K 339 4
                                    

" အချစ်ရေး အချစ်ရာ "

အခန္​း-(1)

" စိုးမိုးရာ...အဲ့လောက်လဲ ညစ်မနေစမ်းပါနဲ့...
ဟိုကမိန်းကလေးပဲ...ချက်ချင်း ဘယ်ပြန်အဖြေပေးပါ့မလဲ...နည်းနည်းပါးပါး မူအုံးမှာပေါ့..."

အာကာထွန်းစကားကြောင့် စိုးမိုးအောင်မျက်နှာ
ကြီး ပိုရှုံ့သွား၏။

" မပူလို့ရမလားကွ...အခြေအနေချင်းက မိုးနဲ့မြေလိုကွာခြားနေတဲ့ဟာ...ငါ့ရဲ့အားနည်းချက်
ကြောင့်သာ သူပြန်မချစ်တော့ဘူးဆို ငါသေရော
ပေါ့..."

" သဲနုငယ်နဲ့မင်းနဲ့က ငယ်သူငယ်ချင်းတွေပဲဟာ
...ဟိုကမင်းအပေါ် သံယောဇဉ်ရှိလောက်ပါ
တယ်..."

အာကာ့စကားကြောင့် စိုးမိုး ငိုင်တွေသွား၏။
ပြီးမှ သက်ပြင်းတစ်ချက်ချရင်း...

" မင်းပြောတာလဲ ဟုတ်ပါတယ်...ဒါပေမယ့် သူ့အမေကြီးက ငွေအရမ်းမက်တာကွ...ဟို
ဘက်ရွာက သန့်ဇင်ဦးနဲ့ သဘောကျနေပုံရတယ်...အဲ့ရွာမှာ ဒီကောင်တွေက ဘောစိလေ...
လယ်တွေလဲမနည်းဘူး...ဘွားတော်ကြီးအကြိုက်ပေါ့...သန့်ဇင်ဦး သဲနုကိုကြိုက်နေတာလဲ ဟိုးကျောင်းသားဘဝတည်းက...
ဘွားတော်ကြီးစကားဆို သူတို့တစ်အိမ်လုံး မပယ်ရှားရဲဘူးမဟုတ်လား..."

စိုးမိုးပြောတာလဲမှန်နေသဖြင့် အာကာပင် စိတ်ညစ်သွားရသည်။
ခေါင်းကိုစုံကုတ်ပစ်လိုက်ရင်း ရှေ့မှာ အအေးသောက်ရင်း ဂိမ်းဆော့နေသော သူရိန်နေမင်း
ထံသို့ အကြည့်တွေရောက်သွား၏။

" သူရိန္​..."

" ဘာလဲ..."

သူရိန်က မော့မကြည့်ဘဲထူး၏။
အာကာ ထိုင်နေရာမှကိုယ်ကိုရှေ့သို့အနည်းငယ်တိုးလိုက်ရင်း စားပွဲကိုလက်နှင့် တစ်ချက်ခေါက်လိုက်၏။

" စိုးမိုး ပြောနေတာမကြာဘူးလား..."

" ကြားသားပဲ..."

" ကြားရင် နည်းနည်းပါးပါးစဉ်းစားပေးအုံးလေကွာ...ဆိုင်ခေါ်လာတာ ဂိမ်းဆော့ဖို့များမှတ်နေလား..."

" အေးလေ...အားနားပါးနာလေးလောက် စိတ်ဝင်စားပေးစမ်းပါ..."

စိုးမိုးကလဲ အကူအညီရလိုရငြား ဝင်ပြောသည်။

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now