part-(24)Final -Unicode

14.3K 340 24
                                    

" အချစ်ရေး အချစ်ရာ "

  အခန်း-(24)(ဇာတ်သိမ်း)

" မေမေ..."

" သြော်...သမီး..."

မေမေက မီးပူတိုက်ပြီးသားအဝတ်တွေကို ဗီရို
ထဲသို့ ထည့်နေတာမို့ ပိုပို မေမေ့ဘေးမှာ
ကျုံ့ကျုံ့လေးထိုင်နေလိုက်သည်။

" ဖေဖေရောဟင်..."

" သမီးအဖေက ဘယ်တုန်းကများ အိမ်ကပ်ဖူး
လို့လဲ...ခုလဲ ဟိုဘက်ရွာက အလှူဖိတ်တာ
သွားလေရဲ့...ကိုယ်နဲ့လဲ သိပ်ရင်းနှီးတာမဟုတ်
လို့ မသွားခိုင်းတာကို မရဘူးလေ...ဖိတ်စာကြီး
ရောက်နေတာ မျက်နှာပူစရာကြီးတဲ့...ဟိုက
ရွာနီးချုပ်စပ်မို့ သိမ်းကျုံးဖိတ်လိုက်တာကို မဆိုင်
တဲ့သူက မျက်နှာပူနေလေရဲ့..."

မေမေက တဗျစ်တောက်တောက်ပြောလာတာ
မို့ ပိုပိုလည်း ရယ်လိုက်မိ၏။

" သမီး ခုနကခေါ်တာ မေမေ့ကိုပြောစရာရှိလို့
လား..."

" ဟုတ်..."

" သြော်...ပြောလေ..."

မေမေက ဗီရိုကိုပိတ်လိုက်ကာ ပိုပို့ဘက်ကို
လှည့်ထိုင်လိုက်တော့ ပိုပို ခေါင်းငုံ့သွားမိ၏။

" ဟိုလေ..."

" အင်း..."

ခေါင်းတွင်တွင်ငုံ့ပြီး တစ်ဟိုဟိုဖြစ်နေတာမို့
မေမေက စူးစမ်းသလိုစိုက်ကြည့်နေ၏။

" ပြောလေ သမီး..."

" ဟို...အကိုလေးက လက်ထပ်ချင်တယ်တဲ့..."

ဒီစကားကိုပြောလိုက်ရသည့်ခဏ ပိုပို မေမေ့
ရှေ့မှာ ဘယ်လိုမျက်နှာထားရမှန်းမသိတော့..။
ခေါင်းကလဲ ပိုငုံ့ကျသွားကာ လက်တွေက
အကြောင်းမဲ့ကုတ်ခြစ်နေမိ၏။
ရင်တွေလဲ တဒိန်းဒိန်းခုန်လာကာ ဆယ်တန်း
အောင်စာရင်း စောင့်ကြည့်နေရတဲ့အတိုင်း..။

" သူက ပြောခိုင်းတယ်ပေါ့..."

" ဟုတ်..."

မေမေ့အသံက ကြည်ကြည်လင်လင်ပင် ထွက်
ပေါ်လာတာကြောင့် ပိုပို ခေါင်းလေးပါညိတ်ပြ
လိုက်မိ၏။

" ဒါဆို သမီးသဘော မပါဘူးပေါ့..."

" ဟင် ..."

မေမေ့စကားကြောင့် ပိုပို အံ့အားသင့်ကာ
မော့ကြည့်မိတော့ မေမေက ရယ်မြူးရိပ်စွက်
သော မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေ၏။

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now