part-17(unicode)

4.8K 170 10
                                    

" အချစ်ရေး အချစ်ရာ "

အခန္​း-(17)

" မမ..."

" ဟေ...သြော်...ညီမလေး..."

မေသက်ဦးက ပိုပို့ခေါ်သံကြောင့် မီးဖိုနား တရှဲရှဲ
ကြော်လှော်နေရာမှ လှည့်ကြည့်လာ၏။

" လာလေ...ဘာဖြစ်လို့လဲ..."

ပိုပို မီးဖိုခန်းထဲဝင်လာခဲ့ပြီး စားပွဲခုံအဝိုင်းလေး
ဘေးက ထိုင်ခုံပုလေးထက် ထိုင်ချလိုက်၏။
ဖြန့်ချထားသော ဆံပင်ရှည်တွေထဲ လက်ထိုးဖွ
လိုက်ရင်း...

" ပျင်းလို့...မျောက်နှစ်ကောင် အိမ်ဘက် မလာပါ့
လား..."

" ဟုတ်တယ်...သူတို့ဖအေ ဆိုင်ကယ်နောက်
ကပ်ချိတ်ပါသွားလေရဲ့..."

ခဏကြာတော့ မမက ဟင်းအိုးကို ဘေးချလိုက်တော့ကာ ရေနွေးအိုးကို မီးဖိုပေါ်တင်လိုက်၏။
ပြီးမှ ပိုပို့အနားလျှောက်လာပြီး ဘေးနားမှာ
ခုံအပုလေး ဆွဲထိုင်လေ၏။

" ဒီမှာပဲ စားသွားပါ့လား...ချဉ်ဟင်း တစ်အိုးပဲ
ကျန်တော့တယ်...ညီမလေးက အရည်သောက်
ဟင်း အရမ်းကြိုက်တယ်မဟုတ်လား..."

ပြောရင်း စားပွဲခုံပေါ်က ချဉ်ပေါင်ရွက်အစည်း
လေးကို ဖြည်ကာ နှီးဇကာထဲ ခြွေထည့်နေ၏။
ပိုပိုလည်း ကူခြွေပေးရင်း ခေါင်းညိတ်လိုက်
သည်။

" တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက်ပဲ လုပ်နေ
ရတာ...ကြာတော့ပျင်းလာပြီ...မြယွန်းကလည်း
သူ့အဖွားတွေရွာ အလည်လိုက်သွားတယ်...
တကယ်ကို ပျင်းဖို့ကောင်းတာပဲ...မြန်မြန်
တာဝန်ချပေးမှ အေးမှာပါ..."

စိတ်ပျက်လက်ပျက်ညည်းညူနေသော ညီမဖြစ်
သူအား မေသက်ဦး ချစ်စနိုးလှည့်ကြည့်လိုက်မိ
၏။

" တာဝန်တွေချပေးလို့ နီးနီးနားနားမကျရင်
အိမ်က နှစ်ယောက်ကိုခေါ်သွားချေ...အဖော်ရ
တာပေါ့..."

မမစကားကြောင့် ပိုပို မျက်နှာလေးရှုံ့မဲ့သွားမိ၏။

" ဟင်း...သူ့သားသမီးတွေကဖြင့် မျောက်ရှုံး
အောင် ကဲတဲ့ဟာ...စာမသင်ဘဲ သူတို့ပဲထိန်း
နေတော့မယ်..."

ပိုပို့ပုံစံက တကယ်ပဲ စိတ်ပျက်လက်ပျက်ပုံဖြစ်
သွားတာမို့ မမက သဘောကျသလို ကြည့်ရယ်
နေ၏။

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now