part-14(unicode)

5.2K 205 8
                                    

" အချစ်ရေး အချစ်ရာ "

အခန္​း-(14)

" တောက်..."

ဒေါသကြောင့် သူမအသံက ထင်တာထက် ပို
ကျယ်သွားမှာပင်..။
မဏ္ဍပ်မှ ဖွင့်ထားသော အလှူသီချင်းသံကြောင့်
အနီးနားကလူတွေ သတိမထားမိလိုက်သော်
လည်း ခင်လေးနှင့်မွန်ဦးကတော့ လန့်သွားကြ
၏။

" စိတ်ကိုလျှော့ပါ နန်းရယ်...ခုချိန် နင်သာ ပူပြင်း
နေတာ...ဟိုနှစ်ယောက်က တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ကြည်နူးလို့ဆုံးမှာမဟုတ်
ဘူး..."

သူရိန်တို့အကြောင်းကို ထပ်စလာတော့
ခင်လေးက မွန်ဦးကို အရိပ်ပြတား၏။
တန်ဖိုးကြီးအလှကုန်တို့၏အစွမ်းကြောင့် နန်း
မျက်နှာလေးက ဖွေးအုနေသော်လည်း ဒေါသတ
ကြီး အမူအယာတို့ဖြင့် ပို၍ရင့်ရော်နေသလို
ရှိ၏။
အနီရောင်ဝမ်းဆက်နှင့် နှုတ်ခမ်းနီရဲရဲလေးဆိုး
ပြီး ခုနကအထိ ပြုံးပျော်နေခဲ့သလောက် ခုတော့
အင်္ကျီအရောင်နှင့်အပြိုင် ပူလောင်နေ၏။
ပိုပိုဆိုတဲ့ကောင်မလေးမှာ သူမထက်သာတာ
ဘာရှိလဲ..။
ကြွယ်ဝချမ်းသာမှုချင်းယှဉ်ရင်လဲ နန်းတို့က အ
ပေါ်စီးက မော်ကြွားနိုင်သည့် အခြေအနေ..။
ပြီးတော့ နန်းအဖေ ကိုယ်တိုင်ကိုက ဒီရွာရဲ့
ဥက္ကဋ္ဌမို့ နန်းရဲ့အလှဂုဏ်သတင်းကလဲ ပို၍
ကျော်ကြားပြီးသား..။
ဒါတောင် သူရိန်က သူမကို နည်းနည်းလေးမှ
စိတ်မဝင်စားခဲ့ဘူးပေါ့..။

" သူ့အမေက အိမ်ပေါ်မှာ...ဧည့်သည်တွေနဲ့
စကားပြောနေတာ...အဲ့ ထမင်းရုံကဟာတွေ
ကလဲ အသိခံမှာမဟုတ်ဘူး...အလိုတူအလိုပါ
ကာကွယ်ပေးနေကြတာ...."

ခင်လေးစကားကြောင့် နန်း မဲ့လိုက်မိ၏။

" သူ့သမီး အလိမ္မာ ဒီလိုဖြစ်နေမှန်းသာသိရင်
သူ အဲ့လိုဧည့်ခံနေနိုင်ပါ့မလား..."

" ပြောလို့ရမလား နန်းရဲ့...ဦးသက်တင်ဆို
ဒေါ်သက်သက်မူ တစ်ခွန်းပဲလို့ ပြောနေကြတာ
...ပိုပိုကလဲ မအေတူသမီး ဖြစ်ချင်ဖြစ်နေမှာပေါ့
....ဒေါ်သက်သက်မူက သားသမီးကို ဂရုတစိုက်
ရှိနေတဲ့ဟာ...သူရိန်နဲ့ကြိုက်နေတာ သူမသိဘဲ
နေပါ့မလား...သူရိန်ဆိုတာ ဒီလောက်ချမ်းသာ
တဲ့ဟာ...သူလဲ မက်မှာပေါ့...ဒါကြောင့် လူအ
မြင်ကောင်းအောင် မသိဟန်ဆောင်ထားပြီး...
နောက်ကွယ်မှာ သူ့သမီးကို နိုင်နည်းတွေ သင်
ပေးထားတာ နေမှာပေါ့...သူရိန်က ပစ္စည်းဥစ္စာ
ပြည့်စုံပြီးသားဆိုတော့ ဆိုးတာလေး နည်းနည်း
ပြင်လိုက်ရင် လုံးဝ လက်မလွှတ်ချင်စရာလေ...
ခုတောင် အချိုးတွေစပြောင်းလာပြီမဟုတ်လား
..."

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now