part-3(unicode)

5.7K 208 8
                                    

" အချစ်ရေး အချစ်ရာ "

    အခန္​း-(3)

" နန်းရေ..."

" နန်း..."

အိမ်ရှေ့မှ ခင်လေးနှင့် မွန်ဦးခေါ်သံကြောင့် ချဉ်ပေါင်ရွက်သင်နေရာမှ နန်း ခါးလေးဆန့်သွား၏။

" အိမ်ပေါ်မှာ...တက်ခဲ့ကြလေဟယ်..."

သူမအသံကြားတော့ ခင်လေးတို့က တက်လာ၏။

" ဘာလုပ်နေတာလဲ..."

ခင်လေးက အနားမရောက်သေးဘဲ လှမ်းမေး၏။

" ညနေကျ ပုစွန်ဆိတ်နဲ့ကြော်ဖို့လေဟယ်...လာ...ထိုင်ကြ..."

ခင်လေးတို့က သူမအနားဝင်ထိုင်ရင်း ချဉ်ပေါင်ရွက်ကူခြွေပေးသည်။

" နင့်အဖေနဲ့အမေရော..."

" အမေက အတိုးတွေလိုက်စုတယ်...အဖေကတော့ ကျောင်းကဆရာတော်ခေါ်လို့ဆိုပြီး ခုနကလေးမှထွက်သွားတာ...ဒါနဲ့ နင်တို့ဘာလာလုပ်ကြတာလဲ..."

" ပျင်းလို့အလည်လာတာ...ဘာကျွေးမှာလဲ..."

မွန်ဦးစကားကြောင့် နန်း နှာခေါင်းလေးရှုံ့ပြပြီး မျက်စောင်းထိုးမိသည်။

" ရှင်တို့ဘာသာ ကိုယ့်ခြေထောက်နဲ့ကိုယ်လာတာ...ကျုပ်က ဘာကျွေးရမှာလဲ...အကုန်အကျတွေများလို့..."

ခင်လေးတို့နှစ်ယောက်သား မျက်နှာတွေပြိုင်တူရှုံ့သွားကြသည်။

" အမလေး...ဖြစ်နေလိုက်တာ...ဒေါ်နန်းဆန်သူရေ...ရှင်ဘယ်ချိန်တုန်းက ကပ်စေးနဲသွားမှန်း ကျွန်မမသိလိုက်လို့ပါ..."

နန်းက ခစ်ကနဲရယ်၏။

" ပြောမနေနဲ့ခင်လေးရေ...ယောက္ခမအမှတ်ပေးချင်အောင် တမင်အိုက်တင်ပြတာပဲလား...ဒါမှမဟုတ် သူ့လူက လက်နဲ့ရန်ပွဲနဲ့မပြတ်တော့ ပြသနာဖြစ်ရင် ငွေထုပ်ပိုက်ရှင်းနိုင်အောင် ခုတည်းကချွေတာနေတာဖြစ်မယ်..."

နန်းနဲ့ခင်လေးတို့က ငယ်ပေါင်းကြီးဖော်တွေဖြစ်သည့်နည်းတူ အရာရာမှာ ဆိုးတိုင်ပင်ကောင်းတိုင်ပင်ဖြစ်၍ တစ်ယောက်အကြောင်း တစ်ယောက် အကုန်သိသည်။
အထူးသဖြင့် အရွယ်ရောက်လာတည်းက နန်း သူရိန့်အပေါ် တစ်ဖက်သတ်ကြိုက်နေခဲ့တာ..။
နန်းက ဒီရွာမှာအချောအလှစာရင်းဝင်သူဖြစ်သလို သူမကိုကြိုက်နေကြသူတွေကလဲ အလွှာပေါင်းစုံအပြည့်..။
ဒါတောင်မှ သူရိန့်လို ပြည်သူ့ချဉ်ဖတ်ကိုတစ်ဖက်သတ်ကြိုက်နေသေးသည်ဆိုတော့ အံ့သြဖို့လည်းကောင်းသည်။
သူရိန်ဆိုတာကလည်း နာမည်သာဆိုးတာ လူကမင်းသားရှုံးသည်ကိုး..။
ခပ်အုပ်အုပ်ဆံပင်က အနက်နှင့်နီကျင်ကျင်အရောင်တို့ရောနှောလျှက်ရှိပြီး အလည်တည့်တည့့်တွင်အကြေတွန့်ဖွထားကာ နောက်သို့လှန်သိမ်းထားသည့်တိုင် သူ့ရဲ့ဖြူဝင်းနေသည့့်အသားအရည်ကြောင့် အရုပ်ဆိုးသွားသည်မရှိ..။
မျက်ခုံးတန်းတို့က စိမ်းညို့နေကာ နှာတံကဖြောင့်စင်းနေ၏။
နှုတ်ခမ်းပါးခပ်ရဲရဲနှင့် မေးချွန်ချွန်တို့က ဆွဲဆောင်နိုင်စွမ်းကာ သူ့ရဲ့စူးရှရှမျက်လုံးတို့ကြောင့် ဂျစ်ပစီဆန်နေသည့်တိုင် ရင်ခုန်ဖို့ကောင်းတာတော့ ဝန်ခံရပါမည်။
ဒါကြောင့်လည်း နန်းဆန်သူ ကြိုက်မိတာမဆန်း..။
ထို့ပြင် နန်းဆန်သူအဖေက ဥက္ကဌဖြစ်သလို သူရိန်တို့မိဘတွေနှင့်လည်းရင်းနီးကြသောကြောင့် ရွာကလူတွေကလည်း သူတို့ကိုတွဲစလေ့ရှိ၏။

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now