part-11(unicode)

5.5K 201 1
                                    

" အချစ်ရေး အချစ်ရာ..."

   အခန်း-(11)

" ဒါဆို အန်တီသန္တာဦးနဲ့ မေမေက ငယ်သူငယ်
ချင်းအရင်းကြီးတွေပေါ့..."

ပိုပို တို့စရာအတွက် သခွားသီးစိတ်လေးတွေ
လှီးနေရာမှ မေးတော့ မေမေက ခေါင်းညိတ်ပြ
၏။
ရေဆေးပြီးသား ပဲစို့တွေကို ဇကာခြင်းထဲထည့်
ကာ ရေစစ်ထားလိုက်ရင်း...

" မတွေ့ဖြစ်ကြတာတော့ နှစ်တွေတောင်ချီနေပြီ
....သန္တာ့အဖေ ဆုံးတော့ သန္တာတို့သားအမိက
သူ့အမေရွာကိုပြန်ပြောင်းသွားကြတာ...သန္တာ့
အဖေဘက်မှာ သူတို့က လိုက်နေကြတာကိုး...
အဲ့တုန်းက အမေကလည်း အမေရဲ့အဖေဘက်
က အဖိုးအဖွားတွေဆီမှာပဲ အနေများခဲ့တော့
ကျေးတောကွင်းရွာက အမေ့ရဲ့ဇာတိလို့တောင်
ပြောရလောက်အောင်လေ...အဖွားတို့ဆုံးတော့
မှ အမေ့ရဲ့အမေ သမီးရဲ့အဖွားတွေရှိတဲ့ဒီရွာမှာ
ပြန်လာနေတာ...သမီးအဖေနဲ့လည်း ဒီရွာပြန်
ရောက်မှတွေ့တာလေ..."

" သြော်...ဟုတ်..."

" သန္တာနဲ့အမေက တကယ့်ညီအစ်မအရင်းတွေ
လို ချစ်ခဲ့ကြတာ...သူ့အိမ်ဆိုတာလဲ အမေ့အ
တွက် စားအိမ်သောက်အိမ်လိုပဲ...သူတို့ပြောင်း
သွားပြီးတဲ့နောက်ပိုင်း ဝေးသွားကြတာ...အဲ့
တုန်းက ခုလောက်လဲ တယ်လီဖုန်းတွေဘာတွေ
သိပ်မရှိခဲ့တော့ အဆက်အသွယ်တွေပြတ်ကုန်
ကြတာ...နောက်ပိုင်းကျတော့လဲ ကိုယ့်အိမ်
ထောင်ရေးတွေ သားရေးသမီးရေးတွေနဲ့ သတိ
ရဖို့တောင် မအားတော့ပါဘူး...သူ အိမ်ထောင်
ကျတာလဲ အမေမသိသလို...အမေ့အကြောင်း
တွေလဲ သူ ဘယ်သိတော့မလဲ...သန္တာက
အရမ်းအေးချမ်းပြီး အရမ်းလဲကြိုးစားလိုစိတ်ရှိ
တယ်...သူက ဆရာဝန်ဖြစ်ချင်တာလေ...ဒါပေမဲ့
သူ့အဖေသေတော့ သားအမိနှစ်ယောက်တည်း
ကျန်တော့တာပေါ့...အဲ့ဒါကြောင့် သူ့အမေကိုငဲ့
ညှာပြီး ပညာရေးကိုလက်လွှတ်ခဲ့တာ...ဒါပေ
မယ့် သူ့ယောက်ျားကတော့ ဝန်ထမ်းပဲ...မြေ
တိုင်းစာရေးလေ...ပြီးတော့ သန္တာက အရမ်းလဲ
ဇွဲရှိတာ...သူ ဆရာဝန်မဖြစ်ခဲ့ပေမယ့် သူ့သား
ကိုတော့ ကောင်းကောင်းပုံသွင်းပေးခဲ့တယ်...
ဒါက ပိုပြီးတော့တောင် ကြည်နူးပီတိဖြစ်ရတာ
ပေါ့..."

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now