part-15(unicode)

5.1K 173 2
                                    

" အချစ်ရေး အချစ်ရာ "

အခန္​း-(15)

" နင့်အကိုလေးကလဲ မထင်ရဘူးနော်...ငါဖြင့်
အဲ့လောက်ထိ သူ နူးညံ့လာပြီဆိုတာ နင်ပြော
လို့သာ ယုံရတယ်..."

မြယွန်းစကားကြားတော့ ပိုပိုလည်း ပြုံးလိုက်
မိ၏။

" ကိုကိုက ပြောင်းလဲလာတာတော့ အမှန်ပဲဟ..
အရင်က ငါနဲ့ဖုန်းပြောရင် သိပ်မကြာဘူး...လို
အပ်တာလောက်သာပြောပြီး တန်းချသွားတတ်
တာ...ခုတော့ ငါ့အပေါ် နည်းနည်းဂရုစိုက်လာ
တယ်...အရင်ကလို သူ အလိုမကျတာရှိတိုင်း
မအော်တော့ မငေါက်တော့ဘူး...ငါ့ပြောစကား
လေး နည်းနည်းနားထောင်လာတယ်...အဲ့ဒါ
ငါ့ကို အများကြီး ပိုချစ်လာတယ်ဆိုတဲ့ အဓိပ္ပါယ်
ပေါ့နော်..."

" ဟုတ်တာပေါ့...ဟုတ်တာပေါ့..နည်းနည်းလေး
နားထောင်လာတာဟာ အများကြီး ပိုချစ်လာလို့
တဲ့...မှတ်သားထိုက်တဲ့ ညီမျှခြင်းပဲ..."

" အဟင်း..."

ဖုန်းထဲမှာပေမယ့် မြယွန်းအသံက လုံးဝရွဲ့ကျနေ
တာမို့ ပိုပိုပါ ရယ်လိုက်မိ၏။

" ရွဲ့ပါ ချိတ်ပါနော်...နင် တစ်နေ့ ချစ်ရတဲ့သူ ရှိ
လာမှ ငါ့ကို စာနာလာလိမ့်မယ်...ခုတော့ ငါက
အကဲပိုတယ်ပဲ ဖြစ်နေလိမ့်မယ်..."

" ဟုတ်ပါပြီ ဒေါ်သက်ဆက်ချစ်ပိုရယ်...ကျွန်မ
က ခံစားတတ်တဲ့နှလုံးသားမရှိလို့ ခုလိုတွေပြော
မိသွားတာပါ... တောင်းပန်ပါတယ်..."

" သမီးရေ..."

အောက်ထံမှ မေမေ့အသံက အလောတကြီး
ထွက်ပေါ်လာတာမို့ ပိုပို မြယွန်းနှင့် ဖုန်းပြောနေ
ခြင်းကို လက်စသတ်ကာ အပြေးဆင်းလာခဲ့မိ
၏။
မေမေက လှေကားနားမှရပ်ပြီး ပိုပို့ကို စောင့်နေ
လေသည်။

" ဘာဖြစ်လို့လဲ မေမေ..."

ပိုပို့အမေးကြားတော့ ဒေါ်သက်သက်မူ သက်
ပြင်းတစ်ချက်ချလိုက်ရင်း...

" ပန်းနုတို့ အဖွား ဆုံးပြီ..."

" ဟင်..."

မထင်မှတ်ထားသော စကားမို့ ပိုပို မျက်လုံးလေး
ပြူးသွား၏။

" အလှူပွဲနေ့ကတောင် အကောင်းကြီး မေမေ
ရယ်..."

ပိုပို စိတ်မကောင်းစွာ ရေရွတ်လိုက်မိတော့
မေမေကလည်း ခေါင်းညိတ်၏။

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now