part-13(unicode)

5.2K 199 3
                                    

" အချစ်ရေး အချစ်ရာ "

အခန္​း-(13)

" အဲ့ဒါ နင့်အကိုလေးလား..."

" ဟင်..."

မြယွန်းစကားကြောင့် ပိုပိုပါ လှည့်ကြည့်လိုက်
မိရင်း မျက်လုံးလေးတွေ ဝိုင်းစက်သွား၏။
စစ်စိမ်းရောင်လိုလို အရိမ်းရင့်ရောင်လိုလို အင်္ကျီ
လက်ရှည်ကို တံတောင်ဆစ်အထိခေါက်တင်
ထားပြီး မွန်ပုဆိုးအနက်စင်က ခြေဖမိုးပေါ်ထိ
ပုံချထား၏။
ဖြူသည့်အသားရည်က အင်္ကျီအရောင်ကြောင့်
ပို၍ထင်ပေါ်နေကာ ခြေလှမ်းတိုင်းမြင်နေရသည့်
သွေးကြောတွေစိမ်းဖြာနေသည့် ခြေဖမိုးဖြူဖြူက
အစ ယောက်ျားဆန်စွာ ခမ်းနားနေခဲ့လျှက်
အောကတီပါဖိနပ်အစိမ်းနှင့် အားလုံးထဲ
မှာထင်းနေ၏။
မမြင်ဖူးသူလို ငေးကြည့်နေမိရင်း တစ်နေရာအ
ရောက် ပိုပို့အကြည့်တို့ ငေးကျသွား၏။
ယခင်က အကိုလေးခေါင်းထက်မှာ ဂျစ်ပဆီဆန်
စွာ ရှိနေခဲ့ပါသော...စိတ်ရှုပ်တိုင်း လက်ထိုးဖွ
တတ်ခဲ့သော လှိုင်းတွန့်ပုံစံ နီကျင်ကျင်ဆံပင်တို့
နေရာတွင် ဆံပင်နက်နက်လေးတွေကိုမြင်လိုက်
ရသည့်ခဏ ရင်ထဲလှိုက်ခနဲ ခံစားလိုက်ရ၏။
ဆံပင်တိုတို့က နဖူးပေါ်မှာ ဝဲကျနေပြီး ဘေးခွဲ
မကျတကျ ဖြီးသင်ထားကာ ခြေဖျားမှခေါင်းအထိ
ရှင်းသန့်နေ၏။
ယခင် ဂျာကင်အင်္ကျီတွေ ဘောင်းဘီရှည်တွေနှင့်
တုန်းကလည်း မိုက်ရူးရဲဆန်စွာ ချောမောနေခဲ့
သလောက် ယခု အင်္ကျီလက်ရှည် ပုဆိုးနဲ့ကျပြန်
တော့လဲ တည်ငြိမ်စွာ ဖမ်းစားနိုင်ပြန်သည်။

လူကြီးဆန်စွာ တစ်လှမ်းချင်းလှမ်းလျှောက်လာ
ပါသော အကိုလေးကို ပိုပို ငေးကြည့်လို့မဝခဲ့..။
အရပ်ရှည်ရသည့်အထဲ ကိုယ်ဟန်ကခပ်မတ်
မတ် ဗိုက်သားရှပ်ရှပ်နှင့်ဆိုတော့ လမ်းလျှောက်
ပုံကအစ စတိုင်လ်ကျနေခဲ့လျှင်....

" နင်...နင်တောင်းဆိုခဲ့တယ်ဆိုတာ အဲ့ဒါတွေ
လားအသက္​..."

မြယွန်းက ပိုပို့ဘက်ကိုလှည့်ကာ အံ့အားတသင့်
မေးလာတာမို့ ပိုပို ကြည်နူးစွာ ခေါင်းလေးညိတ်
ပြလိုက်မိ၏။

" နံပါတ် တစ်အနေနဲ့ အကိုလေးရဲ့ဆံပင်ပုံစံကို
ပြောင်းလဲပေးရမယ်...အဲ့ဆံပင်ပုံစံကြောင့်
အကိုလေးကို လူတွေ ဂျစ်ပဆီလိုမြင်နေကြတာ
....အနက်ရောင်ပဲပြန်ထားပါ အကိုလေးရယ်...
ခပ်တိုတိုခပ်ရှင်းရှင်းလေးနဲ့ဆို အရမ်းကြည့်လို့
ကောင်းမှာ..."

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now