part-6(zawgyi)

1.6K 22 0
                                    

" အချစ်ရေး အချစ်ရာ "

အခန်း-(6)

" ပျင်းလိုက်တာကွာ...ဒီနေ့ကျမှ မိုးကလည်း
စွေအားကောင်းလိုက်တာ..."

စိုးမိုးက အိပ်ရာပေါ်မှာလူးလှိမ့်ရင်းညည်း၏။

" ဟုတ်တယ်...စိုစိုရွှဲရွှဲကြီးနဲ့တော့ ဘယ်မှ
မထွက်ချင်ဘူး...ခက်တာက အိမ်မှာလည်း ဖင်ပူ
အောင်မနေနိုင်တာပဲ...အိမ်စောင့်နတ်နဲ့ငါနဲ့က
ဟိုဘဝမှာ ရည်းစားလုဘက်တွေများလား..."

" ဟုတ်မှလည်းပြောစမ်းပါကွာ...ခုဘဝတောင်
ပုဆိုးခြုံကွေးရမယ့်ရုပ်လက္ခဏာနဲ့..."

" အောင်မာ..."

အာကာက တန်းလျားပေါ်မှာလဲလျောင်းနေရာမှ
ကိုယ်ကြီးမတ်ကနဲထလာ၏။

" ပြောထားပေါ့ကွာ...နောက်မှ ရွာထိပ်နားက
မင့်းကြီးတော်ကြီးယူပြီး သီတင်းကျွတ်ရောက်
တိုင်း အိမ်ဦးခန်းမှာ မိန့်မိန့်ကြီးထိုင်ပြီး မင်းရှိခိုး
ရအောင်နေပြမယ်..."

" မင်းယူလည်း ကျေနပ်ပြီးသားပဲ...ငါ့ကြီးတော်
က သွေးဆုံးနေပြီ..."

" သူ မင်းကိုလာပြောပြတာလား..."

" အေး...ဟ...ပြောစရာလား...ခွေးကောင်..."

" ဟား...ဟား..."

စိုးမိုးက အိပ်ရာဘေးမှ စာအုပ်နှင့်လှမ်းပစ်ရာ
အာကာက ရှောင်ရင်း တဟားဟားရယ်နေ၏။
ဒီနေ့ အာကာ့အမေက လယ်ထဲသွားသဖြင့်
သူတို့ချည်းပဲမို့ လွတ်လွတ်လပ်လပ်ဖြစ်နေကြ
သည်။
ပြီးတော့ အာကာ့အဖေက အာကာငါးနှစ်သား
အရွယ်တည်းက ဆုံးသွားတာဖြစ်ပြီး သားအမိ
နှစ်ယောက်တည်းမို့ သူရိန်တို့အားလုံးဒီမှာသာ
လူစုတာများသည်။
အာကာ့အမေက သဘောလည်းကောင်းကာ
သူရိန်တို့အားလုံးကို သားအရင်းနှင့်မခြားချစ်ရှာ
ပါ၏။

" ဒီကောင် ငြိမ်ချက်သားကောင်းနေတယ်..."

သူတို့ဘယ်လောက်ရယ်မောနေနေ သူရိန်က
စိတ်ဝင်စားပုံမရဘဲ ဂစ်တာကိုသာ လက်ချောင်း
သွယ်သွယ်တို့နှင့် ထိခတ်နေ၏။

" ထုံးစံအတိုင်း အိမ်ကဖားသားနဲ့ပြသနာတက်
လာတာနေမှာပေါ့..."

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now