part-(23)Unicode

6.9K 194 4
                                    

" အချစ်ရေး အချစ်ရာ "

အခန္​း-(23)

ကတ္တရာလမ်းကနေ ဖဲ့ဆင်းလိုက်တော့ မြေနီ
ခင်းထားသော တောလမ်းလေးတစ်ခုကို ရောက်
သွား၏။
ပိုပို ကားလမ်းအတိုင်းတော့ သွားဖူးပေမယ့်
ဒီဘက်တွေသိပ်မရောက်ဖူးတာမို့ ခုမှပင် ဒီလမ်း
ရှိမှန်း သိရတော့၏။
လမ်းလေးက အနည်းငယ်ကျဉ်းကာ ဘယ်ဘက်
တစ်လျှောက်လုံး ဆည်ကလွှတ်ထားသော ရေ
မြောင်းရှည်ကြီးရှိပြီး ရေမြောင်းရဲ့ဟိုဘက်တွေ
မှာတော့ နွေစပါးခင်းတွေက စိမ်းစိုနေသည်။
ဒီလမ်းလေးက နွေရာသီမို့သာ လမ်းကောင်း
တာဖြစ်ကာ မိုးတွင်းတွေမှာတော့ ရွံ့ထူမှာ
အသေအချာ..။
တောလမ်းလဲဖြစ်သလို သိပ်သွားကြပုံမရှိတာ
ကြောင့် လေတဖြူ းဖြူ းနှင့် တိတ်ဆိတ်နေ၏။
ရှေ့ခပ်ဝေးဝေးမှာတော့ ရထားသံလမ်းတွေ
လှမ်းမြင်နေရပြီး ခုချိန်က ရထားလာတဲ့အချိန်
မဟုတ်လို့ လူသူကင်းရှင်းနေသည်။
သူရိန်က ဆိုင်ကယ်ကို လမ်း၏ညာဘက်
ကုက္ကိုပင်ဝဲဝဲကြီးအောက်မှာ ထိုးရပ်လိုက်၏။

" အ​ေမ့...''

ပိုပို ဆိုင်ကယ်ရပ်ရပ်ချင်း ကပျာကယာ ဆင်း
လိုက်မိတာမို့ ခြေမျက်စိနားက မျက်ကနဲဖြစ်သွား
၏။
နာကျင်မှုကြောင့် မျက်နှာလေးရှုံ့မဲ့သွားတော့
သူရိန်က အနားရောက်လာသည်။

" ဘာဖြစ်သွားတာလဲ..."

အကိုလေးအမေးကြောင့် ပိုပို မျက်နှာကိုပြင်ပြီး
ခေါင်းခါပြလိုက်၏။

" ဘာမဖြစ်ပါဘူး...အကိုလေးဆိုင်ကယ်ကြီးက
မြင့်တော့ ဆင်းရတာ သိပ်အဆင်မပြေဘူး
ဖြစ်သွားတာ..."

ပိုပို ပြန်ဖြေရင်း အကိုလေးမျက်နှာကို အကဲ
ခတ်ကြည့်လိုက်မိ၏။
ခုနက ပိုပို့ကိုစိုးရိမ်သွားသည့်စိတ်နှင့် အကိုလေး
မျက်နှာက အစောပိုင်းကလောက် မတင်းမာ
တော့..။
ဒါပေမယ့် မှုန်တည်နေဆဲပဲဖြစ်ကာ ကုက္ကိုပင်
အောက်ကိုလျှောက်သွားပြီး ပိုပို့ဘက်ကို ကျော
ခိုင်းရပ်နေ၏။
ဘာပဲဖြစ်ဖြစ် အောင့်သွားသည့်ခြေထောက်ကို
ပဲ ကျေးဇူးတင်မိသည်။
ခဏကြာတော့ နာကျင်မှုမရှိတော့တာမို့ ပိုပို
အကိုလေးရှိရာ လျှောက်လာခဲ့၏။

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now