Part - 1

6.4K 346 11
                                    

2018 ခုနှစ် နိုဝင်ဘာလ ၁၅ရက်

ဟီဆွန်းကျောင်းမတက်ဖြစ်တာ
၆လကျော်ပြီဖြစ်သည်။

အခုလည်း သူများတကာတွေ
ကျောင်းတက်ဖို့
သွားနေရချိန်
သူကလွယ်အိတ်တစ်လုံး၊ဖိနပ်တစ်ရံနဲ့
သူ့ကုမ္ပဏီကိုလေ့ကျင့်ဖို့ထွက်လာရသည်။

ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ငယ်စဉ်ထဲက
တွေ့ရှိခဲ့လို့ တစ်စိုက်မတ်မတ်
လမ်းတစ်ခုထဲကို လျှောက်လှမ်းခဲ့ပေမယ့်
လမ်းကြောင်းကတော့ ဖြောင့်တန်းမနေခဲ့ဘူး။

ဟီဆွန်းကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည်။
ဒါပေမယ့်တစ်နေ့ထက်တစ်နေ့ ကိုယ်နဲ့
အိမ်မက်တူ
ကိုယ်နဲ့အရည်အချင်းတူတဲ့လူတွေ
နေရာတိုင်းမှာပေါ်ထွက်နေသည်။
ဟီဆွန်းအတွက်မူအခွင့်အလမ်းက ပေါ်မလာသေးချေ။

ကိုယ့်သူငယ်ချင်းတွေ
တူတူစား တူတူလေ့ကျင့်ခဲ့တဲ့အစ်ကိုတွေ
စင်မြင့်ပေါ် တီဗွီပေါ် ဖျော်ဖြေနေချိန်မှာ
ဟီဆွန်းကတော့ တစ်ယောက်ထဲ
အလုံပိတ်ထားတဲ့မှန်ခန်းထဲမှာ။

ဟီဆွန်း သူ့ကိုယ်သူတောင် မသိလိုက်ဘဲ
ဘေးလူတွေ ပြောတဲ့စကားတွေကို
နားယောင်ချင်နေပြီ။

'အီဟီဆွန်း ဘယ်တော့မှ debutမှာမဟုတ်ဘူး'

'အလုပ်မဟုတ်တာကို လုပ်ပြီးအချိန်ဖြုန်းနေတာ
ဘာမှဖြစ်ထွန်းမှာမဟုတ်ဘူး'

'ဘယ်လောက်တော်တော် စန်းမရှိလို့
မအောင်မြင်ရင်
ဘာမှမထူးဘူး အလကား'

ဟီဆွန်းအတွက်ထိုစကားလုံးတွေက
ပြင်းထန်လွန်းတာထက်ပိုသည်။
ကိုယ့်အိမ်မက်ကိုရိုက်ချိုးပြီးစွန့်လွှတ်ဖို့အထိလည်း
ကြံစည်ခဲ့ပြီးပြီဖြစ်သည်။

ငယ်စဉ်ထဲက
အိမ်မက်တစ်ခုထဲကိုပဲတစ်စိုက်မတ်မတ်လျှောက်ခဲ့တော့ စွန့်လွှတ်ရင်ကောင်းမလားဆိုပြီး
တွေးတာတင်် ဟီဆွန်းအတွက်ပင်ပန်းလှပြီ။

အိမ်ကိုဖုန်းဆက်တိုင်း
သတင်းကောင်းစောင့်နေတတ်သည့်
မေမေ့ကိုလည်း ဆက်ပြီးစောင့်ကြည့်ပေးဖို့ပြောရတာပင်ပန်းလှပြီ။

ရေရေရာရာမသိတဲ့ အနာဂတ်ကို
လျှောက်နေရတာလည်း ပင်ပန်းလှပြီ။

Crimson Petals [ COMPLETE ]Where stories live. Discover now