Part - 5

1.8K 258 16
                                    

ဂျယ်ယွန်း ဒီနေ့အရင်ရက်တွေနဲ့မတူဘဲ
ငြိမ်နေလို့ Jayကားမောင်းနေရင်းနဲ့
ဘေးခုံကိုလှည့် လှည့်ကြည့်နေရသည်။

အရင်ကဆို သူမောင်းတဲ့ကားကိုစီးတိုင်း
ဟီဆွန်းသီချင်းတွေကို
အကျယ်ကြီးဖွင့်ကာ
လိုက်အော်ဆိုနေတတ်တယ့်လူက
အခုတော့ လက်ကိုဆုတ်ပြီးတော့
လက်မနှစ်ဖက်ကိုအချင်းချင်းဖိပြီး
ဆော့နေသည်။

ရှင်းရှင်းပြောရရင်
ဂျယ်ယွန်း ဆူညံပြီးပြဿနာရှာနေတာက
Jayကို စိတ်သက်သာရစေသေးသည်။
စိတ်တော့တိုရပေမယ့်။

ဂျယ်ယွန်းက ပွင့်လင်းပြီး ပျော်ပျော်နေတတ်တဲ့ ကလေးလို့ထင်ကြပေမယ့်
အမှန်က သူ့စိတ်ထဲမှာဖြစ်နေတာကို
ဘယ်သူကိုမှမပြတတ်တဲ့လူစားမျိုးပင်။

Jayနဲ့က 15 နှစ်တောင်ခင်လာတဲ့
သူငယ်ချင်းတွေဖြစ်နေလို့သာ တစ်ခါတစ်ရံ
အကူအညီတောင်းတတ်ပေမယ့်
သူမပြောချင်တဲ့ကိစ္စမျိုးဆို
ဘယ်လိုမေးမေး စကားတစ်လုံးမှတောင်
မ ဟတတ်တဲ့ ခေါင်းမာတဲ့ကလေးမျိုးဖြစ်သည်။

ဂျယ်ယွန်းက သူတစ်ခုခုကို
ကြောက်နေရင် ဒါမှမဟုတ်
အရမ်းစိတ်လှုပ်ရှားနေရင်
ဘာမှမပြောဘဲငြိမ်နေရတတ်သည်။

Jayဖြစ်နိုင်ရင် ဂျယ်ယွန်းကို အမြဲသာပျော်နေစေချင်သည်။
ဂျယ်ယွန်းက ဟီဆွန်းကိုအရမ်းသဘောကျနေသည်။ ဟီဆွန်းအကြောင်းပြောရင်
တပြုံးပြုံးနဲ့
တစ်နေကုန်ထိုင်ပြောနိုင်သည်။

သဘောကျတာကို မပြောလိုဘူး
Idolတစ်ယောက်အနေနဲ့
Artist တစ်ယောက်အနေနဲ့ သဘောကျတာက အဆင်ပြေသေးသည်။
ဂျယ်ယွန်းဘက်ကဒီ့ထက်
အခြေအနေတွေခံစားချက်တွေ
အဆင့်တက်လာခဲ့သည်ရှိသော်
ဂျယ်ယွန်းတစ်ယောက် နာကျင်ရမယ့်ကိစ္စတွေရှိလာရင်
Jay မြင်နိုင်မယ်မထင်ဘူး။

______________________

ဂျယ်ယွန်း ဒီနေ့ Jayနဲ့ Studio သွားတဲ့လမ်းမှာ စိတ်လှုပ်ရှားလွန်းလို့
အသက်တောင်ကောင်းကောင်း
မရှူနိုင်ဖြစ်နေသည်။

ဒီနေ့က
Jayရဲ့ clothing line အတွက်
photoshoot လုပ်မယ့်ရက်ဖြစ်သည်။
ဟီဆွန်းနဲ့ ဆောင်းဟွန်း
studio လာမယ့်ရက်ဖြစ်သည်။

Crimson Petals [ COMPLETE ]Where stories live. Discover now