Part - 8

1.4K 215 3
                                    

ဂျယ်ယွန်း နိုးလာတော့
နေမပွင့်တပွင့် အာရုဏ်ဦးသာရှိသေးသည်။
သွေးသွင်းတာပြီးသွားလို့
ဂျီဟွန်းHyungဖြုတ်သွားသည်
ထင်တယ်။
လက်မှာထိုးထားတဲ့အပ်မရှိတော့။

သူ့အိပ်ရာဘေးက ကြမ်းပြင်ပေါ်တွင်
ခေါင်းကိုတစ်ခြားဖက်စောင်းပြီး
မှီကာအိပ်နေသည့်သူတစ်ယောက်
ရှိကြောင်း သူသိသည်။

ဂျယ်ယွန်းကိုယ်တိုင်လည်း
နိုးနိုးချင်း အားမရှိသေးသလို
မျက်လုံးတွေလည်း ကောင်းကောင်းမပွင့်သေးတာကြောင့် ဘယ်သူလဲဆိုတာ
ဂျယ်ယွန်း သတိမထားမိချေ။

ဂျီဟွန်း Hyungပဲဖြစ်မယ်ထင်လို့
သူ ဘေးကစောင်ကိုခြုံပေးဖို့လုပ်ပေမယ့်
သေချာမြင်လိုက်ရတယ့် မျက်နှာတစ်ခြမ်းက ဂျယ်ယွန်းကို သည်းထန်စွာငိုချင်စေသည်။

သူ့ရဲ့ ဟီဆွန်း Hyung က
သူ့ဘေးက ကြမ်းပြင်မှာထိုင်ပြီး
မွေ့ရာကိုမှီကာအိပ်နေသည်။

ဂျယ်ယွန်း တုန်ယင်နေတဲ့ လက်တွေနဲ့
ဟီဆွန်း Hyungရဲ့ ပါးပြင်လေးကို ဖွဖွလေးကိုင်ကြည့်ရင်းနဲ့
မျက်ရည်တွေစီးကျလာသည်။

တစ်ကယ်ပါ
သူတစ်ကယ်လောဘမကြီးချင်ပါ
မဖြစ်နိုင်တာတွေလည်း
မမျှော်လင့်ချင်တော့ပါ။

ချစ်မိသွားတာလည်း သူ
ခံစားရတာလည်း သူပဲမလား။
တစ်စက်မှအပြစ်မမြင်ပေမယ့်
ဒီလို ဂရုစိုက်မှုလေးတွေမြင်ရတော့
သူတစ်ယောက်ထဲ ပိုင်ဆိုင်ချင်သည်အထိ
လောဘတတ်မိသည်။

ဖြစ်နိုင်ရင် ဟီဆွန်း Hyungကို
ဘယ်သူမှမမြင်အောင်
ဖွက်ထားလိုက်ချင်သည်။
ခြေထောက်ကို သံကွင်းစွတ်ပြီး
ဘယ်မှမသွားနိုင်အောင်
သူသိမ်းထားလိုက်ချင်သည်။

ဟီဆွန်း ဘာမှမမြင်ရအောင်
အမြဲမျက်စိကိုအုပ်ထားပြီး
မျက်စိဖွင့်တိုင်း မြင်ရသူက
ဂျယ်ယွန်းတစ်ယောက်ထဲသာ
ဖြစ်စေချင်သည်။

ဒါပေမယ့် သူက
ထိုကဲ့သို့ စိတ်ဓာတ်အောက်တန်းကျသည့်လူမျိုး မဟုတ်သလို။

ဟီဆွန်း Hyung အပေါ်ထားသည့်
သူ့ရဲ့ ခံစားချက်ကလည်း
ဖြူစင်သည်။

ထိုအချိန်အခိုက်မှာတွင်
မျက်လုံးပွင့်လာသော ဟီဆွန်းကြောင့်
ဂျယ်ယွန်းလည်း
လက်ကိုပြန်ရုတ်လိုက်ပေမယ့်
ဟီဆွန်းက အရင်ဖမ်းကိုင်လိုက်သည်။

Crimson Petals [ COMPLETE ]Where stories live. Discover now