Part - 7

1.4K 224 5
                                    

Jay တစ်ယောက် concert hallထဲမှာ
ထိုင်နေရင်း စိတ်ကမသိုးမသန့်ဖြစ်နေသည်။
ဂျယ်ယွန်း အိမ်သာသွားမယ်ဆိုပြီး
ထွက်သွားတာ မိနစ်နှစ်ဆယ်ကျော်နေပြီ။
အခုထိပြန်မလာသေးချေ။

Concert တစ်လျှောက်လုံးလည်း
မျက်နှာကမကောင်း
အိမ်မှာတုန်းကလည်း နေကောင်းတဲ့ပုံမပေါ်တော့ Jayလုံးဝ စိတ်ပူနေပြီဖြစ်သည်။

ဂျယ်ယွန်းကိုသွားရှာဦးမည်ဟု
ဆောင်းဟွန်းကိုပြောတော့
သူ့နဲ့ပါ ဆောင်းဟွန်းလိုက်ခဲ့ပေးသည်။

Backstage က အခန်းတွေကို
ဂျယ်ယွန်းရှိနိုင်မလားဆိုပြီး
လိုက်ရှာပေမယ့် ဘယ်မှာမှမတွေ့။

Jayတော်တော်ပြာနေပြီ။
ထောင့်ဆုံးက သန့်စင်ခန်းတံခါးကိုဖွင့်ကြည့်
လိုက်တော့ Jayပါ တစ်ခါထဲလဲကြတော့
မလိုပင်။

ဂျယ်ယွန်းသည် ကြမ်းပြင်တွင်
ခွေခွေလေးလဲနေသည်။
သတိလစ်နေပုံပေါ်သည်။

Jayလည်း ဂျယ်ယွန်းကို သွားပွေ့ချီဖို့
လုပ်ပေမယ့် သူကိုယ်တိုင်လည်း လန့်ကာ
လက်တွေတုန်ပြီး အားမရှိတဲ့အတွက်
မချီနိုင်။

ဆောင်းဟွန်းက ယိုင်သွားတဲ့ Jayကို
အရင်ဖမ်းထိန်းလိုက်ပြီးတော့
သတိလစ်နေသည့် ဂျယ်ယွန်းကိုချီကာ
ကားပါကင်ကို ပြေးရသည်။

အပြင်ကဝန်ထမ်းတွေလည်း
ဂျယ်ယွန်း သတိလစ်သွားတယ်လို့ကြားတော့ ဘာကူညီရမလဲလာတော့
မေးကြသည်။

Jayနဲ့ဆောင်းဟွန်းကတော့
ဘာမှဂရုမစိုက်နိုင်ဘဲ
ဂျယ်ယွန်းကို ဆေးရုံအမြန်ပို့နိုင်ဖို့သာ
လောနေသည်။

Jayက ကားနောက်ခန်းကို
အရင်ဝင်ထိုင်ပြီး ဆောင်းဟွန်းက
ဂျယ်ယွန်းကို Jayရဲ့ပေါင်ပေါ်
ခေါင်းအုံးခိုင်းပြီးတော့ အနီးဆုံးဆေးရုံကို
အမြန်မောင်းနေရသည်။

ထိုအချိန်တွင်ပင် ဂျယ်ယွန်း
မျက်လုံးနည်းနည်းပွင့်လာသည်။

'ဂျယ်ယွန်း နိုးပြီလား
ဆေးရုံရောက်တော့မယ်နော်
ခနလေး သည်းခံပေးနော်'

Crimson Petals [ COMPLETE ]Where stories live. Discover now