Part - 10

1.4K 207 7
                                    


ဟီဆွန်းက ဂျယ်ယွန်း ခါးကို
လက်နှစ်ဖက်လုံးနဲ့
တင်းအောင်ဖက်ကာထားသည်။

ဂျယ်ယွန်းကတော့
ဟီဆွန်းရဲ့ပုခုံးပေါ်ကို မှီကာ
အသက်ဝဝ ရှူရင်းနဲ့
ဟီဆွန်းဆီက ရနံ့ကို အလွတ်ရအောင်
မှတ်နေသလိုဖြစ်နေသည်။

ဟီဆွန်းက ဂျယ်ယွန်းကို
ပုခုံးကနေ ဖြည်းဖြည်းဆွဲထူလိုက်သည်။
ထို့နောက်
ရဲတောက်နေသည့် မျက်နှာငယ်လေးကို
သူ့လက်ဖဝါးနဲ့အုပ်ကိုင်ပြီးတော့
ကျန်နေသေးတဲ့ မျက်ရည်စလေးတွေကို
သုတ်ပေးနေသည်။

'ဘာလို့ငိုနေတာလဲ ဂျယ်ယွန်းနီရာ
ကိုယ့်ကိုစိတ်မကောင်းဖြစ်အောင်'

ဂျယ်ယွန်းက အတင်းခေါင်းခါပြကာ
ဟီဆွန်းရဲ့ လည်ပင်းနဲ့ ပုခုံးကြားကိုသာ
ပြန်တိုးဝင်လာသည်။

'အိမ်ပြန်ရအောင် Hyung'

ဟီဆွန်းလည်း ခနကြာအောင်ဖက်ထားပြီးတော့ ဂျယ်ယွန်းအဆင်ပြေတာသေချာအောင် မျက်နှာလေးကိုပြန်ကြည့်သေးသည်။

ဂျယ်ယွန်းရဲ့ထိုမျက်ဝန်းနက်နက်နဲ့
စိုစွတ်စွတ်မျက်တောင်ထူထူက
ဟီဆွန်းအတွက် စိတ်လှုပ်ရှားမှုတစ်ခုပင်ဖြစ်သည်။

ဟီဆွန်းမျက်ရည်စက်ကျလာသည့်
ဂျယ်ယွန်းရဲ့မျက်ဝန်းထောင့်ကို
ဖွကာနမ်းရင်း
စက်ထဲကသူတို့နှစ်ဦး၏
ဓာတ်ပုံကိုယူလိုက်သည်။
ထို့နောက်ဂျယ်ယွန်းလက်ကိုဆွဲကာ
အိမ်ကိုနှစ်ယောက်သား
ပြန်လာခဲ့ကြသည်။

ဟီဆွန်းသာ စိတ်လှုပ်ရှားမနေဘဲ
ပုံမှန်အခြေအနေသာရှိနေမယ်ဆိုရင်
သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို
မှတ်တမ်းတင်နေတဲ့ ကင်မရာတစ်ခုကို
သတိထားခဲ့မိမှာပါ။

_______________________

မနက်စောစောအချိန်တွင်ဖြစ်သည်။

ဂျယ်ယွန်းအိပ်ရာပေါ်မှာ
လူးလှိမ့်နေရင်းနဲ့ ဖုန်းသံကြားလို့
ထလာသည်။

'ဟယ်လို'

'နိုးပြီးလား အငယ်လေး'

'ဟင် ကိုကိုလား'

ဂျယ်ယွန်းရဲ့ အစ်ကိုရင်းဖြစ်သူ
ရှင်းမ်ဂျယ်ဟျောင်း ဖုန်းဆက်ခြင်း
ဖြစ်သည်။

Crimson Petals [ COMPLETE ]Where stories live. Discover now