Part - 16

1.4K 219 6
                                    


'သားလေး လာ
မေမေနဲ့လိုက်ခဲ့လေနော်
အောက်မှာ ပျော်စရာတွေအများကြီးပဲ
တူတူဆင်းကြည့်ကြမယ်လေ'

လက်ကနေသွေးတွေ
တတောက်တောက်ကျနေတဲ့
မိန်းမကြီးတစ်ယောက်က
ဂျယ်ယွန်းရှေ့မှာရပ်ပြီး
သူ့လက်ကို ဆွဲကာတောင်အောက်ကို
ခုန်ချဖို့အတင်းခေါ်နေသည်။

ဂျယ်ယွန်း အတင်းရုန်းနေပေမယ့်
သူ့လက်လေးတွေက
ကလေးလက်လေးတွေလို
သေးသေးလေးဖြစ်နေသည်။

' မလိုက်ဘူး လွှတ်လို့
အန်တီက သားမေမေမဟုတ်ဘူး
သားမှာ မာမီရှိတယ်'

ထိုစဉ် ထိုမိန်းမကြီးက
သူ့ကိုတရွတ်တိုက်မြေကြီးပေါ်ကို
ဆွဲခေါ်လာသည်။

ဂျယ်ယွန်းက လက်သည်းနဲ့
ဖိကုတ်လိုက်သည်။
ထိုမိန်းမကြီးက
သူ့လက်ကိုလွှတ်ချလိုက်ပြီးတော့
ဂျယ်ယွန်းမျက်နှာကို
သွေးတွေနဲ့လာသုတ်သည်။

'ငါနင့်ကို ရအောင်လာခေါ်မှာ
နင်မှတ်ထား'

ဆိုပြီးတော့ ထိုအဒေါ်ကြီးက
နောက်ပြန်လမ်းလျှောက်သွားပြီး
တောင်အောက်ကိုခုန်ချသွားသည်။

ဂျယ်ယွန်း မြေပြင်ပေါ်မှာ
စီးကျနေသည့်ထိုမိန်းမကြီးရဲ့သွေးတွေကို
ကြည့်နေသည်။

သူ့ လက်ကိုငုံ့ကြည့်လိုက်တော့လည်း
သွေးတွေရွှဲနှစ်ကာ
အနီရောင်ပွင့်ဖတ်တွေနှင့်ဖြစ်သည်။

ထိုအချိန်တွင် ရုတ်တရက်
အမှောင်ကျသွားသည်။
ဂျယ်ယွန်း အလုံပိတ်ထားတဲ့
အမှောင်ခန်းထဲပြုတ်ကျသွားသလိုပင်။

ဂျယ်ယွန်း ထိုနေရာမှာ
တစ်ကိုယ်လုံးကြုံကာ
ငုတ်တုတ်ထိုင်နေမိသည်။

'ကြောက်တယ် ကြောက်တယ်'

"ရှူး ဘာမှမဖြစ်ဘူး
ကိုယ်ရှိတယ်လေနော်
ကိုယ်ဘေးမှာရှိနေတယ်နော်
ကြောက်စရာမလိုဘူးနော်"

ထိုအသံကြားရသည်နှင့်ပင်
ဂျယ်ယွန်းကြောက်စိတ်ပျောက်သလို
ဖြစ်ရသည်။
သူ့ကျောကိုတစ်ယောက်ယောက်က
ပုတ်ပေးနေသလိုခံစားနေရသည်။

Crimson Petals [ COMPLETE ]Where stories live. Discover now