Part - 13

1.2K 209 11
                                    


သတင်းစာရှင်းလင်းပွဲပြီးထဲက
ဂျယ်ယွန်းတစ်ယောက်
ဟီဆွန်းHyungဆက်သွယ်လာမှာကို
စောင့်နေခဲ့သည်။

တစ်ရက် စောင့်သည်။
နှစ်ရက် စောင့်သည်။

ထိုရက်တွေမှာ
အခန်းထဲက ဂျယ်ယွန်းမထွက်ခဲ့သလို
လာပို့တာတွေလည်း ဘာမှမစားခဲ့ချေ။

ဂျီဟွန်း Hyung သွင်းပေးတဲ့ dripတွေနဲ့ပဲ
ထိုကြာရှည်လှတဲ့ရက်တွေကို
သူဖြတ်သန်းခဲ့ရသည်။
သူ့ဖုန်းကိုသာ တစ်နေကုန်ထိုင်
ကြည့်ပြီးတော့
ဟီဆွန်းHyungဆီက
ဖုန်းကို စောင့်နေခဲ့သည်။

သုံးရက်မြောက်နေ့အထိ
သူသည်းခံပြီးစောင့်ဆိုင်းခဲ့သည်။
ဖုန်းခေါ်စရာတောင်မလိုပါဘူး။
ဒီတိုင်းMessage လေး
တစ်စောင်လောက်ကိုပဲ
သူမျှော်လင့်နေခဲ့တာပါ။

ဒါပေမဲ့ ဘာဆိုဘာမှ
သူ့ကိုဆက်သွယ်လာခြင်းမရှိခဲ့ဘူး။

ဂျယ်ယွန်း သုံးရက်မြောက်နေ့မှာ
လုံးဝစိတ်မထိန်းနိုင်ကာ
စိတ်တိုလာတော့ သူ့ဖုန်းကိုပေါက်ကာ
ပစ်ခွဲလိုက်မိသည်။

တစ်စစီကွဲသွားတဲ့ဖုန်းလေးကို
ဂျယ်ယွန်း ကောက်ကာ
အမှိုက်ပုံးထဲသွားပစ်လိုက်သည်။

ပျက်စီးနေတဲ့အရာတွေက
ပြင်ချင်တိုင်းပြင်လို့လွယ်မှမလွယ်တာ။
ဥပမာ ရစရာမရှိတော့တဲ့
သူ့နှလုံးသားလိုပေါ့။

ဂျယ်ယွန်း ညနေဖက်ဝရန်တာမှာ
ထိုင်နေတုန်း
ဆောင်းဟွန်းက နောက်ကမှန်တံခါးကို
လာခေါက်သည်။

'ဟီဆွန်း Hyung ဆီကဖုန်း'

ဂျယ်ယွန်းလည်း ဆောင်းဟွန်းဆီက
ဖုန်းကိုယူလိုက်သည်။

'ဟယ်လို'

ထိုအသံလေးကိုကြားရဖို့ကို
အရမ်းမျှော်လင့်ခဲ့ပေမယ့်
တစ်ကယ်ကြားရတော့လည်း
ဘာမှမခံစားရချေ။

သူကိုယ်တိုင်လည်း ရင်ထဲခံစားနိုင်စွမ်း
ပျောက်ဆုံးနေတာမလို့နေမည်။

'ဂျယ်ယွန်းနား
ကိုယ် အရမ်းသတိရနေခဲ့တာ'

'အင်း ကျွန်တော်ရောပဲ'

'နေ့လည်ထဲကဂျယ်ယွန်းနီ
ဖုန်းကိုဆက်တာမကိုင်လို့'

'ဖုန်းကပြုတ်ကျပြီးကွဲသွားလို့'

Crimson Petals [ COMPLETE ]Where stories live. Discover now