Part - 6

1.5K 243 4
                                    

'Hyung ဒီည ကျွန်တော့်အိမ်မှာပဲ
အိပ်ပါလား'

ဂျယ်ယွန်းပြောပြီးမှ
သူ့ကိုယ်သူ အံ့ဩသွားသည်။
ဘာလို့အဲ့လိုကြီး ပြောလိုက်မိပါလိမ့်။

ဟီဆွန်း Hyung ကလည်း
သူ့ကိုတစ်ကယ်ပြောနေတာလား
ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေပြန်သည်။

'ဟို- ဟိုလေ
Hyungက သောက်ထားတော့လေ
ကားမမောင်းသင့်ဘူးလို့ထင်လို့လေ
Idolဖြစ်နေတော့လေ
အန္တရာယ်လည်းရှိမှာစိုးလို့
တစ်ခုခုဆို Hyung ထိခိုက်မှာစိုးလို့ပါ'

'အဲ့တာဆို
ကိုယ်ဒီညဒီမှာပဲအိပ်တာပေါ့'

ဟီဆွန်းက ငြင်းလိမ့်မယ်လို့
တစ်ထစ်ကျ တွက်ထားတယ့် ဂျယ်ယွန်းက
လက်ခံလိုက်တဲ့ ဟီဆွန်းကိုကြည့်ပြီး
ယောင်တောင်တောင်။

'ဒါ- ဒါဆို အပေါ်ထပ်က
ကျွန်တော့်ဘေးအခန်းမှာ
လွတ်နေတဲ့ အခန်းရှိတယ်
အဲ့မှာဆို အဆင်ပြေလောက်လား Hyung'

'ရတယ်လေ
အဲ့တာဆို ကိုယ့်ကိုယ်လမ်းပြပါဦး'

'ဟုတ် ဒီဘက်'

ဂျယ်ယွန်းလည်း ဟီဆွန်းကို
အပေါ်ထပ်ကိုခေါ်သွားသည်။
ဂျယ်ယွန်းနောက်ကနေ လှေကားကို
လိုက်တက်ရင်းနဲ့

"အောက်မှာရောက်နေပြီ
ဆင်းခဲ့တော့" ဟု message ပို့လာပြီး
သူ့ကိုအိမ်လိုက်ပို့ဖို့
လာခေါ်တဲ့Manager ကို ဟီဆွန်းက

'ပြန်လိုက်တော့
ဒီည ဒီမှာပဲအိပ်တော့မယ်'

ဆိုပြီး ပြန်ပို့လိုက်ရင်း
ရှေ့ကလှုပ်စိလှုပ်စိနဲ့
လှေကားကိုတက်နေတယ့်
ဂျယ်ယွန်းလေးကိုသာကြည့်ကာ
နောက်ကနေ လိုက်သွားသည်။

ဂျယ်ယွန်း Penthouse က
တစ်အိမ်လုံး အဖြူရောင်၊
အနက်ရောင်၊အနီရောင်နဲ့သာ ပြင်ဆင်ထားသည်။

တံခါးတွေက အကုန်အနက်ရောင်ပေမယ့်
လျှောက်လမ်းရဲ့ အဆုံးကအခန်းကတော့
တစ်ခုထဲ ထူးခြားစွာ အနီရောင်နဲ့ဖြစ်သည်။

'ဟိုအခန်းက ဘာခန်းလဲဂျယ်ယွန်းနီ
Home theater လား
တစ်ခန်းထဲတံခါးကအနီရောင်ဖြစ်နေလို့'

'ဘာမှမဟုတ်ဘူး Hyung
ဒီတိုင်း ပိုလှမယ်ထင်လို့လုပ်ထားတာ
ဘာမှမရှိဘူး'

Crimson Petals [ COMPLETE ]Where stories live. Discover now