Finale

2.5K 232 28
                                    

ဂျယ်ယွန်း သူ့ရှေလာရပ်တဲ့
ခြေထောက်တစ်စုံကြောင့်
မော့ကြည့်လိုက်သည်။

ထိုတစ်ယောက်က
'သူ' သာဖြစ်သည်။

ဂျယ်ယွန်းနဲ့ တူတဲ့လူဆိုပြီး
ပထမ ထင်ခဲ့ပေမယ့် အမှန်တော့
သူတစ်ယောက်ထဲပင်ဖြစ်သည်။

သူမမှတ်မိတဲ့ အတိတ်ရဲ့ အစိတ်အပိုင်းတစ်ခုမှာ ရှင်သန်ခဲ့တဲ့သူ ဖြစ်သည်။

မျက်ဝန်းထဲက သွေးတွေစီးကျနေပေမယ့်
ဘယ်လောက်ဝမ်းနည်းနေလည်းဆိုတာ
ထိုမျက်ဆံနက်တွေမှာ ထင်ဟပ်နေသည်။

'ဘာတွေဖြစ်ခဲ့လဲဆိုတာ
ငါ့ကိုပြောပြပေးလို့ရမလား' ဆိုပြီး
ဂျယ်ယွန်းမေးလိုက်သည်။

အတိတ်က 'သူ' ကပင်
ဂျယ်ယွန်းနားကပ်လာပြီးတော့
မျက်လုံးထဲကိုစိုက်ကြည့်နေသည်။

ဂျယ်ယွန်း ထိုသွေးစွန်းနေသည့်
မျက်ဝန်းတွေကိုပြန်စိုက်ကြည့်ရင်းနဲ့
တွင်းနက်ထဲပြုတ်ကျသွားသလို
ခံစားလိုက်ရသည်။

ဂျယ်ယွန်း မျက်လုံးပြန်ဖွင့်လိုက်တော့
မည်းမှောင်နေသည့် အခန်းထဲကို
ရောက်နေပြန်သည်။

"ရပါတယ်ဗျ ကိစ္စမရှိပါဘူး
လျော်ပေးစရာမလိုပါဘူးဗျ
ကျွန်တော် အဆင်ပြေပါတယ်
ဂျယ်ယွန်း..ရှီး"

ဂျယ်ယွန်း ရင်းနှီးနေသည့် အသံကြားလို့
လှည့်ကြည့်လိုက်တော့
ပြုံးကာပြောနေသည့်
အစ်ကိုဟီဆွန်းဖြစ်သည်။

"အေးနေပြီလား"

ခုနကဘေးခုံမှာထိုင်ကာရှိနေသည့်
အစ်ကိုက အခုသူ့ရှေ့မှာရှိနေပြီး
ဖြည်းဖြည်းချင်းကပ်လာကာ
မာဖလာပတ်ပေးနေသည်။

"နိုးပြီလား ငယ်လေး"

သူက အခု အစ်ကိုဟီဆွန်းရဲ့ရင်ခွင်ထဲမှာ
ရှိနေပြီးတော့ သူကအစ်ကိုကိုလည်း
ဖက်တွယ်ထားသေးသည်။

ဂျယ်ယွန်း ဘာတွေဖြစ်နေလဲဆိုတာ
နားမလည်ခဲ့ပေမယ့်
အခုတော့ သဘောပေါက်ပြီထင်သည်။

သူမေ့နေသည့် အချိန်အပိုင်းအခြားတစ်ခုမှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ
အကုန်လုံးကို တစ်ခုချင်းစီ
ပြန်မြင်နေရခြင်းပင်။

Crimson Petals [ COMPLETE ]Where stories live. Discover now