Part - 3

1.8K 272 13
                                    

Ramyeon တူတူစားကြမလားဆိုပြီး
သူ့ကိုလာမေးတာက
အီဟီဆွန်း ဟုတ်ပါတယ်နော် ??

ဟီဆွန်းသူ့ပုခုံးကိုပုတ်ပြီးလာခေါ်တုန်းက
ဂျယ်ယွန်း အံဩလွန်ပြီး
ကြောင်တောင်တောင်နဲ့
ဟီဆွန်းနောက်လိုက်သွားသည်ကိုသာ
မှတ်မိလိုက်သည်။

ကျေးဇူးတင်စကားမပြောနဲ့
စကားတစ်ခွန်းတောင်ပြန်ပြောမိရဲ့လား
ဂျယ်ယွန်းစဉ်းစားနေရတယ်။
ခေါင်းငြှိမ့် ခေါင်းခါတော့
လုပ်လိုက်မိတယ်ထင်တာပါပဲ။

ဂျယ်ယွန်းကမှားတဲ့လူဆိုတော့
တောင်းပန်ပြီးသူကဝယ်ကျွေးသင့်ပေမယ့်
သတိကလွတ်​နေတော့
ဘယ်လိုဖြစ်သွားမှန်းတောင်မသိလိုက်။

ဂျယ်ယွန်း အတွေးထဲမှာ ဟီဆွန်းကဘေးမှာရှိတယ်ဆိုတာပဲသိသည်။
မျက်နှာကိုခေါက်ဆွဲဗူးရဲ့
ရေနွေးငွေ့လာဟပ်မှ
သူသတိကောင်းကောင်းပြန်ကပ်တယ်။
ကြားမှာဘာဖြစ်သွားလည်းတော့
မမေးပါနဲ့
သူလည်းမသိလိုက်ပါဘူး။

သူ့ရှေမှာတော့
ခေါက်ဆွဲဗူး နဲ့ Tteokbokiတစ်ဗူး
ဘယ်လိုယူပြီးပြုတ်လိုက်မှန်းမသိပေမယ့်
အငွေ့တထောင်းထောင်းနဲ့။

ဘေးကသူ့ရဲ့ဟီဆွန်း Hyungကတော့
Mask အမည်းလေးကိုဖြုတ်ပြီး
စားကြရအောင်လို့ပြောတော့
ဂျယ်ယွန်းတစ်ယောက်
ပူနေတာကိုမေ့ပြီး
ခေါက်ဆွဲဗူးကိုကောက်ကိုင်ပြီး
မော့ဖို့လုပ်လိုက်မိသည်။

ပူကျစ်နေတော့
လက်ထဲကခေါက်ဆွဲဗူးကစားပွဲပေါ်ပြုတ်ကျပြီး
အရည်တွေကလက်ပေါ်ကျ။

ဂျယ်ယွန်းလက်ပူသွားတာ
သတိထားလိုက်မိပေမယ့်
ဘေးကဟီဆွန်းကို​ပါပေမှာစိုးလို့
လှည့်ကြည့်မိသည်။

ရုတ်တရက်
သူ့လက်ကိုအတင်းဆွဲပြီးကြည့်တဲ့
ဟီဆွန်းHyung

'ဘာဖြစ်သွားသေးလဲ
ပူသွားသေးလား ?
ဒီလောက်ပူနေတာကိုကွာ'

" WAIT WHAT ????
IS LEE HEESEUNG HOLDING MY HAND ?? THE MIGHTY LEE HEESEUNG ?? HE IS HOLDING MY HANDS!!!!!!
Agggggghhhhhhh"

ဂျယ်ယွန်းစိတ်ထဲမှာ အော်ဟစ်နေရင်း
အပူလောင်သွားတာကိုမေ့ပြီး
မျက်မှောင်ကြီးကြုံ့ကာ
Tissue နဲ့သူ့လက်ကိုဖွဖွလေးသုတ်ပေးနေတဲ့ ဟီဆွန်းHyung ကိုသာ
ဂျယ်ယွန်းစိုက်ကြည့်နေမိသည်။

Crimson Petals [ COMPLETE ]Where stories live. Discover now