Part - 18

1.3K 210 23
                                    

ဂျယ်ယွန်း ဖုန်းတွေဆက်တိုက်ဆက်ကာ
အလုပ်ရှုပ်နေသည့် ဆောင်းဟွန်းနှင့် Jayကို
လိုက်ကြည့်နေသည်။

ဘာလို့သူတို့မျက်နှာတွေက
တစ်ဖြည်းဖြည်းစိတ်ပူတဲ့ပုံပေါက်လာရတာလဲ။

'ဘာဖြစ်လို့လဲ Jay'

'ဟင်- အော်ဘာမှမဖြစ်ပါဘူး
ဒီတိုင်းဖုန်းနဲ့လူနဲ့မရှိလို့လားမသိဘူး
ဟီဆွန်း Hyungဖုန်းမကိုင်လို့'

'အော် အင်း'

ဂျယ်ယွန်းဆေးရုံကုတင်ပေါ်မှာပဲ
ထိုင်နေမိသည်။

ဘာဖြစ်လို့ သူနဲ့ချွတ်စွတ်တူနေတဲ့လူက
ဘာလို့ ဟီဆွန်းဆိုတဲ့အစ်ကိုကို
ရှာခိုင်းနေတာလည်း သူဝေခွဲမရဖြစ်နေသေးသည်။

ဒါပေမယ့်လည်း
သူခုနက "ဟီဆွန်းHyungကိုရှာပေးပါ"ဆိုတဲ့ အသံကြားလိုက်ရတုန်းက
သူ့ရင်တွေကွဲမတတ်ပင်။

သူ့ကိုဘာလို့ သူစိမ်းတစ်ယောက်က
အဲ့လောက်ထိစိတ်ကိုဖမ်းစားနေရတာလဲ
နားမလည်နိုင်တော့ချေ။

ဂျယ်ယွန်းပိုပြီးစိတ်ထဲရှုပ်နေရတာက
ခုနကမြင်လိုက်ရတဲ့
'သူ' နဲ့တူတယ်လို့ထင်နေတဲ့လူကြောင့်
ဖြစ်သည်။

သူ့ကို ဘာလို့ ထိုတစ်ယောက်က
အစ်ကိုဟီဆွန်းကိုရှာခိုင်းနေရတာလဲ ?
ဘာလို့ရော သူကလည်း
အဲ့အစ်ကိုနာမည်ကြားတာနဲ့တင်
ရင်ထဲလေးလာရတာလဲဆိုတာ
နားမလည်နိုင်တော့ချေ ?

ဆောင်းဟွန်းက ဖုန်းဆက်နေရင်းနဲ့
Jay နားကပ်သွားပြီးတော့
စကားပြောပြီးချက်ချင်း
အခန်းထဲကပြေးထွက်သွားသည်။

'ဆောင်းဟွန်း ဘယ်သွားတာလဲ?'
ဆိုပြီး ဂျယ်ယွန်းက Jayကိုမေးလိုက်ပေမယ့် Jayမျက်နှာက အရမ်းထိတ်လန့်နေတဲ့ပုံပေါက်နေပြန်သည်။

'ဘာဖြစ်တာလဲ Jay'

'ဘာ-ဘာမှမဖြစ်ဘူး
ငါတို့အပြင်ခနသွားလိုက်ဦးမယ်
မင်းဒီမှာပဲနေခဲ့
ငါ Nurse တွေကိုအကြောင်းကြားခဲ့လိုက်မယ်'

'Jay ငါ့ကိုပြော
ဘာဖြစ်နေတာလဲလို့'

'ဘာမှမဖြစ်ဘူး
ဒီတိုင်း ကိစ္စလေးရှိလို့'

Crimson Petals [ COMPLETE ]Where stories live. Discover now