Part - 2

2K 277 7
                                    

ဟီဆွန်း တစ်လလုံးမနားဘဲ US TOUR ကို
ဆက်တိုက်လုပ်လိုက်မိတော့
တော်တော်ပင်ပန်းနေသည်။

အမှန်ဆိုရင် ဟီဆွန်း Australia Tour လုပ်ဖို့
တာဝန်ရှိသူတွေနဲ့တိုင်ပင်ဖို့သွားရမည်ဖြစ်သည်။

မန်နေဂျာကတော့ခေါင်းပူနေလောက်ပြီ။
ဘာလို့ဆို
ဟီဆွန်းက Australiaသွားဖို့လေယာဉ်ကို မတက်ဘဲ
ကိုရီးယားပြန်ဖို့လက်မှတ်ဝယ်ပြီး
Hotelကနေခိုးထွက်လာချင်းဖြစ်သည်။

ဟီဆွန်းမတတ်နိုင်။
မေမေ့ကိုသတိရသည်။
အဓိက က အိမ်ထမင်း၊
အိမ်ဟင်းစားချင်သည်။
သူနားချိန်လိုအပ်သည်။

နောက်လဆို Korea Tour ကပြန် စတော့မည်။
အဲ့တာတောင်မပြီးသေး
Australia Tour ကိုပါဆက်လုပ်မယ်ဆိုတာကတော့ နည်းနည်းများသည်။

လေယာဉ်ပေါ်ရောက်တော့
ထိုင်ရမယ့်နေရာလိုက်ရှာရင်း
ပြုံးစိစိနဲ့ ကင်မရာ တစ်လုံးကို ကိုင်ရင်း
ကြည့်နေတဲ့ ကောင်လေးကိုတွေ့တော့
ရင်ထဲဒုန်းကနဲ

အဲ့တာ ဂျယ်ယွန်းနီ မဟုတ်လား။

နှုတ်ခမ်းစွန်းတွေကော့တတ်ကာ
စိတ်လိုလက်ရပြုံးနေတဲ့ဂျယ်ယွန်းကို
တွေ့တော့
ဟီဆွန်းတစ်ယောက် အပူတွေငြိမ်းရတယ်။

သူ့အတွက်တည်ရှိနေတဲ့ အပြုံးမဟုတ်ဘူးဆိုတာ ဟီဆွန်းသတိရတော့
အပူလုံးကလည်မျိုမှာနင်နေသလို။

ဟီဆွန်းလည်း ကိုယ်ဟန်သတ်ပြီး
ထိုင်ရမယ့်နေရာရှာတော့
ကံကောင်းစွာပင်
တူတူရှိနေချင်သည့်ကောင်လေး
ဘေးတွင်ပင်ဖြစ်သည်။

ဟီဆွန်းလည်း အိန္ဒြေနဲ့ ထိုင်ခုံကိုသွားပြီး
ပြင်ဆင် ထိုင်ပေမယ့်
ဘေးခုံက ကောင်ငယ်လေးကတော့
ကင်မရာကိုလက်ကမချသေးဘဲ
သူ့အာရုံနဲ့သူ ။

ဘာတွေစိတ်ဝင်တစားကြည့်ပြီးပြုံးနေတာလည်း လို့ပဲသွားပြီးမေးချင်စိတ်ပေါက်သည်။

ဘေးချင်းကပ်ရက်ခုံဆိုတော့
မျက်နှာအမူအရာကလွဲရင်
ဂျယ်ယွန်းနီဘာလုပ်နေတာလည်းကအစ
မြင်နေရသည်။

Crimson Petals [ COMPLETE ]Where stories live. Discover now