Part - 4

1.8K 257 18
                                    

ဂျယ်ယွန်းတစ်ယောက်
ကားနောက်ခန်းမှာ မှောက်ရပ်ကြီးအိပ်ပြီးတော့ ခေါင်းအုံးကိုလက်နဲ့ကိုင်
ပါးစပ်ကို အုပ်ပြီးတော့ ဝူးတူးဝါးတားတွေအော်နေသည်။

Jay ကတော့ ကားမောင်းနေရင်း
နောက်ကြည့်မှန်ကနေဂျယ်ယွန်းကို
ကြည့်ကာ
စုတ်တသတ်သတ်။

Jayကဂျယ်ယွန်းကို လေဆိပ်လိုက်ပို့နေတာဖြစ်သည်။ ဂျယ်ယွန်းမာမီက သူ့သားကိုလာကြိုဖို့ jetလွှတ်လိုက်သည်။
မလာရင်Cardတွေကို ပိတ်ပစ်မည်ဟုပါ
ခြိမ်းချောက်သေးသည်။
မနေ့ကမှ US ကနေပြန်ရောက်တာဖြစ်ပေမယ့် မာမီမသိအောင်ခိုးသွားထားတော့ ခရီးပန်းနေကြောင်းပြောလို့မရလိုက်။

အမှန်ဆိုရင်
ဂျယ်ယွန်းမသွားချင်လို့ ငြင်းမှာဖြစ်သည်။

အခုတော့
သူဟီဆွန်း Hyungရှေ့မှာ
ကြောင်တောင်တောင်လုပ်ခဲ့တာတွေ
အမှားလုပ်ပြီးမတောင်းပန်တာတွေကို
စဉ်းစားပြီးရှက်လို့
တစ်မြေထဲမှာအတူတောင်နေရမှာကို
တွန့်ဆုတ်နေပြီဖြစ်သည်။

ဂျယ်ယွန်းကအသံပလုံးပထွေးနဲ့
'Jay ahh
ငါ ဘာလုပ်ရမလဲ
ရှက်လို့သေတော့မယ်'

'ဘာလုပ်ချင်လို့လဲ
တောင်းပန်ချင်တယ်ဆို
သူ့ကုမ္ပဏီကို ပို့ပေးရမှာလား
ဘာလုပ်ရမှာလည်း'

'လိုက်ခဲ့'

'ဘယ်ကိုလိုက်ခဲ့ရမှာလည်း'

ဂျယ်ယွန်းက ငိုသံကြီးနဲ့
'Australia ကိုငါနဲ့လိုက်ခဲ့
ငါတစ်ယောက်ထဲ ဟိုမှာဆို အဆင်မပြေဘူး'

'ငါမှ မအားတာ
ကိုယ့်ဟာကိုယ်သွား'

ဂျယ်ယွန်း အိပ်နေရာက ထလာပြီးတော့
ကားမောင်းနေတဲ့ Jayပုခုံးနှစ်ဖက်ကို
ဆွဲပြီးရမ်းနေရင်းနဲ့

'လိုက်ခဲ့လို့ပြောနေတာကြားလား
ငါတစ်ယောက်ထဲ မသွားချင်လို့ဆို
လိုက်ခဲ့ပါလို့ ပြောနေတယ်နော်!!!'

ကားကလမ်းလည်ခေါင်မှာ မောင်းနေရင်း
ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်
ဖြစ်နေပြီ။
Jayလည်း စိတ်မရှည်တော့တာနဲ့

'လိုက်မယ်ဟေ
လိုက်မယ်ဟ
လက်ကိုလွှတ် ချီးထုပ်ကောင်ရဲ့
Australia မရောက်ဘဲနဲ့
နှစ်ယောက်လုံးသေလိမ့်မယ်'

Crimson Petals [ COMPLETE ]Where stories live. Discover now