Part-1

5.2K 206 5
                                    

Unicode Version

ယနေ့သည် Chinese Valentine Day ဖြစ်ပါသည်။

ရှောင်ကျန့်တစ်ယောက် ကန်ပေါင်ပေါ်သို့ အပြေးလေးတက်လာခဲ့လိုက်သည်နှင့် သူနှင့်လီရှန်းထိုင်နေကြ ထိုင်ခုံလေး၏အနီးတွင် လီရှန်းက ကန်ရေပြင်ကျယ်ကြီးကို ရပ်ကြည့်ရင်း သူ့ကို ကျောပေးကာ ရပ်နေလေတယ်။

လီရှန်းက သူ့ထက် အရင်ရောက်နေပြီး သူကတော့ ချိန်းထားသည်ထက် ဆယ်မိနစ်ခန့် နောက်ကျပြီးမှရောက်လာခဲ့တယ်။

လီရှန်းက သူ့ကို ပြောထားသည့်အတိုင်း အပေါ်မှ သူအရမ်းကြိုက်သောအရောင် အနီရောင်ရှပ်အင်္ကျီနှင့် စတိုင်လ်ဘောင်းဘီအဖြူရောင်ကို စတိုင်လ်ကျကျဝတ်ဆင်ထားတယ်။ နောက်ကျောဘက်သာ မြင်နေရသော်လည်း လီရှန်းက သိပ်ကိုခန့်ညားလွန်းလှတယ်။

ခြေသံဖွဖွဖြင့် လီရှန်းအနားသို့ သူ တိုးကပ်သွားလိုက်ပြီး သူ၏ လက်နှစ်ဖက်စလုံးနှင့် ကျောပေးကာရပ်နေသည့် လီရှန်းကို သူ သိုင်းဖက်လိုက်တယ်။

သူ့ လက်များနှင့် သိုင်းဖက်ခံထားရသည့်အတွက် လီရှန်းရင်ခုန်လွန်း၍ ကမ္ဘာကြီးပင် တုန်လှုပ်နေသည်ဟုခံစားမိတယ်။

"အကို...."

သူတို့တွေ ချစ်သူဘဝကိုစရောက်ကတည်းက လီရှန်းကို အကိုဟုသာ သူအမြတ်တနိုးပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။ သို့သော် လီရှန်းနှင့်သူကတော့ ရွယ်တူပင်ဖြစ်ကြတယ်။

"Valentine day မှာ နောက်ကျမိတဲ့အတွက် ဒါက တောင်းပန်တာ"

အချိန်မှန်ရောက်နေသော လီရှန်း၏ လည်တိုင်လေးကိုသူက မျက်လုံးစုံမှိတ်ကာ ဖိနမ်းရင်း တောင်းပန်လိုက်တယ်။ လီရှန်း မည်မျှရင်ခုန်နေသည်ကို ဖက်ထားသော လက်ဖဝါး၏ အထိအတွေ့ကြောင့် သူ အတိုင်းသားခံစားနေရတယ်။

"နောက်ပြီး ဒါကတော့ Valentine Present"

သူ ချိုသာစွာပြောပြီး လီရှန်းရဲ့လည်တိုင်လေးကို ဒုတိယအကြိမ်နမ်းဖို့ပြင်တယ်။ ပြုံးပျော်နေမည့် လီရှန်းရဲ့ မျက်နှာကိုကြည့်ကာ နမ်းမည်ဆိုသောအတွေးဖြင့် သူ့မျက်လုံးကိုဖွင့်လိုက်ပြီး လီရှန်းကိုကြည့်လိုက်သည့်အခိုက်.....

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)Where stories live. Discover now