Part-7

1.3K 104 2
                                    

Unicode Version

ရှောင်ကျန့် အိမ်ကို ပြန်ရောက်လာတော့ ညနေဘက်ပိုင်းမှာ လီရှန်းလည်း သူ့ဆီကို ရောက်လာခဲ့တယ်။ လီရှန်းကို သူတွေ့တွေ့ချင်းမှာတော့ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ခပ်တင်းတင်းသာ ဖက်ထားလိုက်မိတယ်။

"ငါ့ရဲ့ မွေးနေ့လက်ဆောင်အဖြစ် အကို ခဏလောက်ဖြစ်ဖြစ် ငြိမ်နေပေးပါနော်"

ထိုသို့ တောင်းဆိုလိုက်ရင်း ဝမ်ရိပေါ်အတွက် ခုန်ခဲ့သည့် သူ့ရဲ့ရင်ခုန်သံများကြောင့် စိတ်ကျဥ်းကျပ်ကာ မျက်ရည်ဝဲမိတယ်။ သူ့ရဲ့ သစ္စာဖောက် ရင်ခုန်သံများအတွက် သူ အရမ်းကိုပင်ပန်းနေခဲ့ရလေပြီ။

လီရှန်းကတော့ သူပြောတဲ့အတိုင်းပင် ထိုအတိုင်း ငြိမ်သက်စွာ ရပ်နေပေးခဲ့တယ်။ သူ့အပြုအမူတွေက လီရှန်းအတွက် လွန်စွာ ထူးဆန်းနေမိတယ်။ ရည်းစားသက်တမ်းတစ်လျှောက်တွင် သူက ထိုသို့ တစ်ခါမျှ မပြုမူခဲ့ဖူးဘူးလေ။

လီရှန်းကို သိုင်းဖက်ထားသည့် သူ့လက်များကို ဖြေလိုက်ပြီးသည့်တစ်ခဏတွင် လီရှန်းက သူ့ကို အေးချမ်းစွာ ပြော၏။ ထို့ကြောင့် သူလည်း ထိုင်ခုံတွင် ပြန်ဝင်ထိုင်လိုက်၏။

"ကျန့် ဘာဖြစ်နေလို့လဲ၊ ကိုယ့်ကို ဖွင့်ပြောချင်လား"

"ဒီနေ့ ငါ့မွေးနေ့ကို သူလုပ်ပေးခဲ့တယ် အကို"

"သူဆိုတာ Valentine Day က လူလား ကျန့်"

လီရှန်းရဲ့အမေးကို ရှောင်ကျန့် ခေါင်းညိတ်ပြလိုက်တယ်။

"သူ့ကို ကျေးဇူးတင်စကားပြောပြီးပြီလား"

"မနက်က ပြောလိုက်ပါတယ်၊ နောက်ပြီး သူနဲ့အတူတူ ငါ မွေးနေ့ကိတ်လည်း လှီးခဲ့တယ်"

"ကိုယ် မလုပ်ပေးနိုင်တဲ့ မွေးနေ့လေးရဲ့ လိုအပ်ချက်တွေကို သူက လုပ်ပေးတယ်ဆိုတော့ ကိုယ် သူ့ကို ကျေးဇူးတင်ရမှာပေါ့"

"မဟုတ်တာ အကိုရယ်"

လီရှန်းသိသည်က သူ့မွေးနေ့ပွဲကို ဝမ်ရိပေါ်က လုပ်ပေးခဲ့သည်ပေါ့။ နောက်တစ်ခု လီရှန်း မသိတာကတော့ သူ့ရဲ့ စည်းကျော်ချင်နေသည့် ရင်ခုန်သံများပင် ဖြစ်၏။

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)Where stories live. Discover now