Part-8

1.2K 103 1
                                    

Unicode Version

"လီရှန်းရှိလား အဒေါ်"

ရှောင်ကျန့်တစ်ယောက် ခါတိုင်းအချိန်ထက် နောက်ကျပြီး သူ့ဆီသို့ လီရှန်းရောက်မလာခဲ့တာကြောင့် ညဘက်အပြင်ထွက်ရတာ မကြိုက်တဲ့ သူဟာ ယခုတစ်ခါမှာ ကိုယ်တိုင်ကိုယ်ကျပင် လီရှန်းအိမ်သို့ လိုက်လာခဲ့မိခြင်းဖြစ်၏။

"အားကျန့် နောက်ကျတယ်နော်"

ဟုတ်ပါ၏။ ယခု ၉နာရီပင် ကျော်တော့မည်လေ။

"ဟုတ်တယ် အဒေါ်၊ ကျွန်တော် လီရှန်းကို ပြောစရာလေးရှိလို့"

လီရှန်းမေမေရဲ့ အရှေ့မှာတော့ လီရှန်းကို သူ နာမည်အရင်းဖြင့်သာ တပ်ခေါ်လေ့ရှိ၏။

"အခန်းထဲမှာ ရှိမယ်ထင်တယ်၊ အလုပ်ကပြန်လာကတည်းက ရေချိုးပြီး အခန်းထဲဝင်သွားတာ၊ အခုထက်ထိ ပြန်မထွက်လာသေးဘူး"

"ဒါဆို ကျွန်တော် သူ့ဆီ ခဏသွားလိုက်ဦးမယ်အဒေါ်"

"အေး....အေး....သွား အားကျန့်၊ ဒါနဲ့ တစ်ခုခု သောက်ပါဦးလား"

"မသောက်တော့ဘူး အဒေါ်၊ ညစာအခုပဲ စားလာခဲ့လို့"

"ဪ...."

ရှောင်ကျန့်က လီရှန်းရဲ့ အခန်းထဲသို့ ဝင်သွားလိုက်တယ်။ အခန်းထဲမှာတော့ လီရှန်းက စာအိတ်များနှင့် အလုပ်ရှုပ်နေခဲ့တယ်။

"အကို"

သူ့ရဲ့ ခေါ်သံကြောင့် လီရှန်းက သူ့ကို လှည့်ကြည့်လာတယ်။

"ဟာ....ကျန့်၊ ကျန့်လိုက်လာတာလား"

"အင်းလေ....အကိုမှ ရောက်မလာတာ"

"ကိုယ် ဒီနေ့ ပင်ပန်းလို့ မနက်ဖြန်မှ လာမလားလို့ပါ"

"ဒါဆိုလည်း ဖုန်းဆက်ပါလားလို့၊ ငါက အကို့ဖုန်းကို ဆက်တော့ အကို့ဖုန်းက စက်ပိတ်ထားတယ်"

"ဪ....ဟုတ်သားပဲ၊ ကိုယ့်ဖုန်း ဘက်ထရီကုန်သွားလို့ အခုပဲသွင်းထားလိုက်တာ ကျန့်ရဲ့၊ ကိုယ်တောင်းပန်ပါတယ် စိတ်မဆိုးပါနဲ့နော်"

"စိတ်မဆိုးပါဘူး၊ ငါက အကို့ကို ပြောစရာလည်းရှိလို့"

"ပြောလေ ကျန့်"

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)On viuen les histories. Descobreix ara