Part-15

1.3K 104 0
                                    

Unicode Version

ရှောင်ကျန့်တစ်ယောက် အလုပ်မှအပြန် ကားမှတ်တိုင်တွင် ပြုံးတုံ့တုံ့မျက်နှာထားလေးနှင့် ဝမ်ရိပေါ်ကို မထင်မှတ်ဘဲ တွေ့လိုက်ရလေ၏။ ထိုခဏလေးအတွင်းမှာလည်း သူ့စိတ်တွေ ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရ၏။ ဒါဟာ ဝမ်ရိပေါ်ကို မြင်တွေ့လိုက်ရသောကြောင့်ပေလား။

"ကဲ... ကျန့်ကော ကားခပါတယ်နော်။ ကျွန်တော် ဒီနေ့ ကျန့်ကောနဲ့အတူတူ လိုက်ပြန်မလို့"

"ဘာလိုက်လုပ်ဖို့လဲ"

"ကျန့်ကောနဲ့ အတူတူပြန်ချင်လို့လေ"

"မင်းမှာကိုယ်ပိုင်ကားရှိနေတာပဲ မင်းကားနဲ့ပြန်ပေါ့"

"ကျွန်တော်က ကျန့်ကောနဲ့အတူတူပြန်ချင်လို့ပါဆိုမှ။ တကယ်လို့ ကျန့်ကောကျွန်တော့်ကို သနားရင် ကျွန်တော့်ကားနဲ့လိုက်ပြန်လေ။ နောက်ပြီး ကျွန်တော် ကျန့်ကောကိုလည်း ပြစရာရှိတယ်"

ဝမ်ရိပေါ်က သူနဲ့အတူတူပြန်ချင်ရုံမျှသာ နှစ်ခါထက်ပိုမစီးဖူးသေးသည့်လိုင်းကားကို စီးရမှာမို့ သူအားတော့နာမိ၏။ ထို့ကြောင့်...

"ကဲပါ... ငါမင်းကားနဲ့ပဲ လိုက်ပြန်တော့မယ်"

"ဟား... ဒါဆို ဒီမှာခဏစောင့်။ ကျွန်တော်ကားသွားယူလိုက်ဦးမယ်"

ကိုလူလည်လေး ဝမ်ရိပေါ်က သူနဲ့အတူတူလိုက်ပြန်ရန် ကားကို သေချာပင် ပါကင်ထိုးထားခဲ့ပါသေး၏။ ဝမ်ရိပေါ်ရဲ့ ကျောပြင်ကိုကြည့်ပြီး သူကြည်နူးမိသော်လည်း သူ့မှာ လီရှန်းရှိနေသည်ဟူသော အတွေးကြောင့် ကြည်နူးမှုလေး ရေရှည်မခံဘဲ ပျောက်ပျက်သွားရ၏။ ထို့နောက်တော့ ဝမ်ရိပေါ်ရဲ့ကားနဲ့အတူ တိတ်ဆိတ်စွာပင် သူလိုက်ပါခဲ့တော့၏။

"ကျွန်တော်သွားချင်တဲ့နေရာကို သွားမယ်နော် ကျန့်ကော"

ဝမ်ရိပ​ေါ်ရဲ့အမေးကို သူ ခေါင်းညိတ်၍သာ တုံ့ပြန်လိုက်တယ်။ ထိုအခါ ဝမ်ရိပေါ်က ကျေနပ်စွာဖြင့် လီဗာကို ဖိနင်းလိုက်တယ်။ သိပ်တောင်မကြာလိုက်ပါ။ ကားကို ခြံဝန်းကျယ်ကျယ်ထဲရှိ ခမ်းနားလှသည့်အိမ်သို့ ဝမ်ရိပေါ် မောင်းဝင်လာလိုက်တယ်။ ထို့နောက်တော့ အိမ်ရှေ့တွင် ကားကို ရပ်လိုက်တယ်။

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)حيث تعيش القصص. اكتشف الآن