Part-17

1.4K 91 0
                                    

Unicode Version

လွန်ခဲ့သော ၅ နှစ်အကြာက . . .

ဝမ်ရိပေါ်တစ်ယောက် ကော်ဖီဆိုင်လေးမှ ထွက်လာပြီး ကားတစ်ခါးကို ဖွင့်နေခိုက် မမျှော်လင့်ထားသော မြင်ကွင်းလေးတစ်ခုကို မြင်တွေ့လိုက်ရ၏။ မိန်းကလေးတွေ အရှုံးပေးရလောက်အောင်ပင် လှရက်နိုင်လွန်းသည့် လူသားတစ်ယောက် ဆိုင်အတွင်းသို့ ငေးကြည့်နေ၏။

ကလေးတစ်ယောက်နှယ် အရုပ်တစ်ခုကို လိုချင်သည့်အကြည့်များနှင့် ထိုလူသားက ဆိုင်အတွင်းရှိ လက်စွပ်လေးကို ငေးကြည့်နေ၏။ လက်ညိုးလေးတစ်ချောင်းကို စိမ်ပြေနပြေကိုက်ရင်း လက်စွပ်လေးကို မျက်တောင်မခတ်လှမ်းကြည့်နေသော ထိုလူသား၏ အကြည့်များက ဘာမှတော့မထူးခြားသော်လည်း ဝမ်ရိပေါ်ရဲ့ရင်ခုန်သံကိုတော့ ဝုန်းဒိုင်းကျဲသွားစေ၏။

ဝမ်ရိပေါ် ထိုသို့ တစ်ခါမျှ ရင်မခုန်ဖူးတာတော့အမှန်ပင်။ ထိုခဏလေးအတွင်းမှာပင် သူဟာ ထိုလူသားကို ချစ်မိသွားပြီဆိုတာလည်း သိလိုက်ရ၏။ မြင်မြင်ချင်းအချစ်ဟာ ဒါကိုပြောတာဖြစ်မယ်။ သိပ်ကို ဆန်းကျယ်လွန်းတာပဲ။ ထို့ကြောင့် ထိုလူသားနှင့်နီးစပ်ဖို့အရေး သူ ကြိုးစားမည်ဟု စဥ်းစားပြီး ဖွင့်လက်စ ကားတံခါးကို ပြန်ပိတ်ကာ ထိုလူသားအနားသို့ သွားရန် သူလှည့်အထွက်...

"ဟာ..."

"အား..."

လှည့်ထွက်လိုက်သည့် အရှိန်နှင့် အဘွားအိုကြီးတစ်ယောက်ကို ဝမ်ရိပေါ် ဝင်တိုက်လိုက်မိတယ်။ အဘွားအိုကြီး လဲကျသွားတယ်။

"အား... လက်ကျိုးပြီလားမသိဘူး။ အား... ကျွတ် ကျွတ်"

ဝင်တိုက်လိုက်မိသည့်အတွက် သူ အဖွားကြီးကို အားမနာမိဘဲ စိတ်ပင်ပျက်မိသွား၏။ အကြောင်းက အဘွားအိုကြီး လဲကျသွားသောကြောင့် ထိုလူသားအနားသို့ သူရောက်နိုင်တော့မည်မဟုတ်ဘူးလေ။

"အဘွား... ဘယ်နားနာသွားလဲ"

"ခြေထောက်က ထလို့ကိုမရတော့ဘူး"

"ကျွန်တော်တွဲပြီး ထူပေးမယ်လေ"

ဝမ်ရိပေါ် အဖွားအိုကြီးကို ပြောရင်း ထိုလူသားကို ထပ်လှမ်းကြည့်လိုက်စဥ်ဝယ် ထိုနေရာလေးတွင် ထိုလူသားရှိမနေတော့ပေ။ ဘယ်များရောက်သွားတာပါလိမ့်။ ဟိုဟိုဒီဒီပင် ရှာလိုက်မိသော်လည်း အရိပ်အယောင်ပင် မတွေ့ရတော့။

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)Where stories live. Discover now