Part-20 (final)

3K 144 1
                                    

Unicode Version

ရှောင်ကျန့်ကို လွန်စွာ သတိရနေသော ဝမ်ရိပေါ်က ရှောင်ကျန့်ရှိရာကို လိုက်မလာခဲ့သော်လည်း လီရှန်းကတော့ ရှောင်ကျန့်ကို တောင်းပန်ဖို့ ရှောင်ကျန့်အိမ်သို့ ရောက်လာခဲ့၏။

"ကိုယ်... ကျန့်ကို လာတောင်းပန်တာပါ"

"မတောင်းပန်ပါနဲ့ လီရှန်း။ ငါကလည်း ဝမ်ရိပေါ်ကို ရင်ခုန်သံစစ်စစ်နဲ့ ချစ်ခဲ့မိပါတယ်"

"ဗျာ.."

"အဲ့ဒါ သူ့ကြွယ်ဝမှုကြောင့် မဟုတ်ဘူးနော်။ သူ့အချစ်ကြောင့်။ သူ့ကိုတွေ့တိုင်း ရင်ခုန်မိတဲ့ ငါ့ကိုငါ မုန်းမိတယ်။ ဒါပေမဲ့ အခုတော့ ငါ့ရင်ခုန်သံတွေကို လွတ်လပ်ခွင့်ပေးလိုက်လို့ရပြီပေါ့"

"ကိုယ် တောင်းပန်ပါတယ် ကျန့်ရယ်။ တောင်းပန်ပါတယ်"

"ငါ့ကို မင်း တောင်းပန်စရာမလိုပါဘူး လီရှန်း။ ငါက မင်းနဲ့ ချစ်သူဖြစ်ခဲ့တဲ့အချိန်အတွင်း ဝမ်ရိပေါ်ကို ရင်ခုန်ခဲ့မိတဲ့အတွက် မင်းကို တော်တော်လေး အားနာခဲ့ရတယ်။ သနားခဲ့ရတယ်။ အဲ့ဒီရင်ခုန်သံတွေကြောင့် တစ်ခါတစ်လေ မင်းမျက်နှာကိုတောင် ငါမကြည့်ရဲခဲ့ဘူး"

"ကိုယ် ကျေးဇူးတွေကို မတော်လှန်နိုင်လို့ပါ။ နောက်ပြီး ကျန့်ကို ရိပေါ်ဆီ တွန်းပို့ပေးခဲ့ပေမယ့်လည်း ကျန့်ရဲ့စိတ်တွေ သူ့ဆီရောက်သွားမှာ ကိုယ်အရမ်းကြောက်ခဲ့ရတယ်"

"မင်းက ကျေးဇူးကြောင့် ငါ့ကို ဝမ်ရိပေါ်ဆီမှာ ရောင်းစားခဲ့တယ်။ ဒီတော့ ငါတို့အချင်းချင်း ကြေသွားပါပြီ။ ငါလည်း မင်းအပေါ်မှာ အကြွေးမရှိတော့ဘူးပေါ့"

ယခုတစ်ခါမှာတော့ ရှောင်ကျန့်ရဲ့စကားတွေက လွန်စွာ ပြတ်သားလွန်းနေ၏။

"ကျန့် ဘာကို ရည်ရွယ်တာလဲ"

"မင်းက လူပီသပါတယ် လီရှန်း။ ဒါပေမဲ့ ချစ်သူတော့ မပီသဘူး။ မင်းကို ငါပြတ်စဲတာ တရားပါတယ်"

လီရှန်း သက်ပြင်းချလိုက်မိ၏။

"ငါ့အပေါ်ကျူးလွန်ထားတဲ့ မင်းအမည်းစက်။ မင်းရှိရက်နဲ့ ဝမ်ရိပေါ်ကို ရင်ခုန်မိခဲ့တဲ့ ငါ့အမည်းစက်။ အဲ့ဒီနှစ်ခုကို သင်ပုန်းချေပြီး ငါတို့အေးအေးချမ်းချမ်း လမ်းခွဲလိုက်ကြရအောင်။ အဲ့ဒါ အရှင်းဆုံးပဲ လီရှန်း"

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)Where stories live. Discover now