Part-6

1.5K 112 9
                                    

Unicode Version

"သက်သာလား အဒေါ်"

"သက်သာတယ်လို့လည်း ပြောလို့မရပါဘူး အားကျန့်ရယ်၊ နည်းနည်းလေး နေသာထိုင်သာရှိတယ်ဆိုရင်ပဲ ကျေနပ်ရတာပေါ့"

အလုပ်ပိတ်ရက်မှာ ရှောင်ကျန့်က လီရှန်း အိမ်သို့  ထွက်လာခဲ့ခြင်းဖြစ်တယ်။ လူနာအတွက် သတင်းမေးရင်းနှင့် မုန့်အနည်းငယ်ကိုပါ သူ ဝယ်လာခဲ့တယ်။

"အားကျန့် အလုပ်ရပြီလို့ သားက ပြောတယ်"

"ဟုတ်ကဲ့....ရသွားပါပြီ အဒေါ်၊ ကျွန်တော်လည်း အဒေါ့်ဆီကို လာချင်နေခဲ့တာ၊ ဒါပေမဲ့ အခုမှပဲ လာဖြစ်တော့တယ်"

"ရပါတယ်ကွယ်....အဒေါ် နားလည်ပါတယ်"

အလုပ်မရှိစဥ်တုန်းက သူ့မှာ ငွေမရှိသောကြောင့် လူနာမေးမလာဖြစ်ခဲ့မှန်း လီရှန်းရဲ့ မေမေ ကောင်းစွာ နားလည်ပါ၏။

"ကျန့်က မေ့မေ့ကို အချိန်တိုင်းမေးနေတာလေ"

လီရှန်းကပါ သူ့ဘက် ဝင်ပြောပေး၏။

"မေမေ သိပါတယ်ကွယ်။ ကဲ...သားတို့ စကားပြောနှင့်ဦးလေ၊ မေမေ ခုနက ဆေးသောက်ထားလို့ ခဏလှဲလိုက်ဦးမယ်၊ အားကျန့်လည်း အချိန်ရတယ် မဟုတ်လား၊ ညနေကျမှ အေးအေးဆေးဆေးပြန်ပေါ့ ဟုတ်လား"

"ဟုတ်ကဲ့ အဒေါ်"

လီရှန်းရဲ့မေမေ အနားယူနေသောကြောင့် သူနှင့်လီရှန်း ခြံဝန်းလေးထဲသို့ ဆင်းလာခဲ့လိုက်ကြ၏။ လီရှန်းတို့ အိမ်လေးသည် ဘိုးဘွားပိုင်အမွေဖြစ်ပြီး ခြံထဲတွင် ပန်းတွေစိုက်ထားကာ အိမ်ထဲတွင်လည်း သပ်သပ်ရပ်ရပ်ရှိပြီး နေချင်စဖွယ်ကောင်းလှ၏။

"အလုပ်မှာ အဆင်ပြေလား ကျန့်"

"ပြေပါတယ်....အကိုရော"

"အင်း....ကိုယ်လည်း ပြေပါတယ်"

"အကို....အကို့ကို ငါပြောစရာရှိတယ်"

သူ မန်နေဂျာ ရာထူးရသွားအောင် ကူညီပေးခဲ့သူမှာ ဝမ်ရိပေါ်ဖြစ်ကြောင်း လီရှန်းကို သူဖွင့်မပြောရသေးချေ။ ဖွင့်ပြောလိုက်လျှင်လည်း လီရှန်း စိတ်အားငယ်သွားမည်ကို စိုးရိမ်မိသေး၏။ သို့သော် ဖုံးကွယ်ထားရမှာလည်း သူ လိပ်ပြာမလုံပြန်။

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)Where stories live. Discover now