Part-13

1.3K 98 4
                                    

Unicode Version

ကော်ဖီဆိုင်လေးအတွင်း Jewel ရဲ့ Intuition သီချင်းသံက အေးအေးငြိမ့်ငြိမ့်ပျံ့လွင့်နေ၏။ ဝမ်ရိပေါ်က ရှောင်ကျန့်ကိုငေးငေးလေးကြည့်ရင်း သံစဥ်ကို နားစွင့်နေမိတယ်။ ထိုအကြည့်ကြောင့် ရှောင်ကျန့်ရဲ့ရင်ခုန်သံများလည်း ပရမ်းပတာတွေမြန်ဆန်လို့နေလျက်။

"ဘာအတွက်ချိန်းတာလဲ ရိပေါ်"

ဝမ်ရိပေါ်ရဲ့အကြည့်တွေကို တွန်းလှန်ချင်သောကြောင့် သူ့ဘက်ကသာ စကားကိုအရင်စလိုက်တယ်။ တကယ်တော့ ဝမ်ရိပေါ်ခေါ်ဆောင်ရာသို့ သူလိုက်မလာသင့်မှန်းသိသော်လည်း နှုတ်က မလိုက်ချင်ဘူးဟူ၍ ငြင်းဆိုရန် လွန်စွာခက်ခဲနေသောကြောင့် ယခုလို ကော်ဖီဆိုင်ထဲ ရောက်လာခဲ့ရခြင်းဖြစ်တယ်။

"ကျွန်တော်က ကျန့်ကောကို လက်ဆောင်တစ်ခုပေးချင်လို့ပါ"

"ငါ လက်ဆောင်မလိုချင်ဘူး ရိပေါ်"

"ကျန့်ကောရဲ့အချစ်ကိုရဖို့ လူညံ့တစ်ယောက်လို ပစ္စည်းတွေဝယ်ပေးပြီး လာဘ်ထိုးတတ်တဲ့သူတွေစာရင်းထဲမှာ ကျွန်တော်မပါဘူး ကျန့်ကော။ အခု ကျွန်တော်ပေးမယ့် လက်ဆောင်က အဟောင်းကြီးပါ။ နောက်ပြီး ဝယ်ထားတာလည်း ကြာလှပြီ"

ဝမ်ရိပေါ်က ပြောပြောဆိုဆိုနှင့်ပင် အသင့်ယူဆောင်လာသော လက်စွပ်ဘူးလေးကို စားပွဲပေါ်သို့ တင်လိုက်တယ်။

"လက်ဆောင်သက်သက်မဟုတ်ဘူးနော်။ သက်သေပြချင်တာလည်း ပါတယ်။ မနေ့က ကျန့်ကောပြောခဲ့တယ်လေ။ ကျန့်ကောရဲ့ အနမ်းတစ်ခုကြောင့် ကျွန်တော်က ကျန့်ကောကို စိတ်ဝင်စားတယ်ဆိုတာ မှတ်မိလား"

"မှတ်မိပါတယ်"

"အဲ့ဒါကျွန်တော်က မဟုတ်ဘူးလို့ ငြင်းခဲ့တယ်နော်။ အခု ဒီလက်ဆောင်လေးကို ကျန့်ကောဖွင့်ကြည့်လိုက်ပါ။ အနမ်းလေးတစ်ခုကြောင့် ကျွန်တော်ရင်မခုန်တတ်ဘူးဆိုတာ နားလည်သွားလိမ့်မယ်"

ဝမ်ရိပေါ်တင်ပေးလိုက်သော စားပွဲပေါ်မှ လက်စွပ်ဘူးလေးကို သူ လှမ်းယူလိုက်မိတယ်။ ထို့နောက် ဝမ်ရိပေါ်ကိုလည်း တစ်ချက်လှမ်းကြည့်လိုက်သော်...

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)Where stories live. Discover now